Tuesday, July 28, 2015
ကန့်ဘလူမြို့နယ်တွင် လမ်းတံတားများပြု ပြင် =============================
ကန့်ဘလူမြို့နယ်တွင် လမ်းတံတားများပြု ပြင်
=============================
ကန့်ဘလူ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက် စားခဲ့၍ ပျက်စီးသွားသော လမ်း၊ တံတားများ ဒေသခံပြည်သူများ လွယ်ကူစွာ သွားလာနိုင်စေရန် ပြုပြင်ဆောင်ရွက် လျက်ရှိသည်။ ကန့်ဘလူမြို့နယ်အပိုင် အမှတ်(၃) ခရိုင်ချင်းဆက်လမ်း မိုင်တိုင်အမှတ် ၇၉/၇ နှင့် ၈ဝ/ဝ အကြားရှိ ခိုတောင်ချောင်းတံတား အရှည် ပေ၂၅ဝ၊ အကျယ် ၁၄ ပေ၊ အမြင့် ၂၄ပေ၏ တိုင်အမှတ် P3 မှာ ချောင်းရေစီးဝင် ခဲ့မှုကြောင့် တံတားအရှေ့ဘက်ခြမ်း နှစ်ပေခန့်၊ အနောက်ဘက်ခြမ်း ၂ ဒသမ ၅ ပေခန့် နိမ့်ကျသွားသည်။
အဆိုပါ ခိုတောင်ချောင်းတံတားတာဝန်ခံ ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမောင်ရွှေနှင့်အဖွဲ့က ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက စတင် ပြုပြင်ဆောင်ရွက် လျက်ရှိသည်။ ယင်းတံတားသည် ကျောက်စီမြေသား သံကူကွန်ကရစ်တိုင်၊ သံပေါင်ရက်မ သစ်သားကြမ်းခင်းတံတား ဖြစ်ကြောင်း သိရသည်။
ဇီးကုန်း-မလယ် ကားလမ်း မိုင်တိုင်အမှတ် ၁ဝ/၅ ရှိ တံတားအမှတ် ၁/၁၁ ချောင်းမကြီးတံတားအနောက်ဘက် မြေသားလမ်းအကျယ် ခုနစ်ပေခန့်၊ အရှည် ၁၅ ပေခန့် ရေတိုက်စားခြင်းကြောင့် တံတားတာဝန်ခံ AE ဦးရဲထွဋ်အောင် ဦးဆောင်ကာ ဦးသန့်ဇင်ထက်စိုး (မြို့နယ်တံတားဦးစီးဌာန)နှင့် အဖွဲ့က ပြုပြင်လျက်ရှိပြီး မိုင်တိုင်အမှတ် ၇/၅ရှိ ကြံ့ခိုင်တံတား၏ မြေသားများ ရေတိုက်စားမှုကို ဆက်လက်ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ) ကန့်ဘလူမြို့နယ်တွင် လမ်းတံတားများပြု ပြင်

အောင်ဝင်းငြိမ်း (ကန့်ဘလူ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment