Thursday, January 22, 2015

မိုးညှင်းက ဒေါ်စုရဲ့လူတွေဖတ်ရန် ဗိုလ်ချုပ်အောင်ဆန်း သမီးရော သူရဲကောင်းတွေ မွေးထုတ်ပြီးပလား



ဗိုလ်ချုပ်အောင်ဆန်း သမီးရော သူရဲကောင်းတွေ မွေးထုတ်ပြီးပလား

အာရှသူရဲကောင်း ဗိုလ်အောင်ဆန်းသီချင်းထဲကစာသားအ တိုင်း မြန်မာနိုင်ငံ မိဘအပေါင်းတို့က နိုင်ငံ အတွက် အကျိုးပြုပေးနိုင်မည့် အနာဂတ် ခေါင်းဆောင်များ မွေးထုတ်ပြီး ဗိုလ်ချုပ်အောင် ဆန်း နှစ်၁ဝဝပြည့်မွေး နေ့ လက်ဆောင် အဖြစ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည် သူများအား တိုက်တွန်းလိုက်တယ်လို့သိရပါတယ်။ ''မြန်မာနိုင်ငံမိဘအပေါင်းဟာ သူရဲကောင်းများ၊ အာဇာနည်များ မွေးထုတ် ရမယ်ဆိုတဲ့ အဓိပ္ပာယ်က နိုင်ငံအကျိုးကို ထမ်းဆောင်နိုင်မယ့်ကလေးများ၊ ခေါင်းဆောင် များ၊ နောင်တခေတ်မှာ လူကြီးများဖြစ်လာ မယ့် ကလေးများကို ပြုစုပျိုးထောင်ရမယ်လို့ ပြောခြင်းဖြစ်ပါတယ်။
ဒါကြောင့် တိုက်တွန်း ချင်တာကတော့ ကျွန်မတို့ရဲ့ ပြည်သူလူထု အားလုံးဟာ နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်များမွေးဖွားလာနိုင်အောင်လို့၊ ပေါက် ဖွားလာနိုင်အောင်လို့ ဝိုင်းဝန်းပြီးတော့ နှစ် ၁ဝဝပြည့်မွေးနေ့မှာ လက်ဆောင်အဖြစ် လုပ်ပေးကြပါလို့ ဆိုချင်ပါတယ်''ဟု ဇန်န ဝါရီ ၃ရက်က ပဲခူးတိုင်းဒေသကြီးတွင် ပြုလုပ် သည့် ဗိုလ်ချုပ်နှစ် ၁ဝဝပြည့် မွေးနေ့အကြို လူထုဟော ပြောပွဲတွင် ထည့်သွင်းပြောကြား ခဲ့တာပါ။တချို့က တရွှီးရွှီးတဖြောင်းဖြောင်းနဲ့ လက်ခုပ်သြဘာတွေပေးကြလို့။
ကျုပ်တော့ အပေါစား စည်းရုံးရေးစကားလို့ပဲထင် တယ်ပြောရင် ခင်ဗျားဟာအတော်လေး အကောင်းမြင်စိတ်မရှိသူပါလားလို့ပြောကြမယ်ထင်ပါတယ်။ထင်ချင်လဲ ထင်ပေါ့လေ။ကိုယ်ထင်တာ ကိုယ်ပြောရတာကိုက ဒီမိုကရေစီအရသာမဟုတ်လား(ပလပ်..ပလပ်)။
ကျုပ်ပြောကြည့်မယ် မိတ်ဆွေတို့စဉ်းစားကြည့်လေ။ဗိုလ်အောင်ဆန်းသီချင်းထဲက ဗိုလ်အောင်ဆန်းလို
သူရဲကောင်းတွေ မွေးထုတ်ပေးပါလို့ဒေါ်အောင်ဆန်းစုကြည်ကပြောတော့ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်ဟာ ဘယ်ထောင့်ဘယ်နေရာမှာငိုနေရှာမလဲ။ဗိုလ်ချုပ်ရဲ့ တစ်ဦးတည်းသောသမီးအရင်းခေါက်ခေါက်ကြီးက အမျိုးမချစ် လို့ အမြစ်ကိုချိုးပြီးကာမှ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမေးပေးကြပါပြောတော့ ဗိုလ်ချုပ်ခဗျာ ဘယ် ရှက်ရှာမလဲ။တကယ်သာ ဒီစိတ်မျိုး ဒေါ်အောင်ဆန်းစုကြည်မှာ ရှိရင် အစကတည်းက လင်ယူမပက်စက်သင့်ဘူး မဟုတ်လား။အိမ်ထောင်ပြုတုန်းကလည်း ဘယ်သူစကားမှနားမထောင်၊
ကာမဂုဏ်နောက်ကိုလိုက်လို့တားတဲ့သူ တွေတောင် ရန်သူဖြစ်လို့မခေါ်နိုင်မပြောနိုင်နဲ့။
အကိုအရင်းတောင် ရန်သူအမှတ်နဲ့ဆက်ဆံသူက ငြိမ်းချမ်းရေးနို ဗယ်ဆုရလိုရ။ကောင်းရောပေါ့ဗျာ။
သူများတွေကို ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးပေးဖို့ပြောတော့ ကိုယ်ကရော ဗိုလ်အောင်ဆန်းရဲ့သွေးကို ဗိုလ်အောင်ဆန်းလိုတွေး၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းဖြစ်ဖို့သွန်
သင်ပေးခဲ့ဖူးလား။သူကမှ တကယ့်အောင်ဆန်းသွေးသားအရင်းကြီးနော်။အခုတော့ သင်္ဘောပင်အစစ်က သရက်ပင်တွေကို လက်ညှိုးထိုးပြီးသဘောင်္သီးလို သီးကြပါလို့ပြောသလိုဖြစ်နေပြီ။သရက်ပင်က သရက်သီး သီးတာ ရှက်စရာမဟုတ်ပေမယ့်.သဘောင်္ပင်က သင်္ဘောသီးမသီးတာတော့ ဘိုဘွားသင်္ဘောပင်တွေကို မျက်နှာ နာစရာပါ။
ခက်တော့နေပြီပေါ့ဗျာ။ ငါပြောသလိုလုပ် ၊ငါလုပ်သလို မလုပ်နဲ့ဆိုတာမျိုးလားတော့ မသိပေါင်ဗျာ။
ဒါပေမယ့်လူငယ်တွေကိုလမ်းမှားမလိုက်မိစေဖို့အမှားသရုပ်ပြရတာပါဆိုရင်တော့ ဘ၀နဲ့ ရင်းခဲ့ရတာမို့ ကျွန်တော်က အားနာမိပါရဲ့။အခုတော့ မြင်နေတွေ့နေရတာတွေက ဒူလာသည် လျှက်ဆားရောင်းသလို ကိုယ်ကတော့ ချောင်းတဟွတ်ဟွတ်နဲ့ ချောင်းဆိုးပျောက်ဆေးရောင်းနေသလိုပဲ ဗျာတို့ရေ..။
နောက်ဆုံးတစ်ခုပဲ မေးလိုပါတယ်။ ဗိုလ်ချုပ်ရဲ့သမီးအရင်းခေါက်ခေါက်ကရော တိုင်းပြည်အတွက်လိုအပ်တဲ့
သူရဲကောင်းမွေးထုတ်ပေးခဲ့သလားလို့။
ဦးလှမောင်













မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

No comments:

Post a Comment