၁၆၊ ၆၊ ၂၀၁၅ ရက်နေ့၌ မိုးညှင်းမြို့ စိမ်းလဲ့ရတနာခန်းမ၌ ပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ၊ မြစ်ကြီနားမဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် နှင့် မိုးညှင်းမြို့သူ၊ မြို့သားများ တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ မြို့သူ၊ မြို့သားများကိုယ်စား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဇော်ဝင်းမှ နောင်စွန်းတံတားကိုကွန်ကရစ်တံတားအဖြစ်တည်ဆောက်ပေးရေးနှင့် မြို့နယ်ဖွံ့/ထောက်ကော်မတီဥက္ကဌဦးတင်မြင့်မှ မိုးညှင်းမြို့တွင်းဆောက်လုပ်ရေးပိုင်လမ်း ( မြို့တောင်ဖက် တံတားဖြူမှ မြို့မြောက်ဖက် ဆင်ဘိုကုန်းရွာရှေ့ထိ) ကို ၂၄ ပေအကျယ် လမ်းတိုးချဲ့ပေးရေးတို့ကို တင်ပြခဲ့ကြပါသည်။ ဆောက်လုပ်ရေးပိုင်လမ်းအရှည် စုစုပေါင်း ၃ မိုင်ကျော်ကို ၂၄ ပေအကျယ်လမ်းအဖြစ် ယခုဘတ်ဂျက်နှစ် ( သို့ ) လာမည့်ဘတ်ဂျက်နှစ်တွင် တိုးချဲ့တည်ဆောက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းနှင့်တံတားအင်ဂျင်နီယာချုပ်မှ ပြောကြားသွားပါသည်။ နောင်စွန်းတံတားအား ကွန်ကရစ်တံတားအဖြစ်တည်ဆောက်ပေးရေးအတွက် ဦးသိန်းဇော်မှ အထူးညှိုနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ဆက်လက်ပြောကြားသွားပါသည်။
page by
win myint Oo
www.mohnyinnews.blogspot.com
No comments:
Post a Comment