Tuesday, September 2, 2014

မိုးညှင်းသတင်းရဲ့ဗေဒင်











Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
လုပ်ငန်းကိစ္စများ စတင်ကောင်းမွန်လာမည့်နေ့ပင်။ လုပ်ငန်းကြီး လုပ်ကိုင်သူများဖြစ်ပါက ကြော်ငြာကဏ္ဍ အရေးပါသည်ကို မမေ့သင့်ပေ။ ရာထူး၊ အလုပ်အကိုင် စသည့်တက်လမ်းများသည် လူမှုဆက်ဆံရေးနှင့် ဆက်နွယ်မှုရှိသည်ကိုလည်း မမေ့သင့်ပေ။ အလုပ်အကိုင်သစ်၊ နယ်ပယ်သစ်အား လေ့လာရန် ကောင်းမွန်သောအချိန်ပင်။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
အိမ်နှင့် အလုပ်အကိုင်တွင် ပြဿနာတက်လာနိုင်သည့် အရိပ်အယောင်များ ဖြစ်နေမည်။ ကိရိယာတန်ဆာပလာများ ချို့ယွင်းခြင်း၊စက်ပစ္စည်း ပြဿနာပေါ်ခြင်းများ ရှိနိုင်သည်။ သင်အမြဲတွေ့နေသည့် လက်တွဲဖော်၊ သူငယ်ချင်းမိတ်ဆွေများနှင့် ပြဿနာတက်နိုင်သည်။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
မမျှော်လင့်သည့် အရေးတကြီး ခရီးထွက်စရာများ ကြုံရနိုင်သည်။ လမ်းခရီးနှင့်ပက်သက်၍ အဆင်မပြေ ဖြစ်ပေါ်လာနိုင်မှု အလွန်များနေသည်။ ရလဒ်အနေဖြင့် အလုပ်နောက်ကျခြင်းများ၊ အချိန်ကုန်ခြင်းများရှိမည်။ ကားမောင်းသင်ခြင်းများ၊ မကျွမ်းကျင်သည့် နည်းပညာနယ်ပယ်တွင် ပါဝင်ပက်သက်ခြင်းများ ရှောင်ထားသင့်သည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
ငွေရေးကြေးရေး၊ အလုပ်အကိုင်၊ နည်းပညာ စသည့်နယ်ပယ်တွင် နောက်တစ်ဆင့်တက်ပြုလုပ်ရန် ကောင်းသော အချိန်ပင်။ လက်ရှိဝင်ငွေနှင့်ပက်သက်၍ ပြန်လည်တွက်ဆမှုများ၊ အပြောင်းအလဲ ပြုလုပ်ခြင်းများရှိမည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
ယနေ့သည် Leo တို့ တက်ကြွနေသောနေ့ ဖြစ်သည်။ အားကစား၊ အလုပ်အကိုင်၊နည်းပညာ စသည့်နယ်ပယ်တို့တွင် သင်ယူလိုစိတ် ပြင်းပြနေသောအချိန်ဖြစ်သည်။ ခေါင်းမာခြင်းအား ရှောင်ထားပါ။ စွန့်စားရမည့်လုပ်ငန်းမျိုးအား မရွေးချယ်သင့်သော အချိန်လည်းဖြစ်သည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
တစ်စုံတစ်ခုအား ပြောင်းလဲလိုစိတ်၊ အလုပ်အကိုင်သစ် ပြောင်းလဲလိုစိတ်များ အလွန်ပြင်းထန်နေသော ကာလဖြစ်သည်။ စွန့်စားကြည့်ချင်သောလူမျိုးဖြစ်ပါက အပြောင်းအလဲလုပ် ကြည့်သင့်သည်။ သို့သော် အခြေအနေအား အဖက်ဖက်မှ တွက်ဆပြီးမှသာ ပြုလုပ်သင့်သည်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
လူမှုဆက်ဆံရေးကောင်းသော Libra တို့သည် အလွန်ရင်းနှီးသော လူတစ်ဦးကြောင့် အန္တရယ်များသော ကိစ္စများတွင် ပါဝင်ပက်သက်ရနိုင်သည်။ စက်ပစ္စည်း ဝယ်ယူခြင်းအတွက် ကောင်းသောနေ့ပင်။ မိတ်ဆွေ သူငယ်ချင်းသစ်များရနိုင်သည်။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
ဘဝသည် မတည်မငြိမ်ဖြစ်နေမည်။ ကင်းမြီးကောက်တို့သည် အပြောင်းအလဲ ပြုလုပ်သင့်သောအချိန်ပင်။ စက်တင်ဘာ ၂ ရက်သည် စီးပွားရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း စသည့် နယ်ပယ်တို့တွင် အပြောင်းအလဲလုပ်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။ ထိုကဲ့သို့ ပြောင်းလဲခြင်းကြောင့် စိတ်ဖိစီးမှုများ၊ စွန့်လွတ်ရသည်များရှိသော်လည်း ရွေးချယ်ရမည့်လမ်းပင်။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
အကောင်းမြင်စိတ်ထား ရှိလွန်းသောကြောင့် မစဉ်းစားဘဲ လုပ်မိသည့်ကိစ္စများက ဒုက္ခပေးလာနိုင်သည်။ ကြိုတင်တွက်ဆမှုအနည်းဆုံး Sagittarius တို့သည် ပြဿနာ အတက်နိုင်ဆုံးပင်။ ဂရုစိုက်ပါ၊ ကံကောင်းသော်လည်း အန္တရယ်ရှိသော ပြဿနာများနှင့် ကြုံရနိုင်သည်။ စကားနည်းနည်းသာ ပြောသင့်သောအချိန်ဖြစ်သည်။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
ဖြစ်ချင်ရာဖြစ် ပြုလုပ်ခြင်းများအတွက် အချိန်ကောင်း မဟုတ်ပေ။ မစတင်မီ လုံခြုံမှုရှိမရှိ ကြိုတွေးသင့်သည်။ ရေရှည်ရည်မှန်းထားသည့်ကိစ္စများ အနှောင့်အယှက် ကြုံနေရသည့် အချိန်ပင်။ ပုံမှန်နေထိုင်မှုပုံစံအား  အနှောင့်အယှက်ပေးသူ များနေမည်။ အလွန်ရင်းနှီးသောသူများနှင့် ပြဿနာတက်နိုင်သည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
ယနေ့ လူအများနှင့်စကားပြောရာတွင် သတိထားပါ။ ခေါင်းအလွန်မာသူများ၊ အပြုသဘောမဆောင်သူများနှင့် ကြုံရနိုင်သည်။ ထိုလူတို့၏ တွေးပုံများသည် သင်နှင့် အလွန်ခြားနားသည်ကို တွေ့ရမည်။ ပြိုင်ဘက်များပေါ်နေသော ကာလလည်း ဖြစ်သည်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ပြင်ဆင်ခြင်းများ၊ပြုပြင်ပြောင်းလဲခြင်းများကို အားပေးသော နေ့ပင်။ ပစ္စည်းတပ်ဆင်ခြင်းများတွင် ပြဿနာရှိနိုင်သည်။ နည်းပညာ မြင့်မားသောပစ္စည်းများအား အကျွမ်းတဝင်ဖြစ်အောင် ပြုလုပ်ရနိုင်သည်။ ရှေးရိုးဆန်လွန်းသူများ၊ ရှေးရိုး အတွေးအခေါ်များကို အလွန်ယုံကြည်သူများနှင့် ကြုံရနိုင်သည်။

No comments:

Post a Comment