ခေတ်စား လာတဲ့ တက်တူး ထိုးခြင်း နဲ့အတူ ကီးလွိုက်ခေါ် အသားစိုင် များဖြစ်ပေါ်လာမှု အကြောင်း သိကောင်းစရာ များကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး မှ အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာလင်းထက်နှင့် တွေ့ဆုံမေးမြန်းဖော်ပြပေးလိုက်ပါတယ်။
တက်တူး ထိုးတဲ့ အခါမှာ ကီးလွိုက်လို့ခေါ်တဲ့ အသားစိုင်တွေ တက်တတ်တဲ့ အရေပြား ပိုင်ရှင်တွေနဲ့ ပတ်သက်ပြီးတော့ ကီးလွိုက်က ဘယ်လို ဖြစ်လာတယ် ဆို တာ ပြောပြပေးပါ။
တက်တူး ထိုးတယ် ဆိုတာ အရောင် တွေကို လူ့အရေပြားထဲ ထိုးထည့်လိုက် တယ်။ အနက်ရောင် ဆို အနက်ရောင် အနီရောင် ဆို အနီရောင်။ အဲဒီ အရောင် တွေကို အရေပြားထဲ မှာရှိနေတဲ့ မိုက်ခရို ပစ်ဂ်မန့်တွေက လာချတယ်။ လာဆော် တဲ့ အခါကျတော့ ဒီအရောင်လေးတွေ က အဲ့ဒီနားမှာ စွဲသွားတယ်။ တက်တူးတွေ ကစွဲသွား တယ်။ ဖျက်လို့ မရတော့ဘူး။ ဒါကြောင့်မို့ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဆိုတာ အဲဒီသဘော ပါပဲ။ ဖျက်ဖို့ တအား ခက်တာကိုး။ တက် တူးထိုးတဲ့ သဘော တရားက အဲဒီ အရေပြားထဲကို ထိုးထည့် လိုက်တော့ ဒဏ်ရာ ဘယ်လောက်ရ သွားသလဲဆိုတာ ပေါ်မူတည်ပြီး ခန္ဓာကိုယ်က ပြုပြင်မှု တွေလုပ်တယ်။ ဒဏ်ရာ နည်းနည်း ရရင် နည်းနည်းပြုပြင်တယ်။ များများရရင် များများပြုပြင်တယ်။ ပြုပြင်မှု အပေါ် မူ တည်ပြီး ကီးလွိုက် တက်တာကွာတယ်။
ဘယ်လိုလူမျိုးတွေက ကီးလွိုက် ဖြစ်နိုင်ပါသလဲ။
ကီးလွိုက် အဖြစ်နိုင်ဆုံး လူဆိုတာ သတ်သတ် ရှိတယ်။ တစ်ခုခုဖြစ်ရင်သူ ကကီးလွိုက်ဖြစ်နိုင်တယ်။ အဲဒီတော့ ကီးလွိုက်ဖြစ်နိုင်တဲ့ သူက တက်တူးထိုး ရင် ဖြစ်ဖို့ ရာတော်တော် များတယ် ဘာလို့ လဲဆိုတော့ ရောင်ခြယ် ပစ္စည်း လေးတွေ အနည်းဆုံး အရေပြားရဲ့ Demage ဆိုတဲ့ အလွှာအထိ ထည့်ပေးတယ်။ အဲဒီ အလွှာနဲ့ ထိပြီ ဆိုရင် ဘယ်လောက် ပြင်းထန်ပြီး ပျက်စီးသွားသလဲ ဆိုရင် တအား ပျက်စီးသွားရင် ခန္ဓာကိုယ်က တအားပြုပြင်တော့ ကိုယ်ကိုယ်တိုင် က ကီးလွိုက် ဖြစ်နိုင်ခြေ ရှိတဲ့ အ တွက် အဲဒီ ပြုပြင်မှု က ကီးလွိုက်ဆိုတဲ့ အသားပို အဖု အလုံးကြီးတွေ ထလာတယ်။ အဲ့ဒီတော့ သာမန် ဆိုရင်တော့ပြဿနာ မရှိဘူး။ အစ ကတည်းက ကီးလွိုက်ဖြစ်ဖို့ မပါလာ တဲ့ သူဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ကီးလွိုက် ဖြစ်နိုင်တဲ့သူ ဆိုရင်တော့ ဖြစ်နိုင်တယ်။
ကီးလွိုက် ဘယ်လိုလူတွေ ဖြစ်နိုင် တယ်။ ဘယ်လိုလူတွေ မဖြစ်နိုင်ဘူး ဆိုတာတော့ မှန်းရ ခက်တယ်။ ကီးလွိုက် ဖြစ်ဖို့ကတော့ ခုချိန်ထိ ကောင်းကောင်း မသိသေး ဘူးပေါ့နော်။ အသားဖြူတဲ့သူ တွေထက်စာရင် အသားမည်းတဲ့ သူတွေ မှာ ဖြစ်နိုင်ခြေ ပိုများတယ်။ အသားမည်း တဲ့သူက ၁၅ ဆ ပိုဖြစ်နိုင်တယ် လို့တောင် ပြောတယ်။ ဘယ် အရွယ်တွေ ဖြစ်မှာလဲ မှန်းမရဘူး။ မျိုးရိုးဗီဇက ပါလာတာပေါ့။ ဖြစ်မယ့် သူကတော့ အသက်အရွယ် မရွေး ဖြစ်မှာပဲ။ အဖြစ်များတဲ့ သူတွေကို ကြည့်လိုက် ရင်တော့ အသက် ငယ်တဲ့သူ တွေမှာ ပိုဖြစ်တယ်။ အသက် ဆယ်နှစ် ကနေ အသက် သုံးဆယ်ကြားတွေမှာ အဖြစ် များနေတယ်။ ဘာလို့ အဲဒီအရွယ် တွေ ဖြစ်တာလဲ ဆိုတော့ အဲဒီ အရွယ်တွေ က ထိခိုက်ဒဏ်ရာရ အလွယ်ဆုံး အချိန် မှာ ဖြစ်နေတာကိုး။ ကီးလွိုက်ဖြစ်ဖို့ ပါလာတဲ့ လူကတော့ ကြိုက်တဲ့အချိန် ဖြစ်လို့ ရတယ်။ အသက်အရွယ်က အဖြစ် များတာကိုပဲ လေ့လာ တွေ့ရှိတာ ပေါ့။ ဒီအသက် အရွယ်မှာမှ ဖြစ်မယ်လို့ ပြောတာ မဟုတ်ဘူး။ အဲဒီတော့ ယောက်ျား မိန်းမ မရွေး ဖြစ်ဖို့ပါလာရင် ဖြစ်မှာပဲ။
ကီးလွိုက်က တက်တူးထိုးမှ ဖြစ် တာလား။ တခြားအကြောင်းရင်းတွေ ကြောင့်ကော ဖြစ်နိုင်ပါသေးလား။
ကီးလွိုက် ဆိုတာကတော့ တက်တူး ထိုးမှရယ် မဟုတ်ဘူး။ ဒဏ်ရာရတယ်။ အရေပြားရဲ့ ဒုတိယအလွှာ Demage ဆိုတဲ့ အလွှာ ပါသွားရင် ကီးလွိုက်ဖြစ် နိုင်ခြေ ရှိတယ်။ ကီးလွိုက်ဖြစ်နိုင်တဲ့ သူ တစ်ယောက် ဆိုရင်ပေါ့။ သာမန်လူ တစ်ယောက် ကီးလွိုက် မဖြစ်နိုင်တဲ့ သူမှာ ဆိုရင်တော့ အမာရွတ် အနေနဲ့ ဖြစ်လာ တယ်။ ဖြစ်နိုင်တဲ့ သူ ဆိုရင်တော့ အဲ့ဒီ ထက် ပိုဆိုးတာပေါ့။
ကီးလွိုက် မဖြစ်အောင် ဘယ်လို ကာကွယ် သင့်ပါသလဲ။ ဖြစ်လာရင် ဘယ်လို ကုသမှုတွေ ပေးနိုင်ပါသလဲ။
ကိုယ် ငယ်ငယ်တုန်း က ထိမိခိုက် မိတဲ့ ဒဏ်ရာတွေက ကီးလွိုက်တွေ ထလာပြီ ဆိုရင် ဒဏ်ရာ မရအောင်ရှောင်၊ နားဖောက်တာတွေ၊ တက်တူး ထိုး တာ တွေ ကို ရှောင်နိုင်ရမယ်။ ကြိုတင်ကာ ကွယ်တာ ကတော့ အကောင်းဆုံးပါပဲ။ ဖြစ်လာမှ လုပ်တာ ထက်စာရင် ကောင်း တာကတော့ ကာကွယ်မှုပဲ။ အဲတော့ မဖြစ်ခင်ပေါ့ ကိုယ် က ဒါမျိုးဖြစ်တတ် တယ်ဆိုရင်တော့ မဖြစ်ခင် ကာကွယ်ပေါ့။ ကုသမှုပိုင်း မှာလည်း ဘယ်ဟာမှ လည်း စိတ်ကျေနပ်စရာ မကောင်းဘူး။ တချို့ က ဒါကြီးကို လှီးထုတ် ကြတာ ရှိတယ်။ အဲ့ဒီအတွက် လည်း ဒဏ်ရာရတာပဲ လေ။ ဒဏ်ရာကြီးက ကျေနပ်လောက် စရာမရှိဘူး။ သေးအောင်ပဲ လုပ်လို့ရ တယ်။ ကျုံ့ပြီးတော့။ အလုံးကြီး လာရင် သေးသွားအောင် မကြာခဏ ဆိုသလိုပဲ ဆေးခန်းတွေ လာရတတ် တယ်လေ။ ကီးလွိုက်ကို ဖျက်ဖို့ ဆိုပြီး။ ဒါတွေက ဘေးထွက် ဆိုးကျိုးတွေ များတယ်။ အဲဒီတော့ မဖြစ်အောင် ကြိုတင် ကာကွယ် တာ အကောင်းဆုံးပဲ။ လေဆာ နဲ့ပစ်တာ မျိုးတွေ သေးအောင် လုပ်တာမျိုးတွေ က ပြောရတယ်လေ။ လုံးဝ ကြီးစင်း လုံး ချော ကြီး ချောပြီး လှသွားတာ မဟုတ်ဘူး။
ကီးလွိုက်ကြောင့် အဆိုးရွားဆုံး ဘယ်လောက်ထိ ထိခိုက်နိုင်ပါသလဲ။
အဆိုးရွားဆုံး ထိခိုက်မှုက ဘာမှ မဖြစ်ဘူး။ ကင်ဆာ ပြောင်းနိုင်ခြေက နည်းပါတယ်။ အလုပ်လုပ်ဖို့ အဆင်မ ပြေတာတွေ အတွက်ပဲ ဖြစ်တတ်တယ် ဆိုပါစို့။ အရမ်းကို တင်းပြီး ဘေးကို ကားတက် လာတော့ နာတာပေါ့။ ရင် ဘတ်လို နေရာမျိုးမှာ အရေပြား သိပ် မရှိတော့ အတင်း ထိုးပြီး ဘေးကားလာ တော့နာတယ်။ ဝမ်းဗိုက် လို နေရာ မျိုး မှာဆိုရင် နေရာရှိတော့ ဘာမှမဖြစ်ဘူး။ အေးဆေးပဲ။ နေရာပေါ်မှာ မူတည်တာ ပေါ့။ ဆိုးကျိုးတော့ ဘာမှ မရှိဘူး။ ကြည့် မကောင်းတာ ကလွဲလို့
No comments:
Post a Comment