Saturday, November 7, 2015

စင်ပေါ်က သူ နဲ့ သူမ

စင်ပေါ်က သူ နဲ့ သူမ

၁ ။သူမြေပြင်မှာမွေးဖွားလို့ မြေလှေခါးထစ်တွေကို
တဆင့်ချင်းတက်လို့ စင်ပေါ်ရောက်ခဲ့တယ် ။
သူမ
ကောင်းကင်ကကျလာသလို ဘိလပ်ပြန်၊ဗိုလ်ချုပ်သမီး အရှိန်အ၀ါတွေနဲ့ ဘွားခနဲစင်ပေါ်ရောက်ခဲ့တယ် ။

၂ ။သူလူငယ်ဘ၀ အရွယ်ကောင်းမှာ စစ်ပညာသင် ၊
စစ်မြေပြင်ထွက် ၊ ရင်ကိုမြေကတုတ် ၊ မြက်ကိုဖျာခင်း ၊
ဆင်းရဲ ပင်ပမ်းစွာ အသက်နဲ့ရင်းလို့ တိုင်းပြည်ကာကွယ်နေခဲ့တယ် ။
သူမလူငယ်ဘ၀ အရွယ်ကောင်းချိန်
ကမ္ဘာကျော်တက္ကသိုလ်ကြီးမှာ ပညာရှာရင်း ကြင်ယာပါလို့ - အဖိုးကိုခေါင်းဖြတ် သတ်တဲ့ ၊ လူမျိုးကိုကျွန်ဇတ်သွင်းခဲ့တဲ့ ၊ သူ့အဖေတော်လှန်ပြီးစ နယ်ချဲ့နံ့တောင်မပျောက်သေးတဲ့ ၊ ကုလားဖြူ ကိုလူဖွေးကြီးရဲ့ အိမ်ရှင်မ လုပ်နေခဲ့တယ် ။

၃ ။သူလုပ်ပိုင်ခွင့်ရှိတာနဲ့ အရင်ကလုပ်ခဲ့တဲ့
မြစ်ဆုံစီမံကိန်းကြီးကို ပြည်သူရဲ့ဆန္ဒ ၊ ဧရာဝတီရဲ့သစ္စာကို စောင့်သိလို့ တရုတ်ကြီးမျက်နှာတောင်မငဲ့ ၊ သူ ရပ်ဆိုင်းပြခဲ့တယ် ။ လုပ်ပိုင်ခွင့်ရှိတာနဲ့ အကောင်အထည်ဖော်တော့မဲ့ ဒဂုံ မြို့သစ် အိမ်ယာစီမံကိန်းကြီးကို ပြည်သူ့ဆန္ဒ နဲ့ ရွှေတိဂုံစေတီတော် သာသနာအရိပ်ကို ငဲ့လို့ အပြီးဖျက်သိမ်း ပြခဲ့တယ် ။

သူမဆုံးဖြတ်ပိုင်ခွင့်ရှိပါလျက်
အရင်ကလုပ်ခဲ့တဲ့ လက်ပန်တောင်းတောင်စီမံကိန်းကြီး
စီးပွားရေးတိုးတက်မှုမျက်နှာ ၊ စိတ်ဆိုးလာတဲ့တရုတ်ကြီးမျက်နှာတွေ နဲ့ ဒေသခံတို့ရဲ့ မျက်ရည်ကို ကျောခိုင်းခဲ့တယ် ။ ဆက်လုပ်စေ ဆိုရုံမျှ မက ၊ လယ်တီသိမ်ဖျက်စေ ဆိုတာကြောင့် ရွာသူတွေပိုနာခဲ့တယ် ။ သူမ ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ရင် ဒေါ်ခင်ဝင်းတောင် သေစရာမလိုပါဘူးလေ ။ ( ဒီမှာ ကိုပိန်းလေးတို့ရဲ့ တုတ်နဲ့ပစ်လို့ ပစ်တဲ့တုတ်ကို လိုက်ကိုက် လိုက်ဟောင်တဲ့ ခွေးလိုမနေကြပါနဲ့ ၊ တုတ်နဲ့ပစ်သူကိုလိုက်ရှာ တချက်ထဲအသေခဲတဲ့ ခြင်္သေ့လိုနေကြပါ )

၎ ။သူငြိမ်းချမ်းရေးနိုဘယ်လ်ဆုမရပေမဲ့
နယ်ချဲ့တို့အချွန်နဲ့ မ ခဲ့ချိန်ကစ ၊ ဖြစ်လိုက်တဲ့ပြည်တွင်းစစ် ၊ သမ္ဘာရင့် တိုင်းရင်းသားလက်နက်ကိုင်ကြီးတွေကို ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်ဆွဲတင် ၊ အပစ်ရပ် ငြိမ်းချမ်းရေးစာချုပ်တွေ မြန်မာပြည်အတွက် ချုပ်နိုင်သလောက်ချုပ်ခဲ့တယ် ။

သူမနေအိမ်အကျယ်ချုပ်နဲ့ ဘာမှမလုပ်ရပါပဲ
ဂရုဏာအမှတ်ပေးတာလား ၊ ငါးစာချတာလားမသိ ၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဖြစ်ခဲ့တယ် ။ ကမ္ဘာကပေးလို့ မြန်မာနဲ့မဆိုင်လို့လားမသိ ၊ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွေမှာ သူမ ကို မတွေ့ရတာ အံ့သြ၀မ်းနဲစရာပဲနော် ။

၅ ။သူမြန်မာသမ္မတအဖြစ်နဲ့ ကမ္ဘာအနှံ့သွား ၊
မျက်နှာအငယ်ခံ ၊ အောက်ကျို့ခံပြီး အရင်လူလုပ်ခဲ့သမျှ နိုင်ငံတကာ ကြွေးမြီတွေ လျှော်ပစ်စေခဲ့ ၊ နိုင်ငံတကာပိတ်ဆို့မှုတွေ ဖွင့်လှစ်စေခဲ့ ၊ ပြည်သူတွေအသက်ရှုချောင်ဖို့ သူ့ ရင်ဘတ်ထဲ နှလုံးစက်ကြီးထဲ့လို့ ဒီလောက်လုပ်ခဲ့ပေမဲ့ ကမ္ဘာပေါ်မှာ အဆဲအခံရဆုံး သမ္မတပါ ။
( ရိုင်းလိုက်တဲ့ ပြည်သူတွေရယ် )

သူမကမ္ဘာကျော်နိုဘယ်လ်ဆုရှင်ကြီးအဖြစ်နဲ့ နိုင်ငံအနှံ့သွား ၊
ဆုတွေ တခုပြီးတခုယူ ၊ မျက်နှာပန်းပွင့် ၀ံ့ကြွားစွာနဲ့ သူမ ပြောနေတာကတော့ - ( မြန်မာနိုင်ငံကို သိပ်အကောင်းမမြင်ကြပါနဲ့ဦး ၊ စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လုပ် ပေးပါဦး ) တဲ့ ၊ ဒီလို တိုင်းပြည်သစ္စာဖောက်လုပ်ရပ်တွေ လုပ်နေ၊ပြောနေပေမဲ့ မြန်မာပြည်ပြန်ရောက်ရင်တော့ အမေ အမေ နဲ့ လူတွေအချစ်ခံရဆုံး ဖြစ်နေပြန်ရော ။ ( ရူးလိုက်တဲ့ ပြည်သူတွေရယ် )

၆ ။သူအရင်လူတွေ ခိုးသွင်းလာတဲ့ ခိုးဝင်ဘင်္ဂါလီတွေရဲ့
ဝှိုက်ကဒ်ကို မဲပေးခွင့်မရှိအောင် ဟန့်တားခဲ့တယ် ။ ရခိုင် ပြည်သူတွေရဲ့ မျက်ရည်ကိုသူမြင်ပြီလေ ။

သူမလှေစီးဒုက္ခသည်တွေ မြန်မာပြည်ကပါ (ဗြောင်ညာလို့) နိုင်ငံသားပေးသင့်ကြောင်း တောင်းဆိုခဲ့တယ် ။ ရခိုင် ပြည်သူတွေရဲ့ မျက်ရည်တွေကို အကြိမ်ကြိမ်နင်းချေရင်းနဲ့လေ ။

၇ ။သူအမျိုးစောင့်ဥပဒေကို ပြဌာန်းအတည်ပြုလို့ ဗုဒ္ဓဘာသာဝင် ၊ သာသနာစောင့်မင်းတပါးအဖြစ် မော်ကွန်းထိုးခဲ့ပြီ ။

သူမအမျိုးစောင့်ဥပဒေကိုကန့်ကွက် ၊ (ဘုန်းကြီးတွေတော်တော်ကြောင်တာပဲ) ဆိုတဲ့ ရှေ့ဆောင်စကားကြောင့် ဘုရားသားတော်သံဃာတော်တွေကို ဗုဒ္ဓဘာသာဝင်တွေက မိုက်ရိုင်း၊စုတ်ပဲ့စွာ ဆဲဆိုနေကြတဲ့ ခေတ်ပျက်ကြီး ကို ရောက်စေခဲ့လို့ ဗုဒ္ဓဘာသာ သာသနာဖျက်မ အဖြစ် ( ကျနော်တို့ ရင်ထဲမှာ) မော်ကွန်းထိုးလိုက်ပါပြီ ။

- - - - - - - - - - - -

ပြည်သူ ပရိတ်သတ်ကြီး ခင်ဗျား - - -

အဲဒီလို ( သူ ) နဲ့ ( သူမ ) ကို ခင်ဗျားတို့စင်ပေါ် တင်ပေးလိုက်ပါပြီ ။ ခင်ဗျားတို့ ကြိုက်တာရွေးလို့ ခင်ဗျားတို့ အနာဂါတ်ကို ကြိုက်သလိုပုံဖော်ကြပါ ။ (သဗ္ဗေသတ္တာကမ္မသကာ) ဆိုတာ ကိုယ်ဖြစ်ကိုယ်ခံ ပါ ခင်ဗျား ။

Copy ထိန်လင်း နောင်

No comments:

Post a Comment