Tuesday, July 28, 2015
ရေလှောင်တမံကြီးများနှင့်ရေလှောင်တမံများ ကျိုးပေါက်မှုမရှိ၊ရေကင်းများချထားပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိ =================
ရေလှောင်တမံကြီးများနှင့်ရေလှောင်တမံများ ကျိုးပေါက်မှုမရှိ၊ရေကင်းများချထားပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိ
==========================================
နေပြည်တော် ဇူလိုင် ၂၈
မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တာတမံများ ကျိုးပေါက်မှု မရှိစေရေး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရေကင်းများချထားပြီး စောင့်ကြပ် ကြည့်ရှုဆောင်ရွက်လျက်ရှိရာ တည်ဆောက်ပြီးရေလှောင်တမံကြီး ၃၁ ခုတွင် သတ်မှတ်ရေလှောင်ပမာဏ ပြည့်မီသဖြင့် ရေပိုလွှဲများမှ ရေထုတ်လွှတ်လျက်ရှိကြောင်း၊ တာတမံများ ကျိုးပေါက်မှုမရှိကြောင်း၊ ရေလှောင်တမံကြီးများနှင့် ရေလှောင်တမံ ၂၄ ခုတွင် သတ်မှတ်ရေလှောင်ပမာဏ ပြည့်မီခြင်းမရှိသေးကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ရေလှောင်တမံကြီး ၃၁ ခုမှာ ရေဘုတ်ရေလှောင်တမံ၊ လိုင်ဗား ရေလှောင်တမံ၊ သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတပ်ရေလှောင်တမံ၊ ပေကြီးရေလှောင်တမံ၊ လင်ပန်းရေလှောင်တမံ၊ ရာဇပြိုဟ်ရေလှောင်တမံ၊ မင်းမြင်ရေလှောင် တမံ၊ သိန်ရင်ရေလှောင်တမံ၊ ကျေးပင်အက်ရေလှောင်တမံ၊ ကိုးပင်ရေလှောင်တမံ၊ မြောက်ယမား ရေလှောင်တမံ၊ မင်းရဲချောင်းရေလှောင်တမံ၊ ပျဉ်ပုံကြီးရေလှောင်တမံ၊ ငြေ>ွမရေလှောင်တမံ၊ မဇင်းရေလှောင်တမံ၊ တောင်နဝင်း ရေလှောင်တမံ၊ စဥ့်ကူးချောင်းဂေါင်းရေလှောင်တမံ၊ ညောင်ကိုင်းရေလှောင်တမံ၊ သဲကောရေလှောင်တမံ၊ ခဝါ ရေလှောင်တမံ၊ မုန်းချောင်းရေလှောင်တမံ၊ မန်းရေလှောင်တမံ၊ ကြီးအုံကြီးဝ ရေလှောင်တမံ၊ တောင်ခင်ရန်းရေလှောင် တမံ၊ ပြိုင်းချောင်းရေလှောင်တမံ၊ ရဟိုင်းကွင်း ရေလှောင်တမံ၊ ဘန့်ဘွေးကုန်းရေလှောင်တမံ၊ ဇာမဏီအင်းရေလှောင် တမံ၊ နန်ကသူ ရေလှောင်တမံနှင့် ကညင်ရေလှောင်တမံတို့ ဖြစ်သည်။
ထို့ပြင် ရေလှောင်တမံကြီးများ၊ ရေလှောင်တမံ ၂၄ ခုတွင် သတ်မှတ်ရေလှောင်ပမာဏပြည့်မီခြင်း မရှိသေး ဘဲ အဆိုပါရေလှောင်တမံများရှိ ရေပမာဏမှာ ကင်းသာရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ၆၃ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန် လိုအပ်မှု ပေ ၁ ဒသမ ၃ဝ၊ မုံချောင်းရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ဧကပေ ၄ဝ၆ဝ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ဝ ဒသမ ၈ဝ၊ ဆင်သေရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ၂၇၅၅၄ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၂၈ ဒသမ ၉ဝ၊ မြို့လှ(တပ်ကုန်း)ရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ဧကပေ ၇ဝ၂ဝ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၁၂ ဒသမ ၈ဝ၊ ရေဆင်းဆည် ရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ဧကပေ ၁၆၇ဝဝ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၂၉ ဒသမ ၈ဝ၊ ပေါင်းလောင်းရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ဧကပေ ၄၈၃၇၇ဝ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ၁၆ ဒသမ ၇၄ ပေ၊ ငလိုက်ဆည်ရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ၃၉၁၄၁ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော် ရန်လိုအပ်မှု ပေ ၁၁ ဒသမ ၅ဝ၊ တောက်ပြိုရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ၁၆၂၅ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန် လိုအပ်မှု ၆ ဒသမ ၆၃ ပေ၊ ချောင်းမငယ်ရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ၆၃၂၁၅ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၁ဝ ဒသမ ၆ဝ၊ သဲဖြူရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ဧကပေ ၅ဝဝဝ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ၇ ဒသမ ၅၈ ပေ၊ မဒန်းရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ၁၆၃၅၈ ဧကပေဖြစ်၍ ရေပိုလွှဲမှရေကျော်ရန်လိုအပ်မှု ပေ ၂၂ ဒသမ ၆ဝ၊ ဖောင်းလောင်ရေလှောင်တမံတွင် ရေလှောင် ပမာဏမှာ ၈၇၄၄ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၅ ဒသမ ၈ဝ၊ လွိုင်နန်းဖရေထိန်းတမံတွင် ရေလှောင်ပမာဏမှာ ၆၅၂ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန် လိုအပ်မှု ပေ ၁၃ ဒသမ ၅ဝ၊ ခပေါင်းရေလှောင် တမံတွင် ရေလှောင်ပမာဏမှာ ၄၁၃၇၈၁ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၄ဝ ဒသမ ၃ဝ၊ ကိုဒူကွဲ ရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ၆၁၅ဝ၁ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၁၈ ဒသမ ဝဝ နှင့် ရွှေလောင်းရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ၂၃၃၂၅ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ၂၈ ဒသမ ဝဝ၊ စလူရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ဧကပေ ၄၄ဝ၈ဝ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၁၃ ဒသမ ၈ဝ၊ စလင်းရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ၆၆၉ဝ၅ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန် လိုအပ်မှု ပေ ၅ဝ ဒသမ ဝဝ၊ ဆည်တော်ကြီးဆည်ရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ဧကပေ ၃ဝ၈၉၄ဝ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၇ ဒသမ ၇ဝ၊ ကင်းတားဆည်ရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ဧကပေ ၁၇ဝ၂၅ဝ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ၉၃ ‘ဒသမ ၈၅ ပေ၊ ငမိုးရိပ်ရေလှောင်တမံတွင် ရေလှောင် ပမာဏမှာ ဧကပေ ၁၄၆၁၅ဝ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၃ ဒသမ ၄ဝ၊ ဇော်ဂျီရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ၇၄၇၆၉ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၆၁ ဒသမ ၇ဝ၊ ကွန်ချောင်း ရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ဧကပေ ၉၄၈၃ဝ ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ၂ ဒသမ ၁ဝ နှင့် မမြရေလှောင်တမံတွင် ရေလှောင်ပမာဏမှာ ၅၈၃၉၉ ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ပေ ၁ဝ ဒသမ ၇ဝ ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားသည့် ဒေသများတွင် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
(သတင်းစဉ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment