ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ ဘေလီသံဘောင်တံတား (ပါဟုတ်ချောင်းကူး တံတား)၊ ဘေလီသစ်သား တံတား (ဆယ်မိုင် ချောင်းကူးတံတား) တို့အား ကေအိုင်အေ(ကချင်) အဖွဲ့က မီးရှို့ဖျက်ဆီး
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ မိုးကောင်း-ဖားကန့်သွား ကားလမ်း မှတ်တိုင်အမှတ် (၉/၃)ရှိ တံတားအမှတ် (၁/၁၀) အရှည်ပေ(၆၀) အကျယ်(၁၂)ပေရှိ ဘေလီသံဘောင်တံတား (ပါဟုတ်ချောင်းကူး တံတား) အား ဇန်နဝါရီလ (၁၇)ရက် မွန်းလွဲ (၃)နာရီတွင် လည်းကောင်း၊ မိုင်တိုင်အမှတ် (၉/၇)ရှိ တံတားအမှတ် (၂/၁၀) အရှည်ပေ(၃၀) အကျယ်(၁၂)ပေရှိ ဘေလီသစ်သား တံတား (ဆယ်မိုင် ချောင်းကူးတံတား) အား ညနေ(၄)နာရီခွဲတွင် လည်းကောင်း၊ ကေအိုင်အေ (ကချင်) အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတားများ မီးလောင်ပျက်စီးခဲ့သည်။
မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com
No comments:
Post a Comment