Wednesday, November 4, 2015

နောက်တစ်ဆင့်တက်ရေးအတွက် ရလဒ်ကောင်းဖို့လိုတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်

နောက်တစ်ဆင့်တက်ရေးအတွက် ရလဒ်ကောင်းဖို့လိုတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်

ဒီကနေ့ညပိုင်းမှာတော့ လန်ဒန်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ် အဆုံး အဖြတ်ပွဲတွေကစားရမှာပါ။ ချယ်လ်ဆီးက အိမ်ကွင်းမှာ ယူကရိန်းက ဒီနမိုကိဗ်နဲ့ ကစားရမှာဖြစ်ပြီး အာဆင်နယ်က အဝေးကွင်းမှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်နဲ့ ကစားရမှာပါ။ လန်ဒန်ကလပ်နှစ်သင်းစလုံးအတွက် ဒီပွဲဟာ နောက်တစ်ဆင့်တက်ဖို့ ရလဒ်ကောင်းရဖို့လိုနေပါတယ်။
ချယ်လ်ဆီးက အုပ်စုG မှာ ရမှတ် ၄ မှတ်နဲ့ ပေါ်တို၊ ဒီနမိုကိဗ်တို့နောက် တတိယနေရာမှာရှိနေပါ တယ်။ ချယ်လ်ဆီးအနေနဲ့ နောက်တစ်ဆင့်တက်ဖို့အတွက် အိမ်ကွင်းမှာကစား ရမယ့် ဒီပွဲကို အနိုင်ရဖို့လိုနေပါတယ်။ ချယ်လ်ဆီး တိုက်စစ်မှာ ဖယ်လ်ကာအို ဒဏ်ရာရနေလို့မပါနိုင်သလို၊ ခံစစ်မှူး အချို့နဲ့ ဂိုးသမားလည်း ပါနိုင်မှာမဟုတ်ပါဘူး။ ပထမအကျော့ယူကရိန်းကွင်းမှာတော့ ဂိုးမရှိသရေကျထားပါတယ်။
အာဆင်နယ်ကလည်း အုပ်စု F မှာ ရမှတ် ၃ မှတ်သာရထားပြီး ၆ မှတ်စီရထားတဲ့ ဘိုင်ယန်မြူးနစ်၊ အိုလံပီယာကော့စ်တို့နောက်မှာရှိနေပါတယ်။ မြူးနစ်ကွင်းမှာ အာဆင်နယ်အဖို့ အနည်းဆုံး တစ်မှတ်ရယူနိုင်ဖို့ လို နေပါတယ်။ အာဆင်နယ်အသင်းမှာ ဒဏ်ရာရ ကစားသမားတွေများနေသလို အားထားရတဲ့ညာနောက်ခံလူ ဘယ် လာရင်လည်း ဒဏ်ရာကြောင့်ဒီပွဲကိုလွဲချော်တော့မှာဖြစ်လို့ သူ့နေရာမှာ ဒီဘူချီဝင်ကစားမှာပါ။ နောက်ဆုံးတွေ့ခဲ့တဲ့ ပွဲတုန်းက အာဆင်နယ်က အိမ်ကွင်းမှာ ဂျီရူး၊ အိုဇေးလ်တို့ရဲ့ ဂိုးတွေနဲ့ နိုင်ထားပါတယ်။ ဂျာမနီမြေ မြူးနစ်ကွင်းမှာ ကစားခဲ့တဲ့ပွဲတွေမှာလည်း အာဆင်နယ်က နောက်ဆုံး ၂ ပွဲဆက် ရှုံးပွဲမရှိပဲ ၂၀၁၃ ခုနှစ်မှာ ၂ဂိုး - ၀ ဂိုး၊ ၂၀၁၄ ခုနှစ်မှာ ၁ဂိုး-၁ဂိုးစီသရေဖြစ်ထားပါတယ်။
မနေ့ကကစားခဲ့တဲ့ ပွဲတွေမှာတော့ မန်ချက်စတာမြို့ခံကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့နိုင်ပွဲကိုယ်စီရခဲ့ကြပါတယ်။ မန်ချက်စတာယူနိုက်တက်က CSKA မော်စကို ကို ၁ ဂိုး- ၀ဂိုးနဲ့ နိုင်ခဲ့ပြီး မန်ချက်စတာစီးတီးက အဝေးကွင်းမှာ ဆီဗီးလားကို ၃ဂိုး-၁ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဒီညမှာကစားမယ့် လန်ဒန်ကလပ်တွေကရော ရလဒ်ကောင်းတွေ ပိုင်ဆိုင်ကြမလား…….



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments:

Post a Comment