Monday, October 26, 2015

အိမ်ထောင်တည်မြဲလိုလျှင် ကျေးဇူးတင်စကား မကြာမကြာ ပြောပါ အိမ်ထောင်တည်မြဲလိုလျှင် ကိုယ့် အိမ်ထောင်ဘက်အား ကျေးဇူးတင်ပါ တယ် ဆိုသည့်စကားကို မကြာမကြာ ပြောပေးပါဟု သုတေသန ပညာရှင်များက အကြံပြုလိုက်ပြီ

အိမ်ထောင်တည်မြဲလိုလျှင် ကျေးဇူးတင်စကား မကြာမကြာ ပြောပါ
အိမ်ထောင်တည်မြဲလိုလျှင် ကိုယ့် အိမ်ထောင်ဘက်အား ကျေးဇူးတင်ပါ တယ် ဆိုသည့်စကားကို မကြာမကြာ ပြောပေးပါဟု သုတေသန ပညာရှင်များက အကြံပြုလိုက်ပြီ ဖြစ်သည်။
ကျေးဇူးတင်ခြင်းနှင့် အိမ်ထောင်ဘက်က ကိုယ့်အပေါ် တန်ဖိုးထားသည်ဟု ခံစားရခြင်းတို့ကြောင့် အိမ်ထောင်သာယာမှု ရတတ်ကြောင်း လေ့လာမှုတစ်ခုအရ သိရှိခဲ့ ရပြီဖြစ်သည်။ ဂျော်ဂျီယာ တက္ကသိုလ်မှ သိပ္ပံပညာရှင် များသည် အိမ်ထောင်ရှင် (၄၆၈) ဦးတို့အား ငွေကြေးအခြေအနေ၊ ဆက်သွယ်မှုပုံစံနှင့် တစ်ဦးအပေါ်တစ်ဦးက ကျေးဇူးမည်မျှ တင်တတ်သည်တို့နှင့် ပတ်သက်ပြီး မေးမြန်းမှုများကို ပြုလုပ်ခဲ့သည်။
““လူတစ်ဦးတစ်ယောက် အိမ်ထောင်ရေးတွင် မည်မျှ ပျော်ရွှင်ရသည်နှင့် ကျေးဇူးတင် ခံရခြင်းတို့ကြား ဆက်စပ်နေကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကား ဘယ်လောက် အင်အားကြီးတယ် ဆိုတာကို ပြနေတာပဲ၊ ဇနီးမောင်နှံနှစ်ဦး အခြားနယ်ပယ်တွေမှာ ဘယ်လောက် အခက်အခဲ တွေ့ကြုံနေပါစေ ဆက်ဆံရေးမှာ ကျေးဇူးတင် တတ်ခြင်းကြောင့် အိမ်ထောင်ရေး သုခတွေရလာ တတ်ပါတယ်””ဟု တက္ကသိုလ်ရှိ မိသားစုဘ၀ လေ့လာရေးဌာနမှ ပါရဂူဘွဲ့လွန် သုတေသနပညာရှင် အယ်လန်ဘာတန် ကပြောဆိုခဲ့သည်။
ဇနီးမောင်နှံများ ၀င်ငွေထွက်ငွေမျှ တအောင် အသည်းအသန် ကြိုးပမ်းနေရ စဉ်တွင် တစ်ဦးနှင့်တစ်ဦး ဝေဖန်နိုင်ခြေ၊ တစ်ဦးက ပြဿနာ မကြီးသွားအောင် အသာရှောင်ထွက် သွားနိုင်ခြေ ပိုများနေသော်လည်း ယင်းသို့မဖြစ်အောင် ကျေးဇူးတင်စကား တစ်ခွန်းက လုပ်ဆောင် ပေးနိုင်ကြောင်း ဘာတန်က ပြောသည်။
Source: DM
The Messenger



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments:

Post a Comment