မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ တစ်နာရီကြာ ဖုန်းဆက်တိုက်ပြောဆိုပါက ပထမဆုံး ၅ မိနစ်စာ(၁၁၅) ကျပ်သာ ကောက်ခံတော့မည်
===================================================
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ၄င်းတို့ ဖုန်းအချင်းချင်း တစ်နာရီကြာ ဖုန်းခေါ်ဆိုမှု ပြုလုပ်ပါက ပထမဆုံးခေါ်ဆိုသည့် ၅ မိနစ်စာသာ ဖုန်းဘေကောက်ခံမည်ဖြစ်ပြီး ကျန် ၅၅ မိနစ်စာအား အခမဲ့ ဖုန်းပြောဆိုခွင့် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အစီစဉ်အား သြဂုတ်လ ၂၈ ရက် (၀၀း၀၁) နာရီမှ စတင်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ အထိ အသုံးပြုခွင့် ပေးထားသည်။ “MPT ကို သုံးစွဲသူမိဘပြည်သူတွေအတွက် ဒီလိုထူးခြားတဲ့ အစီအစဉ်လေးတွေကို ပြုလုပ်ပေးရတာ သိပ်ကိုဝမ်းသာမိပါတယ်။ သုံးစွဲသူတွေကို သူတို့ရဲ့ ချစ်ခင်တဲ့သူတွေ မိသားစုဝင်တွေနဲ့ စကားများများပြောဆိုနိုင်အောင် လုပ်ပေးရင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်ပါတယ်။ ဒီအထူးအစီအစဉ်နဲ့ဆိုရင် ကိုယ့်ရဲ့ချစ်ခင်သူတွေ မိသားစုတွေနဲ့ တစ်နာရီကြာအောင် အားရပါးရဖုန်းပြောရင်း တကယ့်ကိုပျော်စရာကောင်းတဲ့ အချိန်တွေကို ရရှိမှာပါ။ တစ်နာရီစာပြောမှ ၁၁၅ ကျပ်ပဲ ကျမှာဖြစ်ပါတယ်။” ဟု MPT-KSGM (KDDI Summit Global Myanmar Co. Ltd.) Joint Operations ၏ CEO ဖြစ်သူ Mr. Takashi Nagashima မှပြောကြားသည်။ ၄င်းအစီစဉ်အား MPT ၏ GSM နှင့် WCDMA ဆွေသဟာ အစီစဉ်ရယူထားသူများမှ အလိုလျောက် အကျုံးဝင်မည်ဖြစ်သည်။ တစ်နာရီထက် ကျော်လွန်ပြီး ဖုန်းခေါ်ဆိုမှု များအတွက် မှုလသတ်မှတ်ဈေးဖြစ်သည့် တစ်မိနစ်လျှင် ၂၃ ကျပ်နှုန်းဖြင့် ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။ ဖုန်းခေါ်ဆိုမှုများကို ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း မှလွဲ၍ နေ့တစ်နေ့၏ ကျန်အချိန်များတွင် ခေါ်ဆိုနိုင်သည်။ ညနေ ၆ နာရိမှ ည ၁၀ နာရီတွင်း ခေါ်ဆိုမှုများကို မှုလဈေးနှုန်းအတိုင်း ကောက်ခံမည်ဖြစ်သည်။
MPT ၏ Pre-Paid နှင့် Post-Paid အမျိုးစား ဖုန်းအားလုံး အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် MPT ၏ ကွန်ရက်အား အသုံးပြုသူ ၁၄ သန်းကျော်ရှိနေပြီး ဆွေသဟာ အစီစဉ်အား အသုံးပြုသူ ၇ သန်းခန့် ရှိကြောင်းသိရသည်။ ဆွေသဟာ အစီစဉ်အား ရယူလိုပါက ဖုန်းနံပါတ် 1332 သို့ “ SWE ”သို့မဟုတ်“ POSTSWE ”ဟု SMS ပေးပို့ကာ ရယူနိုသည်။
TechSpace Journal
ကျေးဇူးတင်ပါသည်
No comments:
Post a Comment