Showing posts with label ဖုန်းသတင်း. Show all posts
Showing posts with label ဖုန်းသတင်း. Show all posts

Friday, September 5, 2014

ရန်ကုန် ဖုန်းဆိုင်အချို့ MPT ဆင်းမ်ကတ် ခွဲတမ်းရောင်းကုန်၍ အရောင်းရပ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အကန့်အသတ်မရှိ ရောင်းချပေးမည်ဟု ဆိုထားသော ၁၅၀၀ တန် WCDMA၊ GSM ဆင်းမ်ကတ်များကို တရားဝင် ရောင်းချခွင့် ရရှိထားသော အရောင်းဆိုင်အချို့တွင် ၎င်းတို့ရောင်းချရန် ရရှိထားသော ဆင်းမ်ကတ်များ လက်ကျန်ရောင်းချရန် မရှိတော့၍ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ရောင်းချမှု ရပ်ဆိုင်းထားကြောင်း အဆိုပါ ဖုန်းဆိုင်များထံမှ သိရသည်။မြန်မာ့ဆက်သွယ်ရေး MPT မှ ရောင်းချရန် ချပေးထာသော ဆင်းမ်ကတ် ခွဲတမ်းအရေအတွက် ကုန်သွားသည့်အတွက် ဆင်းမ်ကတ်များ အရောင်းရပ်ထားရခြင်း ဖြစ်ကြောင်း Elite ဖုန်းဆိုင်မှ ဈေးကွက်ရှာဖွေရေး မန်နေဂျာ ဒေါ်မြင့်ဇက်ထွန်းက ပြောကြားသည်။ “MPT က ကျွန်မတို့ကို ချပေးတဲ့ ခွဲတမ်းအရေအတွက် ကုန်သွားလို့ပါ။ ဆင်းမ်ကတ်တွေက ကျွန်မတို့ပဲရတာ မဟုတ်တဲ့အတွက် ကျွန်မတို့ဆီမှ ရှိသလောက် ရောင်းတာ ကုန်သွားလို့ ဆင်းမ်ကတ် ရောင်းတာ ရပ်လိုက်တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။အဆိုပါ ဆင်းမ်ကတ်များ ကုန်သွားသည်ကို မြန်မာ့ဆက်သွယ်ရေး MPT ထံသို့ တင်ပြထားကြောင်း MPT အနေနှင့် သတင်းစာများ၌ အကန့်အသတ်မရှိ ရောင်းချမည်ဟု ကြေညာထားသည့်အတွက် နောက်ထပ် ဆင်းမ်ကတ်များ ချပေးသွားမည်ဟု ထင်မြင်ကြောင်း ၎င်းက ပြောဆိုသည်။ရန်ကုန် Elite ဖုန်းအရောင်းဆိုင်ခွဲများမှ စက်တင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဆင်းမ်ကတ်ပေါင်း တစ်သောင်းကျော် ရောင်းချထားပြီး ဖြစ်သည်ဟု ၎င်းကဆိုသည်။KMD ဖုန်းအရောင်းဆိုင် ပန်းဆိုးတန်းဆိုင်ခွဲမှ တာဝန်ရှိသူ တစ်ဦးကလည်း “ဒီနေတော့ ကျွန်တော်တို့ဆိုင်မှာ မရောင်းပါဘူး။ ကျွန်တော်တို့ ဆိုင်ခွဲက ရရှိတဲ့ ဆင်းမ်ကတ် အရေအတွက် ကုန်သွားလို့ပါ” ဟု ပြောသည်။စက်တင်ဘာ ၁ ရက်နေ့တွင် ဆင်းမ်ကတ်ပေါင်း နှစ်ရာနှင့် စက်တင်ဘာလ ၂ ရက်နေ့တွင် ဆင်းမ်ကတ်ပေါင်း သုံးရာ ရောင်းချခဲ့ကြောင်း ၎င်းက ရှင်းပြသည်။MPT ၁၅၀၀ ဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ဝယ်ယူရရှိမည်ဟု ဆိုထားသဖြင့် မနက်အစောပိုင်းကတည်းက ဝယ်ယူရန် တန်းစီ စောင့်နေသော်လည်း ဆင်းမ်ကတ် ကုန်သွားသည်ဟုဆိုကာ မရောင်းကြောင်း စက်တင်ဘာလ ၃ ရက်နေ့တွင် ယင်းဆင်းမ်ကတ် ဝယ်ယူရန် တန်းစီခဲ့သူ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ဆင်းမ်ကတ်များကို အကန့်အသတ်မရှိ လွတ်လပ်စွာ ရောင်းချပေးမည် ဖြစ်ပြီး လေးလအတွင်း ဆင်းမ်ကတ် အရေအတွက် ငါးသန်းကျော် ရောင်းချသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၁၅၀၀ ကျပ်ဖြင့် ရောင်းချသော ဆင်းမ်ကတ်များကို ပြင်ပဈေးကွက်တွင် ကျပ်တစ်သောင်း ငါးထောင်မှ ကျပ်နှစ်သောင်းခန့်အထိ ရောင်းချလျက်ရှိကြောင်း ဖုန်းဈေးကွက်အတွင်းမှ သိရသည်

posted from Bloggeroid


WWW.mohnyinnews.blogspot.com gmailလိပ်စာ mohnyinnewsnow@gmail.com

Wednesday, September 3, 2014

WCDMA နှင့် GSM ကိုအသုံးပြု၍မိုးညှင်းသတင်းapkကိုကြည့်ရှု့ကြသောညီအကိုမောင်နှမများအတွက်သတင်းကောင်း

မကြာမီမှာဆက်သွယ်ရေးစာတိုက်ဝန်း

တွင်တည်ဆောက်ထားသောတာဝါတိုင်

အတွက်စက်ပစ္စည်းများရောက်ရှိထားပြီ

ဖြစ်သောကြောင့် စက်တင်ဘာလ ၁၀ရက်

နေ့မှစတင်၍စက်များကိုတပ်ဆင်တော့မှာ

ဖြစ်ပါကြောင်းမိုးညှင်းသတင်းအဖွဲ့မှအသိ

ပေးအပ်ပါတယ်

ယနေ့မိုးညှင်း

GSM ပေါက်ဈေး     ၁၇၀၀၀ကျပ်


www.mohnyinnews.blogspot.com gmail လိပ်စာ mohnyinnewsnow@gmail.com