Tuesday, September 2, 2014

စစ်သား တစ်ယောက်၏ သေတမ်းစာ


ခင်ဗျားတို့ ညှိ နေကျပြီ လို့
ရေဒီယိုက ကြေညာတော့
ကျုပ် လက်သီး ကျစ်ကျစ် ဆုပ်ပြီး
ငါတို့ ပေးဆပ် တာတွေအောင်တော့မယ် လို့
အံကြိတ် ပျော် ခဲ့သေးတယ်

သိပ်မကြာပါဘူး ပစ်ခွင့်မရှိတဲ့ သေနတ်ကို
ကိုင် အမိန့်ကို အတိအကျ နာခံခဲ့တဲ့ကျုပ်
ရဲဘော် တစ်ဦး ရန်သူမြင်တာ မပစ်ဘဲနဲ့
ဒိန်း ခနဲ သေနတ်သံသူကြားတော့
သူ့ အသက် မရှိလေ တော့ဘူး

တောက် လုပ်ထားဦးပေါ့ကွာ
အထက်သတင်း သူတို့မသိသေးလို့ပဲလို့
ဖြေခဲ့ရတာ ပေါ့ဗျာ

နောက် တခါ ခင်ဗျားတို့ လက်မှတ်ထိုးတော့
မယ်ဆိုတော့ ကျုပ် တောင်ထခုန်မိတယ်
ရှည်နေတဲ့ မုတ်ဆိတ် မွှေးကို ဘရိတ်ဓား
တုံးတုံး နဲ့ ရိတ် ရှည်နေတဲ့ ဆံပင်ကို
ကြိုးနဲ့ စည်း တရုတ်မင်းသားလိုလိုနဲ့ ရေအိုင်ကို
မှန် ကြည့်လိုက်သေးတယ် ရပြီ ဒီ ရူပါနဲ့ဆို
ငြိမ်းချမ်းရေး ပွဲ အပြန် ငါ တင့်တယ် ရချည်ရဲ့

သိပ်မကြာဘူး ပေါ့ပါး လန်းဆန်းလွန်းတဲ့
ကျုပ် ရဲဘော် တွေ ကျည်ထိုးမထားတဲ့သေနတ်ကို
ကိုင်
`ဂျိမ်း´ဆိုတဲ့ အသံကြားမှာ
တောက် မြေကြီးကို လက်သီးနဲ့ထိုး
လူမဆန်တဲ့ ကောင်တွေ ဒီတခါ ငါ
မယုံဘူး ကွ ဆိုပြီး အမိန့်ပြန်စာ ကိုင်ခဲ့ရုံ ကလွဲ
ဘာမှ တတ်နိုင်ခဲ့ဘူးး

ကျုပ်တို့ ပြန်ရတော့မယ်
ကျုပ်တို့ကို အနားပေးတော့မယ် ဆိုတဲ့
သတင်းနဲ့အတူ အပစ်အခတ် ရပ်ဆဲနေပြီလို့
ကြေ ညာ ထားတဲ့ စစ်မြေပြင်

လက်တွေ ဆွဲ နှုတ်တွေဆက်
ရှန်ပိန်ကို ခွက်ချင်း တိုက်

ချွင် ခနဲ မြည်တဲ့အချိန်

ကျုပ် ချိုင်းကြားအောက်မှာ ပူ သွားတဲ့
အထိအတွေ့

အားတွေခန်းလာတယ်
မျက်လုံးတွေပြာလာတယ်

မိုးပေါ်မှာ လေယာဉ်တွေ ပျံ လာတာတွေ့လိုက်
ရတယ် ထင်မိတယ် ငါ့ကိုများ
လာခေါ် သလား ငါ တွေးခဲ့တဲ့အချိန်

ဟာ ကျုပ်အသက် မရှိတော့ဘူး
ကျုပ်အသက်မရှိတော့ဘူးး
ကျုပ်သေသွား ခဲ့တာပါလား

ငြိမ်းချမ်းရေး ခရောင်းလမ်းမှာ ငါသေခဲ့
တာပါ့လား

ကျုပ်တခုတော့ ရေးခဲ့ချင်သေးတယ်

ငြိမ်းချမ်းရေးဆိုတာ

သစ္စာ မရှိတဲ့ သောင်းကျန်းသူတွေရဲ့
ခဏတာ ငြိမ်းအေးပြီး ချမ်းသာဖို့
ငွေ ရှာ ချင်တဲ့ အခိုက်အတန့် ဖြစ်တယ်
ဆိုတာ ငါရေးခဲ့ချင်ပေမဲ့

ကျုပ်ရေးတဲ့စာ မထင်တော့သလို

ကျုပ်အလောင်းလည်း အိမ် မပြန် နိုင်တော့ဘူး

ကျုပ်မြင်ခဲ့တဲ့ လေယာဉ်ကြီးက
တိမ်ထဲမှာ ပျောက်သွားတယ်

ကျုပ်လည်းး
ထပ်ပြီး ချွေး မထွက် ရတော့ဘူး ပေါ့ ဗျာ
-------------------------------
ဇေမိုး




www.mohnyinnews.blogspot.com

No comments:

Post a Comment