ရှမ်းစကားကို မြန်မာလိုပြောကြည့်ရအောင်
ရှမ်း နှင့် မြန်မာ နှစ်ဘာသာတွဲပြီး လေ့လာလွယ်အောင် ရေးသားထားပါသည်။ အစမှ အလယ်- အဆုံးထိအောင် အစီအစဉ်အတိုင်းလေ့လာသွားပါက လွယ်ကူစွာ တတ်မြောက်နိုင်ပါလိမ့်မည်။ ရှမ်းအသံထွတ်နှင့် အနီးစပ်ဆုံးဖြစ်အောင်လည်း မြန်မာအသံထွက်ကိုတတ်နိုင်သလောက် ကြိုးစားပြီး သတ်ပုံ သတ်ညွှန်းများရှာဖွေ၍ ပြုစုထားပါသည်။
သတိပြုရမည့်အချက်များ
* (ပ)သတ်နှင့် (မ) သတ်ပါ သောစာလုံးများဆိုပြီး ပါးစပ်ပိတ်ရမည်။
* ဥပမာ (ကမ်) CUM (ကပ်) CUP စာလုံးများ ပါးစပ်ပိတ်သံဖြစ်သည်။
* (ယင်) ကို မသတ်လိုက်ရင် (YIEM) ယင်(မ်)-ငှါးသည်။ ပါးစပ်ပိတ်သံ။
* (၀) မသတ်ပြီး (န) သတ်လိုက်ရင် (NON)(နောန်း) အိပ်သည်။ ပါးစပ်ပိတ်သံမဟုတ်။
* (ကွာ) ကို (မ) သတ်လိုက်ရင် (ကွာမ်း) စာကား။ ကွာမ်းတိုင်း-ရှမ်းစကား။
* (လော)ကို တ. သတ်လိုက်ရင် (LOT) လောတ်နမ့်-ရေပိုက်။
* (မေ) ကို တ. သတ်လိုက်ရင် (MEAT)မေတ့်-မိနစ်။
* (ဆစ်)ကို ပ. သတ်လိုက်ရင် (SIP) ဆစ်(ပ်း)တစ်ဆယ်။
* (ကော) ကို . ၀ သတ်လိုက်ရင် ကောင့်-ကိုး(အရေအတွက်)။
* (ဆဲ) ကို န. သတ်လိုက်ရင် ဆဲန်-တစ်သိန်း
* (ကော)ကို တ. သတ်လိုက်လို့ရှိရင် (COD)ကောတ်း-မွဲသည်။
နှုတ်ဆက်-မေးဖြေခန်း
ရှမ်း(အသံထွက်) မြန်မာ(အသံထွက်)
မိုင်ဆုန် မင်္ဂလာပါ
ယူလီဟား နေကောင်းရဲ့လား
ယူလီယူ နေကောင်းပါတယ်
မားမေလိုင် ဘယ်တုန်းက လာသလဲ
မားမေ၀ါး မနေ့က လာတယ်
မားမေနိုက် ဒီနေ့ပဲ လာတယ်
မားဟင်ယော့(၀့်) လာတာကြာပြီ
တေမေးယော(၀်)ဟား ပြန်တော့မလား
တေမေးယော(၀့်) ပြန်တော့မယ်
အမ်ပိုင်မေး မပြန်သေးဘူး
တေမေးမေ့လိုင် ဘယ်တော့ပြန်မလဲ
မားဆိဆန် ဘာလာဝယ်သလဲ
မားခိုင်ဆန် ဘာလာရောင်းသလဲ
မားဆိကား ကားလာဝယ်တယ်
ဆိယော(၀့်)ဟား ၀ယ်ပြီးပြီလား
အမ်ပိုင်ဆိ မ၀ယ်သေးဘူး
ဆီယော(၀့်)ယော(၀့်) ၀ယ်ပြီးပြီ
တိတ့်ဟာယူ ရှာနေဆဲပဲ
ဟာပိုင်ညား ရှာလို့မတွေ့ သေးဘူး
စွယ်ဟာပန်ဟောင်းလယ့် ကျွန်တော်တို့ကိုကူရှာပေးပါ
ဆူဟုဟား ခင်ဗျားသိသလား
ဆူမီးနယ် ခင်ဗျားရှိသလား
ဆူဟန်ဟိ ခင်ဗျားမြင်သလား
နွန်းတီလိုင် ဘယ်မှာတည်းသလဲ
နွန်းဟင်း(မ်)နိုက် ဒီနားမှာတည်းတယ်
နွန်းတီပွန့် ဟိုဖက်မှာတည်တယ်
နွန်းကိုင်နာ အဝေးကြီးမှာတည်းတယ်
အမ်ပေါကိုင် သိပ်မဝေးဘူး
စမ်စမ်ကွဲ နီးနီးပဲ
တန်းဝမ်းအောက် အရှေ့ဖက်မှာ
တန်းဝမ်းတုတ် အနောက်ဖက်မှာ
တန်းဟောင် မြောက်ဖက်မှာ
တန်းစန်း တောင်ဖက်မှာ
မား လိုင်ကော့ ဘယ်နှစ်ယောက် လာသလဲ
မား ဆမ်ကော့ သုံးယောက် လာတယ်
မေဖုတ် မနက်ဖြန်
ဟောင်းသေးမား ကျွန်တော်တို့လာမယ်
ဆူပိုင့်ဝိုက်နာ့ ခင်ဗျား စောင့်နေပါနော်
မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com
No comments:
Post a Comment