Monday, January 19, 2015

ဝန်ထမ်းများ တာဝန်ဖြင့်ခရီးသွားရာ၌ ခရီးသွားနေ့တွက် စရိတ်နှုန်းထားကို ခေတ်နှင့်ဆီလျော်သည့် နှုန်းထား သတ်မှတ် ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ဝန်ထမ်းများ တာဝန်ဖြင့်ခရီးသွားရာ၌ ခရီးသွားနေ့တွက်
စရိတ်နှုန်းထားကို ခေတ်နှင့်ဆီလျော်သည့် နှုန်းထား သတ်မှတ်
ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ဇန်နဝါရီလ၁၉ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကြံခင်းမဲဆန္ဒနယ်မှ ဒေါက်တာ တင်မောင်ကြိုင် က ဝန်ထမ်းများခရီးသွားရာ၌ သတ်မှတ်ထားသော နေ့တွက်စရိတ်နှုန်း(၁၇၀၀ိ/-) အစား ခေတ် နှင့် ဆီလျော် သည့် နှုန်းထားသတ်မှတ်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာ
လင်းအောင် က ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် ဌာန/ အဖွဲ့အစည်း
အသီးသီးတွင် ဝန်ထမ်းများတာဝန်ဖြင့် ခရီးသွားရာတွင် ခွင့်ပြုသည့် ခရီးစရိတ်၊ ခရီးသွားနေ့တွက်စရိတ်နှင့် အချိန်ပိုဆောင်ရွက်မှုများအတွက် ကျွေးမွေးစရိတ် စသည့်အသုံးစရိတ်များအား ခေတ်ကာလနှင့် ညီညွတ်စေရန်
ပြန်လည်စိစစ်သုံးသပ်နိုင်ရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၏
၁-၁၀-၁၄ ရက်စွဲပါစာအမှတ်၊ ဘခ-၃/၂၀ (၅၁၀၅/၂၀၁၄) ဖြင့် ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများသို့ ၂၀၁၃-၁၄ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၄-၁၅ခု၊ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလထိ သုံးစွဲခဲ့သည့် အသုံးစရိတ်များကို တောင်းခံခဲ့ပြီး၊ ဌာနအဖွဲ့
အစည်းများမှ တောင်းခံရရှိသည့် အချက်အလက်များကို
ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်၍ လက်ရှိခရီးသွားနေ့တွက်
စရိတ်နှုန်းထားကို ခေတ်နှင့်ဆီလျော်သည့် နှုန်းထားသတ်မှတ်ပေးနိုင်
ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြန်လည် ဖြေကြားခဲ့သည်။


မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

No comments:

Post a Comment