Monday, June 22, 2015
ဖားကန့်မြို့တွင် ဇွန်လ ၂၁ ရက် နံနက်က ကျောက်စိမ်း ကုမ္ပဏီများက စုပုံထားသည့် စွန့်ပစ်မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့၍ ရေမဆေးကျောက်ရှာဖွေသူ သုံးဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၁ ရက် နံနက် ၄ နာရီခန့်က ဖားကန့်မြို့နယ် ဗလခကျေး ရွာရှိ စွန့်ပစ်မြေစာပုံတစ်ပုံပြိုကျခဲ့ပြီး အမျိုးသား သုံးဦးမြေပိသေဆုံးသွားခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှူးက ပြောသည်။
သေဆုံးသူ ရုပ်အလောင်း များကို ဒေသခံများအကူအညီဖြင့် နေ့ချင်းပြန်ဖော်နိုင်ခဲ့ပြီး သေမှုသေခင်းဖွင့်စစ်ဆေးနေကြောင်း သ တင်းရရှိသည်။ ထို့အပြင် ဇွန်လ ၂၁ ရက် နေ့လယ်ကလည်း ဖား ကန့်မြို့နယ် အေ၀မ်းကျေးရွာအုပ် စုတွင် မိုးကြိုးပစ်ခံရပြီး အသက် (၂၁) နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖားကန့်ဒေသတွင် စွန့်ပစ် မြေစာပုံပြိုကျ၍ လူသေဆုံးမှုယခု နှစ်အတွင်း မကြာခဏဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က ဖားကန့်တွင် မြေစာပုံ ပြိုကျမှုကြောင့် လူငါးဆယ်ခန့်အ ထိ မြေစာပုံအောက်သို့ ရောက်ရှိ ခဲ့ကာ အလောင်းကိုးလောင်းသာ ပြန်လည် ရှာဖွေနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သားနှစ်သိန်းကျော်ရှိပြီး မကြာခဏ မြေပြိုမှုများ ကြောင်း တစ်နှစ်လျှင် လူ ၃၀၀ ကျော် သေဆုံးနေသည်ဟု မှတ် တမ်းများအရ သိရသည်။
www.mohnyinnews.blogspot.com
No comments:
Post a Comment