Monday, October 26, 2015

နိုင်ငံတကာ တက္ကသိုလ်ပေါင်း ၁ဝဝ ကျော်မှ ပညာသင်ဆု လျှောက်ထားနိုင်မည့် CROWN GLOBAL

နိုင်ငံတကာ တက္ကသိုလ်ပေါင်း ၁ဝဝ ကျော်မှ ပညာသင်ဆု လျှောက်ထားနိုင်မည့် CROWN GLOBAL
========================================
ရန်ကုန် အောက်တိုဘာ ၂၅

မြန်မာနိုင်ငံ အခြေစိုက် CROWN Education မှကြီးမှူး၍ နိုင်ငံတကာ တက္ကသိုလ်ပေါင်း ၁ဝဝ ကျော်၏

ဝင်ခွင့်နှင့် ပညာသင်ဆုများကို လျှောက်ထားနိုင်မည့် CROWN GLOBAL EDUCATION EXPO 2015ကို ယမန်နေ့ နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအထ Summit Parkview Hotel, Ballroom ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့အပြင် CROWN GLOBAL EDUCATION EXPO 2015ကို ယနေ့တွင် မန္တလေးမြို့၌ ကျင်းပခဲ့ပြီး CROWN GLOBAL EDUCATION EXPO 2015 တွင် နိုင်ငံတကာရှိ တက္ကသိုလ်ကောလိပ်ပေါင်း ၁ဝဝ ကျော်မှ ပေးအပ်မည့် အမေရိကန် ဒေါ်လာတစ်သိန်းကျော် တန်ဖိုးရှိ ပညာသင်ဆုများလည်း ပါဝင်မည်ဖြစ်သည်။ ပညာသင်ဆု အများစုကို အမေရိကန်၊ အင်္ဂလန်နှင့် သြစတြေးလျ တက္ကသိုလ်တို့မှ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပညာသင်ဆုများ ပေးအပ်ရာတွင် ကျောင်းသားများ၏ GPA အမှတ်များမြင့်လျှင် မြင့်သကဲ့သို့ ပညာသင်ထောက် ပံ့ကြေး ပေးအပ်သွားမည်ဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရာတွင် တချို့ကျောင်းသားများကို ကျောင်းလခ၏ ၃ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်း အထိ ကျောင်းသားတစ်ဦးမှ ငါးဦးအထိပေး သွားမည် ဖြစ်ကြောင်း သိရသည်။



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments:

Post a Comment