တစ်ဦးတည်းသာ ကျန်တော့သည့် NLD နာယက ဦးတင်ဦး ကျန်းမာရေး အခြေအနေဆိုးရွားလာသဖြင့် ခရီးစဉ်အားလုံး ဖျက်သိမ်း
====================================
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေ အနေကြောင့် ရခိုင်ပြည်နယ် ခရီးစဉ်အပါအဝင် ဦးတင်ဦး ဦးဆောင်သွားမယ့် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက် ပါတယ်။
"ကျန်းမာရေးကြောင့် ရခိုင်တင်မဟုတ်ဘူး၊ ရန်ကုန်တိုင်းရော ဘာရော အားလုံး ကျနော်တို့ သွားမယ့်ဟာက ရန်ကုန်တိုင်းထဲမှာ ၁၇ ရက်နေ့ ကတည်းက သွားရမယ့်ဟာတွေ အခု ကျန်းမာရေးကြောင့် အခုကျနော်တို့ သွားလို့ရှိရင် ဒယိမ်းဒယိုင် ဖြစ်ဖြစ်နေတယ်၊ အဲ့လိုဖြစ်လို့ရှိရင် ရွေးကောက်ပွဲ ထိအောင် ခံနိုင်မှာမဟုတ်ဘူး"လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုးဝင်းက ပြောပါတယ်။
ဦးတင်ဦးဟာ တစ်ဦးတည်းသာ ကျန်တော့တဲ့ NLD နာယက တစ်ဦးဖြစ်ပြီး ၅၉(စ) ပြင်လို့မရပါက NLD မှ သမ္မတတင်မြှောက်ရန် ရာထားသူတစ်ဦးဖြစ် ကြောင်း သိရပါတယ်။ NLD ပါတီ အာဏာရပါက ဦးတင်ဦးကို သမ္မတ တင်မြှောက်ပြီး ဦးတင်ဦးမသေခင် ၅၉(စ) ပြင်ကာ ဦးတင်ဦးသေပါက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပြန်ရွေးမှာဖြစ်တယ်လို့ မန္တလေးမြို့မှ NLD ပါတီဝင်တစ်ဦးက ဆိုပါတယ်။ ယခု အချိန်တွင် ဦးတစ်ဦးအား တစ်နှစ်မျှ အသက်ဆက်နိုင်ရေး ဆေးကုသမှုခံယူနေကြောင်း သိရပါတယ်။
credit to ; National Defence League
MDY NEWS
No comments:
Post a Comment