Friday, September 25, 2015

ဟာသဆန်ပေမဲ့ စဉ်းစားစရာ ဇာတ်လမ်းလေးပါ။ှတခါက နိုင်ငံရွေးကောက်ပွဲမှာ သမ္မတလောင်း သုံးယောက် ဝင်ပြိုင်ကြပါတယ်။

ဟာသဆန်ပေမဲ့ စဉ်းစားစရာ ဇာတ်လမ်းလေးပါ။
ှတခါက နိုင်ငံရွေးကောက်ပွဲမှာ သမ္မတလောင်း သုံးယောက် ဝင်ပြိုင်ကြပါတယ်။

ပထမ တယောက်က တရက်ကို စီးကရက် ၂ ဗူး ကုန်အောင် သောက်တယ်။ အရက် ၅ ခွက်ကနေ ၈ ခွက်ထိသောက်ပါတယ်။ တရားဝင်မယားအပြင် တိတ်တိတ်ပုန်း အငယ် ၂ ယောက်ရှိပါတယ်။ မာဖီးယားခေါင်းဆောင် တွေနဲ့လဲ ရင်းနှီးပါတယ်။

ဒုတိယ တယောက်က ဆေးပြင်းလိပ်သောက်ပါတယ်။ နေ့တိုင်း ဝီစကီတလုံး မှန်မှန်ထုပါတယ်။ အပျင်းကြီးပြီး နေ့လယ်ခင်းရောက်မှ အိပ်ရာထပါတယ်။ နိုင်ငံရဲ့ ဝန်ကြီးအဆင့် ရာထူးကနေ ၂ ခါ အလုပ်ပြုတ်ဖူးပါတယ်။

တတိယတယောက်ကတော့ အရက်ကော ဆေးလိပ် မသောက်တတ်ပါဖူး။ အိမ်ထောင်မရှိ လူပျိုကြီး သက်သက်လွတ်စားသူဖြစ်ပါတယ်။ သူငယ်စဉ်က တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့ပြီး သူရဲကောင်းတံဆိပ် ၂ ထပ်ကွမ်းရခဲ့ပါတယ်။

ဒီသုံးယောက်မှာ ဘယ်သူ့ကိုမဲပေးမလဲ?

ပထမနှစ်ယောက်ကတော့ အမေရိကန်ကို ဒုတိယကမ္ဘာစစ်အောင်နိုင်စေပြီး ထိပ်သီးနိုင်ငံ ဘဝကိုပို့ပေးခဲ့တဲ့ သမ္မတ ရုစဗဲ့နဲ့ ဗြိတိသျှ အင်ပါယာကြီးနဲ့ ကမ္ဘာ့ ဒီမိုကရေစီ အင်အားစုတွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ဝန်ကြီးချုပ် ချာချီပါ။

တတိယလူကတော့ ဟစ်တလာပါ။

ဒေါ်စုရဲ့ ပုဂ္ဂလိက လူမှုရေးကိစ္စတွေကိုအပြစ်ရှာနေကြသူတွေကို ဒီမေးခွန်းလေးမေးချင်ပါတယ်။ personal တွေ အရေးကြီးလား သူ့ရဲ့ အရည်အချင်းက အရေးကြီးလားဆိုတာ



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments:

Post a Comment