ကျောက်စိမ်းအကြောင်းပြောရအောင် (၁)
အရည်ကျောက်ပထမတန်းစားဖန်သား၊မှန်သား၊အသားကြည်ကျောက်သား သို့မဟုတ် အပြာရိပ်သန်းသောဒုတိယတန်းစား ကျောက်သားသို့မဟုတ် အပြာရိပ်မပါသော တတိယတန်းစားကျောက်သားနှင့် ၀တ်ဆံဖြူပါသော ဖြူကြည် စတုတ္ထတန်းစားကျောက်သားတစ်မျိုးမျိုးတွင် ပိပိခဲခဲရှိသော အစိမ်းသန့်သန့် အစိမ်းရောင် အ၀ါရောင်သန်းသောအစိမ်းရောင်၊အပြာရောင်သန်းသော အစိမ်းရောင် တစ်မျိုးမျိုးစွဲဝင်နေသောကျောက်စိမ်းကို အရည်ကျောက်ဟု သတ်မှတ်ပါသည်။၁။ စိမ်းဝါပြာ(လန့်လုဆွေး) အရည်ကျောက်ဖန်သားမှန်သားကဲ့သို့ ကျောက်သားအကြည်တွင်စိမ်းဝါပြာ(စိမ်းပြာအ၀ါရွှင်)(ပိုးမည်းတောင်ပံစိမ်းရည်၊ ဒေါင်းမြီးစိမ်းရည်) အရောင်စွဲဝင်နေသည့်ကျောက်စိမ်းကို စိမ်းဝါပြာ(လန့်လုဆွေး) အရည်ကျောက်ဟုခေါ်သည်။၂။ စိမ်းပြာဝါနု(လန့်လုကြီး)အရည်ကျောက်အပြာရိပ်သန်းသောကျောက်သားအကြည်တွင် စိမ်ဝါပြာအ၀ါနု(စိမ်းပြာအ၀ါနဲ)အရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို စိမ်းပြာဝါနု(လန့်လုကြီး)အရည်ကျောက်ဟု သတ်မှတ်ပါသည်။၃။စိမ်းပြာဝါနု(လန့်လု) အရည်ကျောက်အပြာကဲသော ကျောက်သားအကြည်တွင် စိမ်းပြာရင့်ဝါ(စိမ်းဝါနဲအပြာကဲ)အရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို စိမ်းပြာဝါနု(လန့်လု) အရည်ကျောက်ဟုသတ်မှတ်ပါသည်။၎။စိမ်းဝါရင့်(ဆွေးလုကြီး) အရည်ကျောက်အပြာရိပ်မပါသော ကျောက်သားအကြည်တွင် စိမ်းပြာရင့်ဝါ(စိမ်းဝါရွှင်)အရောင်စွဲဝင်နေသည့်ကျောက်စိမ်းကို စိမ်းဝါရင့်(ဆွေးလုကြီး) အရည်ကျောက်ဟုသတ်မှတ်ပါသည်။၅။စိမ်းဝါ(ဆွေးလု)အရည်ကျောက်အပြာရိပ်မပါသော ကျောက်သားအကြည်တွင် စိမ်းဝါရောင်(စိမ်းဝါ)အရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို စိမ်းဝါ(ဆွေးလု)အရည်ကျောက်ဟု သတ်မှတ်ပါသည်။၆။ပဲစိမ်းဝါရင့်(ပဲဆွေးလုကြီး)အရည်ကျောက်ဝတ်ဆံဖြူပါပြီး ၀ါသောကျောက်သားတွင် စိမ်းဝါရင့်ရောင်(စိမ်းဝါရွှင်)အရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို ပဲစိမ်းဝါရင့်(ပဲဆွေးလုကြီး)အရည်ကျောက်ဟုသတ်မှတ်ပါသည်။ရ။ ပဲစိမ်းဝါ(ပဲဆွေးလု)အရည်ကျောက်ဝတ်ဆံဖြူပါသော ကျောက်သားတွင် စိမ်းဝါ(စိမ်းဝါ)ရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို ပဲစိမ်းဝါ(ပဲဆွေးလု)အရည်ကျောက်ဟုသတ်မှတ်ပါသည်။ဆရာဦးဥာဏ်သင်း ၏ မြန်မာ့ကျောက်စိမ်း စာအုပ်မှ ကူးယူဖော်ပြသည်။
www.mohnyinnews.blogspot.com
No comments:
Post a Comment