Wednesday, January 14, 2015

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို KIA ဖမ်းဆီ...

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို

KIA ဖမ်းဆီး

ကချင်ပြည်နယ်

လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ အဖွဲ့အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်
တွေကို ကချင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (KIA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဝန်ကြီးနဲ့ အဖွဲ့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို ဆက်လက် ဖမ်းဆီးထားတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးတစ်ဦးက The Voice သို့ ပြောပါတယ်။“ဝန်ကြီးက ဖားကန့် ကျောက်စိမ်းမှော်ထဲကို မနေ့ထဲကသွားတာ တပ်ကို သတင်းပို့မထားဘူး။ သူ့လုံခြုံရေး ရဲတွေနဲ့သွားတာ။ ဒီမနက် အဖမ်းခံရတော့မှ တိုင်းစစ်ဌာနချုပ်ကို သတင်းပို့လာတယ်” လို့ အဲဒီ တပ်မတော် အရာရှိကြီးတစ်ဦးက ရှင်းပြပါတယ်။ဝန်းကြီးနဲ့ အဖွဲ့ကို ပြန်လည် လွှတ်ပေးခဲ့ပေမယ့် သူတို့အဖွဲ့အတွက် လုံခြုံရေး လိုက်ပါဆောင်ရွက်တဲ့ ရဲသုံးဦးကို ဆက်လက်ဖမ်းဆီးထားလို့ တပ်မတော် စစ်ကြောင်း လိုက်ပါသွားတဲ့အခါ တိုက်ပွဲတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ဝန်ကြီးနဲ့ လုံခြုံရေးတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ် ဆိုတဲ့ သတင်းဟာ မှန်ကန်ပြီး ဝန်ကြီးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးထားတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးခွန်အောင်က ပြောပါတယ်။


မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

No comments:

Post a Comment