အင်းတော်ကြီးရဲ့ ငြီးတွားသံ
========================
အင်းတော်ကြီးဆိုတာ
ငါ၏ဖွါးရာမြေ ငါ့ဇာတိပေ
သာဘာဝရေမြေ စိမ့်စမ်းတွေနဲ့
မြေခံကောင်းပါရဲ့ ချွေးနဲ့ရင်းတဲ့
တို့လယ်ယာ ဘာကြောင့်မဖြိုးပါလိမ်။့
အင်းတော်ကြီဟာ ငါ့ဒေသပါ
ကျွန်းသစ်တွေလဲ ပေါလှပါရဲ့
ရွှေတွင်းတွေလဲ ပေါက်ကရပါကွဲ့
ကျောက်စိမ်းမြေလဲ မဝေးပဲ
ချွေနည်းစာနဲ ငွေတွင်းမွဲ
ဘာ့ကြောင့်ဆင်းရဲ တာရှည်မွဲပါလိမ့်။
အင်းတော်ကြီးမှာ ရေကြည်ဖြာ
ငါးမျိုးစုံလျှက် ငါးသန်တက်ရဲ့
သားမျိုးစုံစွာ မာလာထုံသင်း
ငှက်အောက်ချင် သင်းဖွဲ့ပျံပါလျှက်
ခုတော့
မျက်စိမအေး ပန်းမမွှေးပဲ
ငါးလေးလဝါ ခုဘယ်မှာလဲ
ငှက်ကျေး မာလာ အောက်ချင်းပျံစရာ
တောရယ်မသာ ရေမပြာတော့။
ငါမွေးဖွါးရာ အင်းတော်ကြီးမှာ
စာကားမဖတ် ဗဟုသုတငတ်တော့
ဘိန်းတွေပဲရှူ အပြင်းထူ၍
ဆင်းရဲသူတွေ များလေပြီ။
အင်းတော်ကြီးသား စိတ်အားပြည့်ဖို့
ပညာရေးအခြေ တိုးမြင့်စေဖို့
ခါးသီးတဲ့ဘဝ တွန်းလှန်ကြဖို့
ကိုယ့်မွေးရပ်ရွာ ကာကွယ်နိုင်ဖို့
ဗဟုသုတတွေ လိုနေပြီ။
ငါ၏မွေးရာ အင်းတော်ကြီးကို
ဟိုးအရင်တိုင်း လှမြဲတိုင်လှစေဖို့
ရိုးသားပြည်သူ နလံထူဖို့
ထွက်သမျှသီးနှံ ရွှေကျောက်သစ်ကျွန်း
ဈေးကွက်ထွန်းလို့ လမ်းကောင်းဖို့
ခေါင်းဆောင်ကောင်းတွေ လိုနေပြီ။
ငါ၏ချက်ကြွေ မွေးရပ်မြေ
အင်းတော်ကြီး ငိုငြီးတွားသံ
ငါမခံနိုင်လို့ မျက်ရည်စို့ကာ
တိုက်တွန်းပါသည်
အင်းတော်ကြီးရဲ့ မျက်ရည်ကို
ဘယ်သူသိမ်းမလဲ့  ။
ကဲ့  ပြောကြည့်စမ်းပါ
ချစ်ဆွေတို့ 
Myintmyat Kyaw
Inndawgyi Land
4.7.2015
၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ
No comments:
Post a Comment