ကျွန်ုပ်တို့နှင့် နီးစပ်သော မြတ်ဗုဒ္ဓ
▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼
ဗုဒ္ဓသည် ကျွန်ုပ်တို့နှင့် နီးစပ်၏။ သိရခက်ကြီမျိုးထဲကမဟုတ်ဘဲ ရိုးစင်းသော၊ အဓိကဦးတည်ချက်ကြီးမားသော၊ အဖော်မမှီး တစ်ကိုယ်တည်း ဧကစာရီကျင့်သုံးသော၊ ဉာဏ်ပညာတည်းဟူသော အလင်းဓာတ်အတွက်(မေဟ)ကို တိုက်ဖျက်နေသော၊ လူ့သဘာဝ လက္ခဏာ ပြတ်ပြတ်ထင်ထင် ပေါ်လွင်ထင်ရှားသည့် မနုဿလူသားတစ်ဦးကို အလွယ်တကူပင် အသင့်တွေ့မြင်နိုင်ပါသည်။
ဒဏ္ဍာရီဆန်ဆန် တစ်ခဲနက်သော အံ့ဖွယ်သရဲများနောက်ကွယ်က မနုဿလူသား တစ်ဦးရှိသည်ဟု ကျွန်ုပ် သိရှိခံစားရ၏။ ထိုမနုဿ လူသားကြီးကလည်းပဲ စကြ၀ဠာအတွင်းရှိ လူသတ္တဝါတို့အား သတင်းစကား ပေးအပ်တော်မူခဲ့ပါ၏။ ကျွန်ုပ်တို့၏ အကောင်းဆုံး ခေတ်အမြင်များနှင့် အနီးကပ်ဆုံး တူညီနေပါ၏။ လူ့ဘဝအတွင်း အတိဒုက္ခများနှင့် မရောင့်ရဲ မကျေနပ်မှုများသည် အတ္တစွဲကြောင့် ဖြစ်ရသည်ဟူ၍ ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါပြီ။
အတ္တအစွဲ သုံးမျိုးရှိ၏။
၁။ ကာမတဏှာခေါ် ကာမဂုဏ် လိုလားလိုက်စားမှု၊
၂။ ဘဝတဏှာခေါ် ဘုံဘဝကို တွယ်တာတပ်မက်မှု၊
၃။ ဝိဘဝတဏှာခေါ် သေသွားသည့်နောက် လုံးဝပျောက်ပျက်သွားသည်ဟူသော အယူအဆကို တပ်မက် တွယ်တာမှုတို့ဖြစ်ကြ၏။
ငြမ်းအေးသူတစ်ယောက်ဟူ၍ ဖြစ်မြောက်မလာမီ သူသည် ကာမဂုဏ်အာရုံများနှင့် အတ္တစွဲတို့ကို ပယ်စွန့်ရပါမည်။ ထိုအခါ သူသည် ကြီးမြတ်သူတစ်ဦးနှင့် ပေါင်းဆုံသွားတော့သည်။
ခရစ်တော် မပေါ်မှီ နှစ်ပေါင်းငါးရာကျော်ကပ်လျှင် ဗုဒ္ဓသည် လူသတ္တဝါတို့ကို မိမိကိုယ်ကို မိမိ မေ့လျော့နေသူများဟူ၍ ဘာသာစကားတစ်မျိုးဖြင့် ခေါ်ဆိုတော်မူခဲ့ပါပြီ။ ဗုဒ္ဓသည် ကျွန်ုပ်တို့နှင့်ရော၊ ကျွန်ုပ်တို့လိုအပ်ချက်များနှင့်ပါ နီးစပ်ခဲ့ပါပြီ။ အကျိုးဆောင်လုပ်ငန်းတွင် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးအရ အရေးပါ အရာရောက်မှုအပေါ် ဗုဒ္ဓက ပို၍နားလည်သဘောပေါက်၏။ ထို့အပြင် ပုဂ္ဂိုလ်ရေးအရ သေရ၊ မသေရဟူသော ပြဿနာများနှင့် ပါတ်သက်၍ ဝေဝါးခြင်း မရှိပါချေ။
(ကမ္ဘာကျော် အင်္ဂလိပ်သမိုင်းပညာရှင် အိပ်ခ်ျဂျီဝဲလ်)
__________________________________
မေတ္တာရှင် (ရွှေပြည်သာ) ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်
မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com
No comments:
Post a Comment