ရွှေမှော်အလုပ်သမား(၃၀)ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်
Sunday, January 18, 2015
ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ မှော်ဒေသများတွင်လုပ်ကိုင်နေသော မှော်အလုပ်သမားများအား ဇန်နဝါရီလ ၁၄ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ လူသစ်အဖြစ် လာရောက်စုဆောင်းသွားကြောင်း သိရ သည်။
“ရွှေမှော် ၇ ခုက မှော်အလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာပဲ၊ အမျိုးသားတွေရောအမျိုးသမီးတွေရောပဲ၊ ဒေသခံရွာသားတွေလည်းပါတယ်၊ မှော်အလုပ်သမားတွေက နယ်ကနေ လာလုပ်ကြတဲ့သူတွေက အများဆုံးပဲလေ၊ မရှိလို့လာလုပ်စားပါတယ်ဆိုမှလူသစ်အဖြစ်စုဆောင်းခံနေရတယ်”ဟု ဒေသခံရွာသား တစ်ဦးကပြောသည်။
အဆိုပါ အဖွဲ့အနေဖြင့် နန်ဗျူဒေသအတွင်းမှ မှော်သူ/မှော်သား စုစုပေါင်း ၃၀ ဦးအားလူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဝေကျင်ရွှေမှော် မှော်လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။
“လုပ်ကိုင်စားသောက်ရတာအဆင်မပြေပါဘူး၊ ငွေတွေက ရင်းနှီးပြီးလို့သာ လုပ်ကိုင်နေရတာ၊ သူတို့တွေက ဆက်ကြေးလည်း ခဏခ ဏခေါင်းစဉ်တွေပြပြီးတောင်းနေတာပဲ၊ ကိုယ့်ဆီက အလုပ်သမားတွေ ကျတော့လည်း လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ ဆက်ကြေး လည်းပေးရ၊ လူသစ်လည်းပေးရဆိုတော့ အလုပ်လုပ်ရတာ အဆင်မပြေတော့ ဘူး”ဟု ကတ်ဆာရွှေမှော်မှ မှော်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခုလို KIA အဖွဲ့နေဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြန် လည်ဖြစ်ပွားလာခြင်းကြောင့် ဒေသခံတိုင်းရင်းသားများ နှင့် အလုပ်သမားများအား လူသစ်အဖြစ် အတင်းအကြပ်လိုက် လံစုဆောင်းနေခြင်း မှာ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးအငွေ့အသက် များကို ဒေသခံ များ ပြန်လည်ခံစားဖို့ရာ မှေးမှိန်လျက်ရှိကြောင်း မြစ်ကြီးနားမြို့ခံ ကျောင်းဆရာတစ်ဦးက ပြောကြားခဲ့သည်။
သန်းထွန်း(မြစ်ကြီးနား)
Kachin Daily News

မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com
No comments:
Post a Comment