Wednesday, August 19, 2015

မန်ယူအတွက် ရွန်းနေ ဂိုးသွင်းနိုင်ပါ့မလား ============================

မန်ယူအတွက် ရွန်းနေ ဂိုးသွင်းနိုင်ပါ့မလား
============================

ပရီမီယာလိဂ်ပွဲစဉ်(၃)ကို သြဂုတ် ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ဆက်လက်ဆင်နွှဲပါလိမ့်မယ်။ ဒီတစ်ပတ်ပွဲစဉ်မှာ ထိပ်တန်းကလပ်တွေရဲ့ ဂိုးသွင်းဘုရင်တွေဖြစ်တဲ့ ရွန်နေနဲ့ ကော်စတာတို့ သူတို့ရဲ့ ဒီနှစ်ပရီမီယာလိဂ်ဂိုးတွေ စတင်သွင်းယူနိုင်မလား ကြည့်ရမှာဖြစ်ပါတယ်။ ပရီမီယာလိဂ်ပွဲစဉ်(၂)ပွဲ ပြီးဆုံးပြီးဖြစ်ပေမယ့် ခြေစွမ်း ပိုင်းအားရစရာမရှိသေးတဲ့ မန်ယူကိုလည်း ရင်ပူစွာနဲ့စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မန်ယူနှင့် နယူးကာဆယ်

မန်ယူရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရမယ့်ပွဲဖြစ်တာ ကြောင့် နယူးကာဆယ်တို့ ပင်ပန်းဦးမယ့်ပွဲပါပဲ။ မန်ယူ ရဲ့ ခြေစွမ်းက သာမန်ပုံစံသာရှိနေတဲ့အပြင် ပွဲတွေ ဆက်တိုက်နွှဲနေရတာမို့ အိမ်ရှင်လည်းသိပ်တော့ မလွယ်ပါဘူး။ ဒီပွဲမှာ နည်းပြဗန်ဟားလ်ရဲ့ ကစား သမား အခင်းအကျင်းကအရေးကြီးပြီး ပြိုင်ပွဲ အဆုံးအဖြတ်ကိုပေးတဲ့အထိ ဖြစ်ပေါ်နိုင်ပါ တယ်။ ဒါပေမယ့် နယူးကာဆယ်တို့ဟာ မန်ယူနဲ့ဆုံတိုင်း နိုင်ပွဲပျောက်ဆုံးတာများ တာမို့ ရွန်နေဂိုးသွင်းနိုင်ရင်တော့ အနိုင် ရလဒ်ပြတ်သားအောင် ဆောင်ကြဉ်း နိုင်ပါလိမ့်မယ်။

ခရစ္စတယ်ပဲလေ့စ်နှင့် ဗီလာ
ဒီနှစ် ပရီမီယာလိဂ် တာ ထွက်ကတည်းက ခြေ စွမ်း ကောင်းရနေတဲ့ ပဲလေ့စ်တို့က ဗီလာကို ဖိအားပေးကစားဖို့ ကြိုးစားပါလိမ့်မယ်။ တစ်လှည့်စီ အနိုင် ယူနေတဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ တိုက်စစ်မှူးတွေက အိမ်ကွင်း လည်းဖြစ်တာမို့ ဂိုးရအောင်သွင်းယူပါလိမ့်မယ်။ နှစ်ပွဲကစား ပြီး လေးဂိုးသွင်းထားနိုင်တဲ့ ပဲလေ့စ်တိုက်စစ်မှူးတွေက ဗီလာခံစစ်ကြောင်းကို ရအောင်ဖြတ်ကျော်ဖို့ ကြိုးစားကြပါ လိမ့်မယ်။ ဗီလာရဲ့ အကောင်းဆုံးအင်အားက ခံစစ်ကြောင်း ဖြစ်တာမို့ ကျစ်လျစ်သိပ်သည်းမှုအပြည့်ရှိတဲ့ ဗီလာကို ကျော်ဖြတ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီပွဲရလဒ်က သရေဆိုရင် ကျေနပ်ရမယ့် အနေအထားပါပဲ။

လက်စတာနှင့် စပါး
ခြေစွမ်းတူညီတဲ့ နှစ်သင်းမို့ အပြန်အလှန်ထိုးဖောက်မှု တွေနဲ့ ကြည့်ကောင်းမယ့်ပွဲပါပဲ။ လက်စတာတို့က ဒီနှစ် ပရီမီယာလိဂ်အဖွင့်ပွဲစဉ်ကတည်းက ခြေစွာနေပြီး အမှတ် တွေရအောင် စုဆောင်းနိုင်နေပါတယ်။ လက်စတာရဲ့ အား နည်းချက်က ခံစစ်ကြောင်းဖြစ်ပြီး လျင်မြန်တဲ့ စပါးတိုက်စစ် ကို ဟန့်တားနိုင်မလား ကြည့်ရမှာပါ။ စပါးတို့က အေစီမီ လန်ကို အနိုင်ကစားခဲ့တဲ့ ခြေစွမ်းမျိုးပြန်ရရင် လက်စတာတို့ မလွယ်ပါဘူး။ ဒီနှစ်သင်းရဲ့ ပရီမီယာလိဂ် စုစုပေါင်းတွေ့ဆုံ မှု ၁ဝ၂ ပွဲမှာ စပါးတို့ အသာစီးရထားပေမယ့် အမှတ်ခွဲယူရ နိုင်တဲ့ အနေအထားမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

ဆန်းဒါးလန်းနှင့် ဆွမ်ဆီး
နှစ်ပွဲကစားပြီးချိန်မှာ အမှတ်မရသေးတဲ့ ဆန်းဒါးလန်းတို့ အခုပွဲမှာ အိမ်ကွင်းဆိုပေမယ့် အမှတ်ရဖို့မျှော်မှန်းလို့ မရသေးတဲ့ပွဲပါပဲ။ ဆွမ်ဆီး တို့က ကြိုးစားအားထုတ်မှုကောင်းနေပြီး အဝေးကွင်းဆိုပေ မယ့် အမှတ်ရအောင် ကစားပါလိမ့်မယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှု ငါးပွဲမှတ်တမ်းကိုကြည့်ရင် ဆွမ်ဆီးတို့ သုံးပွဲနိုင်ပြီး တစ်ပွဲသရေဖြစ်ကာ တစ်ပွဲရှုံးထားပါတယ်။ ဆန်းဒါးလန်းတို့ အိမ်ကွင်းဆိုပေမယ့် ဒီပွဲမှာ ဆွမ်ဆီးကို ပိုပြီးနှစ်သက်ပါတယ်။

ဝက်စ်ဟမ်းနှင့် ဘုန်းမောက်
အာဆင်နယ်ကို အနိုင်ကစားထားတဲ့ ဝက်စ်ဟမ်း ရဲ့ ခြေစွမ်းက ကောင်းမွန်နေပါတယ်။ တန်းတက် ဘုန်းမောက်တို့ အမှတ်ရဖို့ ခြေကုန်ထုတ်မှာဖြစ်ပေ မယ့် ဝက်စ်ဟမ်းရဲ့ အသင်းလိုက်ကစားအားကို ကြာရှည်တောင့်ခံဖို့ မလွယ်ပါဘူး။ ဘုန်းမောက်တို့ ဒီပွဲမှာ ကံကောင်းမှ အမှတ်ရနိုင်မှာဖြစ်ပေမယ့် အခွင့်အရေးနည်းပါး လွန်းပါတယ်။

နော့စ်ဝှစ်နှင့် စတုတ်
ဘရတ်ဖို့ဒ်နဲ့ ပဲလေ့စ်အသင်းတွေကို အနိုင်ကစားတဲ့ နော့စ်ဝှစ်ရဲ့ ခြေစွမ်းက အထင်ကြီးစရာကောင်းပြီး စွမ်း ဆောင်ရည်မှာလည်း မြင့်မားနေတာတွေ့ရပါတယ်။ ပေါ်တို နဲ့ လီဗာပူးကို ရှုံးပွဲတွေကြုံထားတဲ့ စတုတ်ရဲ့ အားထုတ်မှုက လိုအပ်ချက်တွေရှိနေဆဲပါ။ နောက်ဆုံး ငါးပွဲတွေ့ဆုံမှုမှာ တော့ စတုတ်တို့က အသာစီးရနေပြီး ဂိုးမပြတ်ပေမယ့် နိုင်ပွဲတွေရအောင် အားထုတ်နိုင်ခဲ့ပါတယ်။ နော့ဝ်ဝှစ်တို့ ကလည်း အိမ်ကွင်းဖြစ်တာမို့ ဒီပွဲဟာ အကြိတ်အနယ်ရှိပြီး အိမ်ရှင်တို့ကပ်ပြီး နိုင်သွားမယ်လို ယူဆပါတယ်။

ဝက်စ်ဘရွန်းနှင့် ချယ်လ်ဆီး
ရာသီအစပွဲစဉ်တွေမှာ ရှုံးပွဲ၊ သရေပွဲတွေ ဆက်တိုက် ကြုံတွေ့နေရတဲ့ ချယ်လ်ဆီးအတွက် အခုပွဲဟာလည်း အဝေးကွင်းလည်းဖြစ်၊ ဝက်စ်ဘရွန်းလည်းဖြစ်တာမို့ အား ထည့်ရဦးမယ့်ပွဲပါပဲ။ အဓိကတိုက်စစ်မှူး ကော်စတာက လည်း ကြံ့ခိုင်မှုမပြည့်ဝတာမို့ ဂိုးမသွင်းနိုင်ဘဲ ဖြစ်နေတာ က ချယ်လ်ဆီးအတွက် ထိခိုက်မှုပါပဲ။ ဝက်စ်ဘရွန်းတို့က လည်း ဝက်ဖို့ဒ်ကို ဂိုးမရှိသရေ၊ မန်စီးတီးကို သုံးဂိုးပြတ် ရှုံးထားလို့ ဒီပွဲမှာ ခြေကုန်ထုတ်ဖို့ ရှိနေပါတယ်။ ဝက်စ် ဘရွန်းကွင်း၌ နောက်ဆုံးတွေ့ဆုံတဲ့ပွဲမှာ ချယ်လ်ဆီးတို့ သုံးဂိုးပြတ်ရှုံးထားတာမို့ အခုပွဲမှာ အဲဒီရှုံြးေ<ွကးကို ပြန်ဆပ် နိုင်မလားကြည့်ရမှာပါ။ ဝက်စ်ဘရွန်းတို့ အနိမ့်ဆုံးတစ်မှတ် ရယူနိုင်မယ့် စွမ်းအားရှိနေပါတယ်။

အဲဗာတန်နှင့် မန်စီးတီး
ချယ်လ်ဆီးနဲ့ ဝက်စ်ဘရွန်းတို့ကို ဆက်တိုက်နိုင်ပွဲရယူထား တဲ့ မန်စီးတီးတို့က ဒီနှစ်မှာ ပရီမီယာလိဂ်ဖလားကို မျှော် မှန်းနေတာမို့ ပွဲတိုင်းအလေးထားကစားနေပါတယ်။ မန်စီး တီးတိုက်စစ်မှူးတွေက အကောင်းဆုံးခြေစွမ်းပြနေပြီး ပွဲတိုင်း ဂိုးပြတ်သွင်းနေတာမို့ ဒီပွဲမှာလည်း အမှတ်ပြည့်ရအောင် ကြိုးစားရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဗာတန်တို့က ဒီ နှစ်မှာ ခြေစွမ်းပြနိုင်နေတာမို့ မန်စီးတီးတို့ သိပ်တော့လွယ် ကူမှာမဟုတ်ပါဘူး။ ဒီနှစ်သင်း ပြီးခဲ့တဲ့နှစ်က နောက်ဆုံး တွေ့ဆုံပွဲမှာ တစ်ဂိုးစီသရေပွဲဖြစ်ခဲ့တာမို့ အခုပွဲမှာတော့ ပြတ်သားတဲ့ရလဒ်ကို အပြိုင်ပုံဖော်ပါလိမ့်မယ်။ ။
မိုးမြင့်လင်းလက် မန်ယူအတွက် ရွန်းနေ ဂိုးသွင်းနိုင်ပါ့မလား

မိုးမြင့်လင်းလက်

No comments:

Post a Comment