ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးသွားနိုင်တဲ့ ဂျွန်တယ်ရီ
===============================
ချယ်လ်ဆီးအသင်းမှာ နှစ်ပေါင်းများစွာ အသင်းခေါင်း ဆောင်အဖြစ် ကစားခဲ့တဲ့ ဂျွန်တယ်ရီဟာ ပြီးခဲ့တဲ့ မန်စီး တီးနဲ့ ကစားခဲ့တဲ့ပွဲမှာ လူစားလဲခံလိုက်ရပါတယ်။ နည်းပြ မော်ရင်ဟိုက အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို ပထမ ပိုင်းမှာပဲ ကွတ်ဇ်ဇူးမားနဲ့ လူစားလဲခဲ့တာပါ။ ဒီလူစားလဲမှု က ဂျွန်တယ်ရီအတွက်တော့ ပရီမီယာလိဂ်သမိုင်းမှာ ပထမဆုံးပဲလို့ ဆိုပါတယ်။ ဂျွန်တယ်ရီက သူ့အနေဖြင့် ချယ်လ်ဆီးရဲ့ အသင်းခေါင်းဆောင်ဖြစ်ကြောင်းကို နည်းပြ မော်ရင်ဟိုကို ပိုပြီးသက်သေပြသွားမယ်လို့ ဆိုပါတယ်။ မော်ရင်ဟိုရဲ့ လူစားလဲမှုဟာ စိန်ခေါ်မှုတွေမြင့်တက်လာ လိမ့်မယ်လို့ ဂျွန်တယ်ရီက သူ့ရဲ့ သူငယ်ချင်းတွေကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးက ချယ်လ်ဆီးအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရ လိုက်တဲ့ပွဲမှာ ဂျွန်တယ်ရီဟာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ချယ်လ်ဆီးက ဂျွန်တယ်ရီကို အလိုရှိမှုနည်းသွားခဲ့ပြီးတဲ့ နောက် ထပ်မံစာချုပ်ဖို့ အနေအထားမှာလည်း စိတ်ဝင် စားမှုမရှိတော့ဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် ယခုနှစ်ရာသီ မှာ အသင်းခေါင်းဆောင်အဖြစ် ကစားပြီး ဖလားကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဂျွန်တယ်ရီက ဆိုပါတယ်။
ကောင်းမြတ်သူ ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးသွားနိုင်တဲ့ ဂျွန်တယ်ရီ

ကောင်းမြတ်သူ
No comments:
Post a Comment