Tuesday, July 28, 2015

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးမှုဖြစ်ပွားသည့်ဒေသများ၏ အစွန်အဖျားနေရာများအထိ သွားရောက်လှူ ဒါန်းမည် ===================================

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးမှုဖြစ်ပွားသည့်ဒေသများ၏ အစွန်အဖျားနေရာများအထိ သွားရောက်လှူ ဒါန်းမည် ========================================= မုံရွာ ဇူလိုင် ၂၈ မိုးသည်းထန်၍ ရေကြီးရေလျှံမှု ကြုံတွေ့နေရ သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကောလင်း နှင့် ကန့်ဘလူဒေသများမှ ပြည်သူများအတွက် မုံရွာမြို့ သလ္လာရပ်အခြေစိုက် ငြိမ်းချမ်းရေးလူမှုကူညီ ရေးနှင့် သွေးလှူရှင်အသင်းက အလှူငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများကို သွားရောက်လှူဒါန်းရန် ဇူလိုင်၂၅ ရက်က ထွက်ခွာခဲ့ကြောင်းနှင့် ရေကြီးမှု ဖြစ်ပွားသည့်ဒေသများ၏ နယ်စွန်နယ်ဖျားနေရာများ အထိရောက်အောင် သွား၍လှူဒါန်းကြမည်ဖြစ် ကြောင်း သိရသည်။ ''နယ်အစွန်အဖျားက ထောက်ပံ့မှုမရောက်သေး တဲ့ ဒေသတွေအထိ သွားပြီးလက်ရောက်လှူကြဖို့ စီစဉ်ထားတာပါ။ ရေကထပ်တိုးပြီး မိုးကအဆက် မပြတ် ရွာနေတာဆိုတော့ ရေကြီးလို့ အိမ်ပါသွားတဲ့ မိသားစုတွေ ဘယ်လောက်ဒုက္ခရောက်နေမလဲဆို တာ တွေးမိလေလေ အရောက်သွားလှူဖို့ စိတ်က ထက်သန်လေဖြစ်မိပါတယ်''ဟု အဆိုပါ လူမှု ကူညီရေးအသင်းမှ အဖွဲ့ဝင် ကိုစိုးတင့်က ပြော သည်။ ကားကြီးနှစ်စီးနှင့်အတူ ဆန်၊ ခေါက်ဆွဲခြောက်၊ အဝတ်အထည်၊ ဆေးဝါးပစ္စည်းများ၊ အလှူငွေများ ကို ငြိမ်းချမ်းရေးလူမှုကူညီရေးအသင်းအဖွဲ့ဝင် ၅ဝ ကျော်လိုက်ပါပြီး ရေကြီးရေလျှံမှုဖြစ်ပွားသော ဒေသများ၏ အစွန်အဖျားနေရာများသို့ ရောက်နိုင် သလောက်သွားကာ ကိုယ်ထိလက်ရောက် လှူဒါန်း ကြမည်ဖြစ်ကြောင်း ကိုစိုးတင့်ထံမှ သိရသည်။ အဖွဲ့ဝင် ၅ဝ ကျော်အနေဖြင့် လိုအပ်လျှင် သွေး လှူဒါန်းသွားမည်ဖြစ်သလို တတ်နိုင်ပါက ကျန်းမာ ရေးစောင့်ရှောက်မှုများကိုပါ ဆောင်ရွက်ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။ ငြိမ်းချမ်းရေးလူမှုကူညီရေးအသင်းအပြင် မုံရွာ မြို့မှ အခြားလူမှုကူညီရေးအသင်းအဖွဲ့များက လည်း ရေဘေးသင့်ဒေသများသို့ အကူအညီပေးရန် ပြင်ဆင်လျက်ရှိသည်။ ထို့အပြင် မုံရွာမြို့နယ် သဘင် အစည်းအရုံးဝင် ဇာတ်သဘင်၊ ဂီတ၊ အငြိမ့်၊ ဆိုင်း၊ လူရွှင်တော်နှင့် မင်းသားမင်းသမီးသုံးဆယ်ကျော်ပါဝင်သောအဖွဲ့ကလည်း ရေဘေးသင့်ဒေသများသို့ ကူညီရန်အတွက် မုံရွာမြို့ရှိ လူစည်ကားရာနေရာ များ၌ ဇူလိုင် ၂၃ ရက်မှစ၍ အလှူခံလှည့်လည် လျက်ရှိသည်ကို တွေ့ရသည်။ မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment