ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ဆမ်ဆောင်းမှ ဆက်လက်ပြုလျက်ရှိ
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လ အတွင်း ဖြစ်ပွားခဲ့သော ရေဘေးသင့် ဒေသများမှ ပြည်သူများအား ထောက်ပံ့ကူညီရန်အတွက် ရေဘေး ကယ်ဆယ်ရေးလှုပ်ရှားမှု အစီအစဉ် အသစ်ကို ဆမ်ဆောင်းမြန်မာက စတင်ပြုလုပ်ထားကြောင်း သိရ သည်။
ဆမ်ဆောင်းမှ မြန်မာနိုင်ငံအတွင်း ရောင်းချရသော ထုတ်ကုန်များဖြစ် သည့် မိုဘိုင်းဖုန်းနှင့်အိမ်သုံးလျှပ်စစ် ပစ္စည်းများမှ ရရှိသောငွေပမာဏမှ အကျိုးအမြတ်များကို ရေဘေးသင့် ပြည်သူများအား ကူညီပေးမည့် campaign အသွင်ဖြင့် ပြုလုပ်သွား မည်ဖြစ်ကာ အဆိုပါလှုပ်ရှားမှု အစီ အစဉ်အားWe Support # Save
Myanmar # BetterTogether ဟုအမည်ပေးထားကြောင်း သိရ သည်။
ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲတဲ့သူတွေပါ ပါဝင်ကူညီ နိုင်ဖို့ ဒီအထောက်အပံ့အစီအစဉ် တွေကို တိုးချဲ့ဆောင်ရွက်ပေးနိုင်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ ွော်ကညါ ပြညောမေ အနေနဲ့ သုံးစွဲသူများထံမှအလှူငွေ ကောက်ယူ ခြင်းများ ပြုလုပ်မှာ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို ရောင်းချခြင်းမှရရှိတဲ့ အမြတ်ငွေ ကြေးတွေနဲ့ထောက်ပံ့ကူညီမှာ ဖြစ်ပါ တယ်။ ဆမ်ဆောင်းရဲ့ သုံးစွဲသူတွေ အနေနဲ့ ဆမ်ဆောင်းရဲ့ ထုတ်ကုန် ပစ္စည်း တစ်မျိုးမျိုးကို ဝယ်ယူပေးချေ တဲ့အခါ ဝယ်ယူတဲ့ပစ္စည်းပေါ်မှာ We Support # Save Myanmar
# BetterTomorrow လို့ ရေးသား ထားတဲ့ Campaign စတစ်ကာတွေ ကို တွေ့ရပါလိမ့်မယ်။ သုံးစွဲသူ customer တွေအနေနဲ့လည်း ဆမ်ဆောင်းက တိုကင်စတစ်ကာ တစ်ခုကို ရရှိမှာဖြစ်ပြီး ဒီလှုပ်ရှားမှု အစီအစဉ်အတွက် သူတို့ရဲ့ထောက်ပံ့ ကူညီမှုကိုယင်းစတစ်ကာများနဲ့ ပြသ နိုင်မှာ ဖြစ်ပါတယ်။ ရောင်းချလို့ရရှိ တဲ့ အမြတ်ငွေကြေးပမာဏများကို မြန်မာနိုင်ငံရှိသက်ဆိုင်ရာ ကယ် ဆယ်ရေးအေဂျင်စီများထံသို့ ပံ့ပိုး ပေးအပ်သွားမှာဖြစ်ပါတယ်'' ဟု ဆမ်းဆောင်းမြန်မာမှ Head of
Marketing Mr. Richard See မှ ပြောကြားခဲ့ပါသည်။
ဆမ်ဆောင်းအနေနှင့် မြန်မာနိုင်ငံ တွင်ပံ့ပိုးကူညီမှုအစီအစဉ်များအဖြစ် တက္ကသိုလ်ကျောင်းသားများအား မိုဘိုင်းအက်ပလီကေးရှင်း ရေးဆွဲမှု သင်တန်းပေးသည့်Samsung Tech
Institute ၊my ME ရွေ့လျားပညာ သင်ကြားရေးအစီအစဉ်၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ တွင် ကျန်းမာရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ရေတွင်းရေကန် များတူးဖော်ပေးခြင်း၊ ရေဘေးသင့် ဒေသများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးပေး ခြင်းအစရှိသော ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်ခန့်ဖြင့် ယခုနှစ် အတွင်းတွင် ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment