Thursday, September 11, 2014
Ooredoo ဆန့်ကျင်ရေးများ ပြုလုပ်ကုန်ပြီ
အူရီဒူး၏ ဖုန်းဆင်းမ်ကတ်များကို အသုံးမပြုရန်စတစ်ကာ(sticker) များကပ်၍ နှိုးဆော်ခြင်းကို ရန်ကင်းမြို့နယ်အတွင်းစက်တင်ဘာ ၉ ရက်က စတင်ပြုလုပ်ခဲ့သည်။ စတစ်ကာတပ်နှိုးဆြော်ခင်းကို အဖြူရောင်သဲတစ်ပွင့်ပရဟိတအဖွဲ့နှင့်စိတ်ပါဝင်စားသူပြည်သူများကပါဝင်အားဖြည့်လုပ်ဆောင်ခဲ့ကြခြင်း
ဖြစ်သည်။
'တခြားကို အားကိုးစရာမလိုအောင်ကိုယ့်ဆက်သွယ်ရေးက ကောင်းအောင်လုပ်ထားတယ်ဆိုရင် ဒါမျိုးတွေ လုပ်စရာမလိုဘူး' ဟု ကန်ပိန်းတွင် ပါဝင်ခဲ့ သူတစ်ဦးက ပြောဆိုခဲ့သည်။
ကန်ပိန်းတွင် ပါဝင်သူများက အူရီဒူးအလိုမရှိ (NOneed Ooredoo)စာတန်းကို ကြက်ခြေခတ်ထားသည့် တီရှပ်များ ၀တ်ဆင်ကာ စတစ်ကာကပ်ရန် ခွင့်ပြုသည့် မော်တော်ယာဉ်များနှင့် ဆိုင်များတွင် စတစ်ကာများတပ်ခြင်းကို နံနက် ၁၀ နာရီခန့်တွင် ရန်ကင်းမြို့နယ် ဆည်မြောင်းလမ်းမှ စတင်၍ လုပ်ဆောင်
ခဲ့ကြသည်။
အဆိုပါ ကန်ပိန်းနှင့် ပတ်သက်၍အူရီဒူးသို့ဆက်သွယ်မေးမြန်းရာ 'ဘာကြောင့် ကန်ပိန်းလုပ်တယ်ဆိုတာ မသိပေမယ့်ကုမ္ပဏီအနေနဲ့ကတော့အားလုံးတန်းတူညီမျှအခွင့်အရေးရဖို့ဆက်သွယ်ရေးကွန်ရက်ကို
ကောင်းသထက်ကောင်းအောင်ကြိုးစားနေပါတယ်။အခုဆိုရင် ကုမ္ပဏီရဲ့ရာခိုင်နှုန်း ၈၀ကျော်တဲ့ဝန်ထမ်းတွေက မြန်မာတွေပဲဖြစ်ပြီး ဦးဆောင်သူတွေကလည်း
မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာတွေကို လေးစားလိုက်နာကြပါတယ်'
ဟုမီဒီယာတာဝန်ခံ ဒေါ်သီရိကြာညိုက စံတော်ချိန်သို့ ဖြေကြားခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment