Wednesday, November 4, 2015

သမ္မတရွေးချယ်ရာတွင် တပ်မတော်သားကိုယ်စားလှယ်များထောက်ခံမည့်သူကို ထောက်ခံသွားမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီဆို

သမ္မတရွေးချယ်ရာတွင် တပ်မတော်သားကိုယ်စားလှယ်များထောက်ခံမည့်သူကို ထောက်ခံသွားမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီဆို
Thursday, November 5, 2015

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လွှတ်တော်တွင်း ရောက်ရှိပါက ပြည်ထောင်စု လွှတ်တော်၌ သမ္မတရွေးချယ်ရာတွင် တပ်မတော်သားကိုယ်စားလှယ်များ ထောက်ခံသူကို မိမိတို့ပါတီက ထောက်ခံသွားမည်ဖြစ်ကြောင်း ပါတီအတွင်းရေးမှူး (၂) ဦးနေမင်းကျော်က ပြောသည်။

အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီ ခုနစ်ခု၏ တွေ့ဆုံဆွေး နွေးပွဲ၌ NDF ပါတီကိုယ်စားပြု တက်ရောက်လာသည့် ဦးနေမင်း ကျော်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့က ဘယ်ပါ တီနဲ့ ပူးပေါင်းပြီး သမ္မတတင်မယ် လို့ သတ်မှတ်ထားတာ မရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးက ဘယ်သူ့ကို သမ္မတအဖြစ် ထောက်ခံသလဲ။ သူတို့ ထောက်ခံတဲ့သူကို ကျွန်တော်တို့ က ထောက်ခံမှာပါ။ NLD ရယ်၊ USDP ရယ်လို့ မရှိပါဘူး’’ဟု ဦး နေမင်းကျော်က ပြောသည်။

NDF ပါတီအနေဖြင့် လာ မည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိ ပါက ပြည်ထောင်စုလွှတ်တော် ၌ သမ္မတရွေးချယ်လျှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်ဖွဲ့ပြီး NLD တင်မြှောက်မည့် သမ္မတလောင်းအား ထောက်ခံရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုအပေါ် အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲ၌ NLD ပါတီကို ပြည်သူအများစု ထောက်ခံမှုကြောင့် ဦးဆောင်ပါ တီအဖြစ် ရပ်တည်နိုင်လျှင် မိမိတို့ ပါတီနှင့် NDF ပါတီ ပူးပေါင်း ဆောင်ရွက်ခြင်းပြု၊ မပြု(သို့မ ဟုတ်) NLD ၏ အတိုက်အခံအ ဖြစ်ရပ်တည်လိုခြင်းရှိ၊ မရှိဆို သည့် ကိစ္စရပ်ကို ရန်ကုန်တိုင်း ဒေသကြီး NLD အောင်နိုင်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦးက မေးမြန်းခဲ့သည်။

မိမိတို့ NDF ပါတီသည် ပါတီလုပ်ငန်းများ ဆောင်ရွက်ရာ၌ NLD၊ USDP အပါအ၀င် မည် သည့်ပါတီနှင့်မှ ပူးပေါင်းမည်မဟုတ်ဘဲ ပါတီမူဝါဒအပေါ်တွင်သာ ရပ်တည်မည်ဖြစ်ကာ လွှတ်တော်တွင်း ပါတီကိုယ်စားပြုကိုယ်စားလှယ်များ ရောက်ရှိသွားပါက ပြည်သူအကျိုးရှိမည့်ကိစ္စရပ်များတွင် မည်သည့်ပါတီနှင့် မဆို ပူးပေါင်းမည်ဖြစ်ကြောင်း ဦးနေမင်းကျော်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ၂၀၁၀ အထွေထွေရွေး ကောက်ပွဲကို သပိတ်မှောက်ခဲ့သ ဖြင့် ဒေါက်တာ သန်းငြိမ်း၊ ဦးခင် မောင်ဆွေတို့ ဦးဆောင်သည့် NLD ပါတီဝင်အချို့က NDF ပါတီတည်ထောင်ကာ ခမောက်အမှတ် တံဆိပ်ဖြင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ် ပြိုင်ခဲ့သည်။

၂၀၁၀ အထွေထွေရွေး ကောက်ပွဲတွင် NDF ပါတီအနေ ဖြင့် တစ်နိုင်ငံလုံး၌ မဲဆန္ဒနယ် ၁၆၁ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး ၁၆ နေရာအနိုင်ရရှိခဲ့သည်။

7Day Daily



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments:

Post a Comment