Monday, January 19, 2015

ရတ တမခ ၆၆ သို့  ဆက်သွယ်မေးမြန်းချက်



ရတ တမခ ၆၆ သို့  ဆက်သွယ်မေးမြန်းချက်

ကေအိုင်အေ ရင်း၆ က ဖမ်းသွားတဲ့ ...
ဓားစာခံ ရဲတွေနောက် ...
ကျွန်တော်တို့  တစ်ညလုံး လိုက်တယ်...

၁၅ ရက်နေ့  မနက်
အောင်ဘာလေရွာနဲ့ 
ကိုက်၂၀၀၀ လောက်အကွာမှာ
စတိုက်ပွဲဖြစ်တယ် ...

နေ့ လည်လောက်မှာ ...
အဲဒီ ပတ်ဝန်းကျင်က ကုန်းတွေ ...
ကျွန်တော်တို့  အားလုံးသိမ်းလိုက်တယ် ...

၁၆ ရက်နေ့  မှာ ...
ကျွန်တော်တို့  အားလုံး ...
အခိုင်အမာ နေရာယူထားပြီးပြီ ...
တိုက်ပွဲလဲ ထပ်မဖြစ်တော့ဘူး ...

အောင်ဘာလေက ရွာသားတွေက ...
၁၅ ၁၆ ရက်နေ့ ထိ ...
ရွာထဲမှာ အေးအေးဆေးဆေး နေနေတာ ..
၁၇ ရက်နေ့ ကျတော့ ...
ကေအိုင်အေက ရွာထဲ မနေရဘူး ...
ထ လုပ်တယ် ...

ဒါနဲ့ ရွာသားတွေက ...
အောင်ဘာလေ နဲ့ ၃မိုင်လောက်ဝေးတဲ့
ကန်ဆီးကို ရွေ့ ကြတယ် ...
ကန်ဆီးက တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ ...
အလွတ်ကြီးပါ ...

အဲဒီမှာ တစ်ခါ...
စစ်ဘေးဒုက္ခသည်တွေကို
ကယ်တင်ရမယ် ဆိုပြီး
အချိန်ကိုက် ထပ်လုပ်တယ် ...
ဖားကန့် ကို ထွက်ပြေးရမယ်...
ဒီလို လုပ်လာတယ် ...

တပ်က လုပ်လို့ ...
ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေပေါ့ ...
ဒီလို ပုံစံဖမ်းတာ...

လူသားဒိုင်းတို့  ဘာညာဆိုတာကတော့ ...
ပြောတဲ့သူ ရူးနေလို့ ပါ ...
ကန်ဆီး နဲ့  အောင်ဘာလေကြားမှာ ...
ကျွန်တော်တို့  တပ်တွေချည်းပါပဲ ...

စတိုက်တဲ့နေ့ ကတည်းက ...
အဲဒီ နားက ကုန်းတွေ ..
အကုန် သိမ်းထားတယ် ...
ကျွန်းတော်စခန်းကုန်း ...
ဂေါက်ကွင်းကုန်း ..
ပွိုင့် ၅၂၂ ..
ပွိုင့် ၇၀၉ ...
အောင်ဘာလေ ...
ကန်ဆီးလမ်းဆုံ ...
အားလုံးသိမ်းထားတယ် ...
အခုလဲ တပ်စွဲထားတယ် ...

ကျွန်တော်ပြောနေတာ...
အခု အဲဒီက ပြောနေတာ ...

ကျန်တာ ဘာမှမပြောနဲ့ဗျာ ...
ကျွန်တော်တို့  ရဲတပ်ဖွဲ့ဝင်တွေ ...
အခု ပြန်လွှတ် ...

တပ်မ ၆၆ တစ်မလုံး လိုက်လာတယ် ...
မလွှတ်ပေးရင် ...
ကျွန်တော်တို့ ကို အဆိုးမဆိုနဲ့ ....
ဒါပဲ ပြောချင်တယ် ....

source; Ye Moe


မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com facebook သုံးဆွဲသူများကလဲ အောက်ပါ facebook pages မှာ like လုပ်၍ message box မှပေးပို့နိုင်ပါတယ် https://www.facebook.com/pages/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%B0%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%A6%E1%80%B8/618661411507754

No comments:

Post a Comment