ကျောင်းဆရာမ နှစ်ဦး၏ ဈာပနာအသုဘချဆုတောင်းခြင်းအစီအစဉ်အား နောင်နန်းတွင်ပြုလုပ်ပြီး လူဦးရေ ၂၀၀၀၀ခန့်ုလိုက်ပါပို့ဆောင်ခဲ့
အဓမ္မပြုကျင့်ခံရပြီး အသတ်ခံလိုက်ရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်( KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ ဈာပနအသုဘချ ဆုတောင်းခြင်းအစီအစဉ်အား ၂၀၁၅ ဇန်နဝါရီလ ၂၃ ယနေ့နေ့လည် မြစ်ကြီးနားမြို့ နောင်နန်းကျမ်းစာကျောင်းဝန်း ရှိ အေဒီနှစ် ၂၀၀၀ ဂျူဗလီဟော၌ ပြုလုပ်ပြီး လူဦးရေ ၂၀၀၀၀ ခန့်ပို့ဆောင်ကာ နောင်နန်း ခရစ်ယာန်သချိုင်း၌ သဂြိုလ်ခဲ့ကြောင်းသတင်းရရှိသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရုံး၌ စုဝေးကာ တပ်ကုန်း ရပ်ကွက်ရှိ အင်္ဂလီဂန်ဘုရားကျောင်းထိ လမ်းလျှောက်ပြီး ထိုမှတစ် ဆင့် မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့်နောင်နန်း ခရစ်ယာန်သချိုင်းသို့ ပို့ဆောင်ကာ သဂြိုလ်ခဲ့ကြောင်း သိရသည်။
“ဥပဒေအရဆိုရင်ကျွန်တော်တို့ဆီမှာအားမရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကာယာကံရှင်ဆရာမနှစ်ဦးက သေဆုံး သွားပါပြီ။သဲလွန်စဆိုလို့ ရှိတာတော့အများကြီးရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က မားမားမတ်မတ်ရပ် တည်ပေးမယ့် ဥပဒေမရှိပါဘူး။ ကျွန်တော့်အနေတော့ ဥပဒေစိုးမိုးတဲ့ မြန်မာနိုင်ငံဖြစ်ခဲ့ရင် အမှုမှန်ကတော့ ချက်ချင်း ပေါ်မယ်။ ဒါပေမယ့် ဥပဒေ စိုးမိုးမှုမရှိရင်တော့ တရားခံပေါ်ဖို့မလွယ်ပါဘူး။” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာခါလမ်ဆမ်ဆွန် မှဆိုသည်။
သေဆုံးသွားသည့် စေတနာ့ဝန်ထမ်းကျောင်းဆရာမ နှစ်ဦးအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့သည်။ သဝဏ်လွှာများအား မြန်မာနိုင်ငံခရစ်ယာန်အသင်းချုပ် MBC ၊ ကချင်အမျိုးသမီးအဖွဲ့အစည်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကေအိုင်အိုဗဟိုဌာနချုပ်၊ နောင်နန်း၊ ကရင်အမျိုးသမီးအဖွဲ့အစည်းများနှင့် အခြားသော အမျိုးသမီးအဖွဲ့အစည်းများ၊ ကချင်နှစ်ခြင်း ကျမ်းစာကျောင်း နှင့် အခြား ရပ်ဝေး ရပ်နီးမှ ဖုန်းဖြင့်ဝမ်းနည်းကြောင်းသဝဏ်လွှာများအားပို့ခဲ့ကြောင်းလည်းသိရသည်။
“ အခုဒီကိစ္စက လူမျိုးရေးသာမက ဘာသာရေးကိုပါ တော်တော်လေးကို ဆိုးဆိုးဝါးဝါး စော်ကားလာတယ်။ အခုဒီအသုဘမှာလည်း ကိုယ်ကိုယ်တိုင်ပါဝင်သင့်တယ်ထင်လို့ ပါဝင်တာဟုတ်တယ်။” ဟု ပွဲပါဝင်သူ ကိုဒီးလာ မှဆိုသည်။
သေဆုံးသွားသည့် ကျောင်းဆရာမနှစ်ဦး၏ ဈာပနာအား မူဆယ် မှ မြစ်ကြီးနား သို့ ၂၁ ရက်ညနေ ၅း၀၀ နာရီခန့် ကားဖြင့် သယ်ဆောင်လာရာ ယနေ့ မနက် ၁၀း၀၀ ခန့်တွင် မြစ်ကြီးနားမြို့သို့ရောက်ရှိခဲ့သည်။
၎င်းတို့၏ ဈာပန အသုဘချဆုတောင်းခြင်းအစီအစဉ်အား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ပြည်သူလူထုများ ပါဝင်ပို့ဆောင်ခဲ့ကြောင်းသိရသည်။

မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com
No comments:
Post a Comment