==
တန်ဖိုး - ကျပ် ၆၅၄,၀၀၀
######
"သတ္ထုဘေးဘောင်ဖြင့် ဒီဇိုင်းလှပတဲ့ Samsung ရဲ ့ Galaxy Tab S2 ကိုလေ့လာခြင်း"
==
အားသာချက် - ပုံမှန် Tablet များကဲ့သို့မဟုတ်ဘဲ ကောင်းမွန်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးပြုလုပ်ထားသလို မိမိ Tablet ကို အခြားသူများ အလွယ်တကူ ဝင်ရောက်အသုံးမပြုနိုင်စေရန်အတွက် Finger Print စနစ်ကို ထည့်သွင်းပေး ထားပါတယ်။ ဒါ့အပြင် Tablet တစ်ခုထဲ အသုံးပြုချင်သူများအတွက် မိုဘိုင်းဖုန်းပါ ခေါ်ဆိုနိုင်ရန်အတွက် GSM SIM card ထည့်သွင်းနိုင်ဖို့ SIM Slot ပါဝင်ပါတယ်။
အားနည်းချက် - Samsung Galaxy Tab S2 ဟာ Screen ပိုင်းကိုတော့ လုံလောက်တဲ့ ကာကွယ်မှုမျိုး ပေးထားတာကို တွေ့မြင်ရမှာမဟုတ်ပါဘူး။
သုံးသပ်ချက် - ဒီ Tablet ဟာ အပန်းဖြေ သုံးစွဲသူများအတွက် သင့်တော်သလို ခရီးမကြာခဏ သွားလာတတ် သူများအတွက်လည်း သင့်တော်တဲ့ Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဘက်ထရီပိုင်းကလည်း မနားတမ်း သီချင်းဖွင့်ပြီး နားထောင်မယ်ဆိုရင် ၁၀၉ နာရီခန့် အသုံးပြုနိုင်အောင် စီစဉ်ပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
အသေးစိတ်ဖော်ပြချက် - Quad Core Processor ကို သုံးစွဲထားပါတယ်၊ Processor ရဲ့ အမြန်နှုန်းကတော့ 1.3 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 3GB ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Storage များများ အသုံးပြုချင်သူများအတွက် 128 GB ပမာဏရှိတဲ့ MicroSD Card ကိုလည်း ထည့်သွင်း အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Android 5.0.2 Version ကို အသုံးပြုထားပြီး Display Screen မှာ Super AMOLED capacitive touchscreen ကို အသုံးပြုထားကာ Resolution ကတော့ 1536 x 2048 resolution ရှိမှာဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၉.၇ လက်မခန့် ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း rear camera မှာ 8 Megapixels ရှိမှာဖြစ်ပြီး Front Camera ကတော့ 2.1 Megapixels ရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီကို Li-lon အသုံးပြုထားပါတယ်။ MP3, WAV, AAC, WMA, eAAC, WMA, FLAC အစရှိတဲ့ Audio Format များကို အထောက်အပံ့ ပေးထားပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆကတော့ 5870 mAh ရှိမှာဖြစ်ပြီး ဖုန်းမနားတမ်း ခေါ်ဆိုမယ်ဆိုရင် နာရီ ၃၀ အသုံးပြုနိုင်မှာဖြစ်သလို သီချင်းနားထောင်မယ် ဆိုပါကလည်း ၁၀၉ နာရီခန့် အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။
ဒီဇိုင်း - ပါးလွှာတဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားပြီး စွဲမက်ဖွယ် သွင်ပြင်နဲ့ ဖန်တီးပေးထားတဲ့ Samsung Galaxy Tab S2 ဟာ Home button မှာ Finger print sensor ကို ထည့်သွင်းပေးထားပါတယ်။ စပီကာကို Tablet ရဲ့ အောက်ခြေနှစ်ဘက်မှာ ထည့်သွင်းပေးထားပြီး၊ MicroSD Card, SIM Slot များကို Tablet ရဲ့ ညာဘက်အခြမ်းမှာ တပ်ဆင်ပေးထားပါတယ်။ earphone port နဲ့ USB port တွေကို Tablet အောက်ခြေရှိ စပီကာ တစ်ဘက်တစ်ချက်စီမှာ ထားရှိပေးထားပါတယ်
တန်ဖိုး - ကျပ် ၆၅၄,၀၀၀
ဆက်သွယ်ဝယ်ယူနိုင်မည့်လိပ်စာ - Samsung Showroom
ဆက်သွယ်နိုင်မည့်ဖုန်း - ၀၁-၂၄၂၅၄၂ ပုံမှန် Tablet များကဲ့သို့မဟုတ်ဘဲ ကောင်းမွန်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးပြုလုပ်ထားသလို မိမိ Tablet ကို အခြားသူများ အလွယ်တကူ ဝင်ရောက်အသုံးမပြုနိုင်စေရန်အတွက် Finger Print စနစ်ကို ထည့်သွင်းပေး ထားပါတယ် internetjournal.media
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment