ကျွန်တော် ဖေ့ဘွတ်ခ် သုံးတာ တစ်နှစ်ခွဲကျော်ကျော် နှစ်နှစ်နီးပါးလောက်ပဲ ရှိပါသေးတယ်။ အဲဒီကာလအတွင်းမှာ စာအုပ်တစ် အုပ် ထွက်လာတာဟာ ဖေ့ဘွတ်ခ် မိတ်ဆွေတွေ ကျေးဇူးကြောင့်ပါ။ ကျွန်တော့်အကောင့်ထဲမှာ ရှိတဲ့မိတ်ဆွေအများစုဟာ အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ တပ်မတော်သား အရာရှိ/ အခြားအဆင့် စစ် သည်တွေ၊ နယ်ဘက်အမှုထမ်း/ အရာ ထမ်းတွေ၊ လူလတ်ပိုင်းစီးပွားရေးသမားတွေ၊ လူငယ်တွေဖြစ်ပြီး ၈၈ မျိုးဆက်အနည်း ငယ် နဲ့ NLD ပါတီဝင်တချို့ အပါအဝင် နိုင်ငံရေးသမားအနည်းအကျဉ်းလည်းပါပါတယ်။ ဖေ့ဘွတ်ခ် သုံးစွဲတဲ့သူဆိုပေမဲ့ ကျွန်တော့်အကောင့်မှာ အမည်ရင်းကို မကြာ ခဏဖေါ်ပြထားပါတယ်။ အမျိုးသားရေးစိတ်အခြေခံ ပြီး ဆောင်းပါးတွေ ရေး တင်ပါတယ်။ အဲဒီလိုတင်တဲ့အခါ စာဖတ်သူနဲ့ အမြဲတစေ စိတ်တိုင်းကျတဲ့ ဆောင်း ပါးတွေချည်းပဲ ဖြစ်ချင် မှ ဖြစ်မှာပါ။ တပ်မတော်ဘက်က ကာကွယ်ပြောဆို ရေးသားပေမဲ့ တပ်မတော်ထဲက လိုအပ်ချက်တွေ၊ စစ်ဗိုလ်ချုပ်ကြီး တချို့ရဲ့ အဂတိ လိုက်စားမှုတွေ ပါတဲ့အခါ ပါလာတတ်ပါတယ်။ ဒီလိုပဲ တစ်ဘက် အတိုက်အခံဘက်က ပုဂ္ဂိုလ်တွေ အကြောင်းကိုလည်း လက်လှမ်းမီသလောက် ဖေါ်ထုတ်ရေးသားပါတယ်။ တစ်ခါတစ်ရံ စေတနာဇောနဲ့ ရေးချလိုက်မိတဲ့အခါ တစ်ယောက်ယောက်ကို ထိခိုက် နစ်နာစေတာမျိုးလည်း ကြုံတွေ့ရတတ်ပါ တယ်။ တလောက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်ပြောလိုက်တဲ့ စကားနဲ့ ကျွန်တော့်အတွေ့အကြုံ တချို့ကို ရေးတင်လိုက်တော့ ကိုသတိုးဇေယျက ကန့်ကွက်ပြောဆိုလာပါတယ်။ ဒီအတွက်လည်း ကိုသတိုးကို ဖေ့ဘွတ်ခ်ကနေ တောင်းပန်ခဲ့ပါတယ်။ တလောက ကျွန်တော် status တစ်ခုတင်ခဲ့ပါသေးတယ်။ ကလိန်အောင်ဘက်မှာ ခရီးသည်တင် ကားကို ဓားပြတိုက်ခံရတော့ စစ်သား ၃ ယောက်က တောထဲဝင်ပြေးသွားပြီး အတူပါလာတဲ့ ရဲတပ်သားလေးတစ်ယောက်ကသာ ကားဘီးဘေးကနေ ခံပစ် နေတယ်ဆိုတဲ့အကြောင်းပါ။ ဒီတော့ ထားဝယ်ဘက်ကလို့ ယူဆရတဲ့ အရာရှိ တစ်ယောက်က ဖြစ်စဉ်လွဲနေတယ်ဆိုပြီး ပြော လာပါတယ်။ ထွက်ပြေးသွားတာ စစ်သားမဟုတ်ဘူး၊ ဒုရဲအုပ်တစ်ယောက်လို့ ဆိုပါတယ်။ သူပြောတဲ့ ဖြစ်စဉ် က တက္ကသိုလ်ကျောင်းသားတွေပါတဲ့ကားကို ပစ်ခတ်တဲ့ ဖြစ်စဉ်ပါ။ ကျွန်တော်ပြော တဲ့ ဖြစ်စဉ်က အဲဒီဖြစ်စဉ် ထက် စောပါတယ်။ ၁၈ နှစ်ဝန်းကျင်လောက်ရှိပါပြီ။ ဒီတော့ သူလည်းသဘောပေါက်သွားတယ်ထင်ပါတယ်။ စစ်သားဖြစ်ဖြစ် ရဲ ဖြစ်ဖြစ် ဘယ်သူမဆို ကိုယ့်အဖွဲ့အစည်းထိရင် ခံချင်မှာ မဟုတ်တာ သဘာဝကျပါတယ်။ ကျွန်တော်ပြောချင်တာက ဖြစ်စဉ်တွေကို အဓိကထားပြောချင်တာပါ။ ရဲရင့်တဲ့ ရဲတပ် သားလေး ရှိသလို သွေးကြောင်တဲ့ စစ်သား လည်းရှိကြောင်း ကျွန်တော်တင်ဖူး တယ်လို့ ပြောချင်တာပါ။ ကိုသတိုး မဖတ်မိလို့ ဖြစ်မှာပါ။ ရည်ရွယ်ချက်မှန်ပေမဲ့ ကျွန်တော့်တင် ပြပုံ ညံ့ဖျင်းလို့ တစ်စုံတစ်ယောက် ထိခိုက်နစ်နာတယ်ဆိုရင်လည်း ကျွန်တော်တောင်းပန်ပါတယ်။ အခု ကျွန်တော်ပြောချင်တဲ့ အကြောင်းက မိန်းမယူဖို့ပါ။ အင်မတန်အရေးကြီးပါတယ်။ လူဦးရေ သန်း ၆၀ ကျော်လို့ ခန့်မှန်းထားပေမဲ့ နောက်ဆုံး သန်းကောင်စာရင်းအရ ကျွန်တော်တို့ နိုင်ငံလူဦးရေဟာ သန်း ၅၀ ကျော်ပဲရှိသေးတာ အားလုံးသိမှာပါ။ အဲဒီအထဲမှာ တရုတ်/ ကုလား ပါပါသေးတယ်။ ဒီတော့ မျိုးဆက်ပြန့်ပွားဖို့အတွက် ကျွန်တော်တို့လူမျိုးတွေ အိမ်ထောင်ပြုဖို့လိုပါတယ်။ ဆင်းရဲတာ ချမ်းသာတာတွေ တွက်မနေ ပါနဲ့။ ပြုဖြစ်အောင်သာပြုပါ။ ကျွန်တော်တို့ပတ်ဝန်းကျင်က အမြဲသတိနဲ့ဆက်ဆံနေရတဲ့ ထိုင်းနိုင်ငံဟာ လူဦးရေ သန်း ၈၀ နီးပါး ရှိသလို ဘင်္ဂလားဒေ့ရှ်မှာလည်း သန်း ၁၆၀ ကျော်ရှိပါတယ်။ တရုတ် သန်း ၁၅၀၀ ဝန်းကျင်နဲ့ အိန္ဒိယ သန်း ၁၂၀၀ ဝန်းကျင်ဖြစ် နေတာ လူတိုင်းသတိထားမိမှာပါ။ ဒီတော့ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အိမ်ထောင်ရေးအခြေအနေဟာ ကျွန်တော် တို့တိုင်းပြည်ရဲ့ ပထဝီနိုင်ငံရေးနဲ့ ဆက်စပ်နေတယ်ဆိုတာ တွေ့ရမှာပါ။ ဒါ့ကြောင့် ကျွန်တော်တို့ အိမ်ထောင်ပြုဖို့အရေးဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေပါတယ်။ ကျွန်တော် ၂၀၁၅ မေလ လောက်မှာ အိမ်ထောင်ပြုဖို့လျာ ထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အဲဒီအစီအစဉ် ဖြစ်မလာခဲ့ဖူးဆိုရင်တောင် ကျွန်တော် တခြားအမျိုးသမီး တစ်ယောက်ယောက်နဲ့ မဖြစ်ဖြစ်အောင် အိမ်ထောင်ပြု မှာပါ။ အိမ်ထောင်ပြုခြင်းဟာ ကျွန်တော့်နှလုံးသားရေး ရာ တစ်ခုတည်းအတွက် မဟုတ်လို့ပါ။ ဒီလိုပဲ အကောင့်ထဲမှာရှိတဲ့ ကိုရဲမိုးတို့၊ ကိုဂျူလိုင်မောင်တို့၊ ကိုဇော်ဇော်နိုင်တို့လည်း တိုင်းပြည်တာဝန်ကို ကျေပွန်အောင် ထမ်း ဆောင်တဲ့ အနေနဲ့ မဖြစ်မနေ အိမ်ထောင်ပြုစေချင်ပါတယ်။ အဲ… ဦးယောင်တို့ ကိုသန့်တို့ ကိုအောင်ထွန်းတို့တော့ မပါဘူးပေါ့ နော်…။ သူတို့ကတော့ တာဝန်ကျေပြီးသားဆိုတော့ ထပ်ကျေချင်လို့ မရတော့ပါဘူး။ ကိုနန္ဒာထွဋ်တင်ကတော့ လူပျိုလိုလို လူအို လိုလိုဆိုတော့ ဘာပြောရမှန်းမသိပါဘူး။ ကော့သောင်းမှာတုန်းက လေတပ်ထွက် မိတ်ဆွေ မြိတ်သားတစ်ယောက်ပြောတာ သတိရနေမိပါတယ်။ သူ့ကို ကိုဘိတ်ကြီး လို့ပဲ ခေါ်ကြတယ်။ ကိုဘိတ်ကြီးက တစ်နေ့ ကျွန်တော့်ကို လက်ဘက်ရည်ဆိုင်ခေါ်ပြီး “ကိုကျော် … မိန်းမယူဖို့ ကြိုးစားဗျာ။ ပိုက်ဆံ ရှိ တာတွေ မရှိတာတွေ လုပ်မနေနဲ့။ ကျွန်တော်တို့ နိုင်ငံကို ကြည့်ပါဦး။ ခေါင်းရွက်ဗျတ် ထိုး ဈေးသည်တွေ၊ ရေလုပ်သားတွေ၊ ပညာ နည်းတဲ့ အသိုင်းအဝိုင်းက လူတွေ က စောစောစီးစီး အိမ်ထောင်ပြုကျတယ်။ သူတို့ကမွေးလာတဲ့ မျိုးဆက်တွေက လည်း ကျောင်း မထားနိုင်လို့ Formal Education မရသလို မိဘတွေက စာပေ ဗဟုသုတ မရှိတော့ သားသမီးပါ စာဖတ်ရကောင်းမှန်း မသိတဲ့ အတွက် Informal Education လည်း မရပြန်ဘူး။ ဒီတော့ ဒီလိုမျိုးဆက်တွေချည်းပဲ ပြန့်ပွားလာ ရင် ရေရှည်မှာ ကျွန်တော်တို့ တိုင်းပြည်အတွက် မကောင်းဘူးဗျ။ ဒါ့ကြောင့် မိန်းမ ယူကိုယူရမယ်” လို့ ပြောပါတယ်။ အဲ… သူကိုယ်တိုင်ကတော့ လူပျိုကြီးပါပဲ။ ဆိုတော့ကာ ကျွန်တော်တို့ မိန်းမယူရပါမယ်။ တစ်ယောက်နဲ့ အဆင်မပြေ ရင် နောက်တစ်ယောက်ထပ်ရှာပြီး ယူရပါမယ်။ တစ် ယောက်ယောက်နဲ့ အဆင်မပြေလို့ အသည်းကွဲချင်လည်း ကွဲပေါ့။ အလွမ်းသီချင်းလေးနားထောင်၊ ဂစ်တာလေးတီးပြီး ယစ်ရွှေ ရည်လေးနဲ့ ကုစားရင်း ခဏတဖြုတ် အသည်းကွဲပေါ့။ ဒဏ်ရာလေး နည်းနည်းကျက်ရင်တော့ နောက်တစ်ယောက်ရှာပါ။ ဒါမှသာ အိမ်ထောင်ပြုဖို့ အဆင်ပြေပါလိမ့်မယ်။ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် လုပ်နေရင် ကျွန်တော်တို့ချစ်တဲ့ တိုင်းပြည်အတွက် တာဝန်ကျေမှာ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် တာဝန်ကျေအောင် ကျွန်တော်တို့နဲ့ဆိုင်တဲ့ ဒို့တာဝန်အရေး သုံးပါးကို မဖြစ်မနေ အကောင်အထည်ဖေါ်ရပါမယ်။ အဲဒီအရေးသုံးပါးကတော့ - - မဖြစ်မနေ မိန်းမယူရေး ဒို့အရေး - ရရှိလာသော မိန်းမနှင့် ရနိုင်သလောက် ကလေးများများယူရေး ဒို့အရေး - ရရှိလာသောကလေးများအတွက် အဟာရပြည့်ဝစွာကျွေးမွေးနိုင်ရေး၊ ပညာရေးပံ့ပိုးပေးနိုင်ရေး၊ ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ပြုစုပျိုးထောင်ပေးရေး ဒို့အရေး တို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ကျွန်တော်တို့တာဝန် အရေးသုံးပါးကို ဆောင်ရွက်နိုင်ဖို့ အနည်းဆုံး ရည်းစား တစ်ယောက်တော့ ရှိရပါလိမ့်မယ်။ နိုင်ငံ အတွက်ရည်မှန်းပြီး အဲဒီရည်းစားဟာလည်း အထိုက်အလျောက်ငယ်ဖို့၊ ကျန်းမာသန်စွမ်းဖို့လိုပါတယ်။ မိန်းကလေးများ ၃၅ နှစ် ကျော်သွားရင် မွေးလို့ ဖွားလို့ သိပ်အဆင်မပြေချင်တော့ပါဘူး။ ၄၀ ကျော်ဆို ရင်တော့ ပြောစရာကိုမလိုတော့ပါဘူး။ တိုင်းပြည် အတွက် သားကောင်းရတနာ/ သမီးကောင်းအလိမ္မာတွေ မွေးဖွားမှာကို မနာလိုတဲ့သူတွေကတော့ မိတ်ဆွေတို့ ကို နွားအိုမြက်နု ကြိုက်လို့ ရင့်ရင့်သီးသီး စွပ်စွဲပါလိမ့်မယ်။ သူများပါးစပ်ဖျားမှာ လမ်း မဆုံးပါစေနဲ့လို့ ဆရာသမားတစ်ယောက်က ဆုံးမဖူးပါတယ်။ ဒီတော့ ကိုယ့်စီမံချက် အတွက် ရဲရဲတက်…အဲလေ ရဲရဲသာ ဆက်လျှောက်ပါ။ ၂၅ နှစ်နဲ့ ၃၀ အောက်ဟာ အကောင်းဆုံးအရွယ်ပါ ပဲ။ အဲဒီလိုပြောတဲ့အတွက် INGO က အမျိုးသမီးတစ်ယောက်က “ငါက ကိုကျော်ကြီး target မဝင်ဘူးဟဲ့” လို့ ငေါ့တာ ကြုံဖူးပါ တယ်။ ဟုတ်ကဲ့ တကယ်လည်း မဝင်ပါဘူး။ သူက ၃၆ ကျော်နေလို့ပါ။ ကျွန်တော့်လက်ရှိချစ်သူနဲ့ ကျွန်တော် ၁၅ နှစ်ကွာပါတယ်။ အဲဒီရှေ့မှာဖြစ်ခဲ့တဲ့ ရည်းစားတွေက ၁၀ နှစ်၊ ၁၆ နှစ်၊ ၁၇ နှစ်၊ ၂၀ နှစ် နဲ့ ၂၄ နှစ်ကွာတဲ့ ၅ ယောက်ပါ။ အကြောင်းအမျိုးမျိုးကြောင့် သူတို့နဲ့ ဖူးစာမဆုံရပေမဲ့ သူတို့ကျွန်တော့်ကို ချစ်ကြသလို ကျွန် တော်လည်း သူတို့ကိုချစ်ပါတယ်။ အခုချစ်သူကတော့ ကိုကြီးကိုပဲချစ်တယ်၊ ကိုကြီးကိုပဲယူမှာလို့ပြောပါတယ်။ အရင့်အရင် အတွေ့အကြုံများ အရ ဆောက်ဖြစ် မှသာ ကျောင်းဒကာလို့ ခေါ်တာက ပိုသေချာတာမို့ စကားတော့ အကုန်မပြောရဲပါ။ တချို့က အစ္စရေးကို လက်ညှိုးထိုးပြပြီး လူဦးရေက အဓိကမဟုတ်ဘူး၊ စည်းလုံး ညီညွတ်မှုက အဓိကလို့ ဆိုပါတယ်။ ဟုတ်ကဲ့ အစ္စရေးဆိုတာ ချွင်းချက်ပါ။ ကျွန်တော်ခဏခဏပြောသလို ချွင်းချက်တွေကို ယေဘုယျအမှန်တရားအဖြစ် သွားပြီး သတ်မှတ် လို့ မရပါဘူး။ တိုင်းပြည်တစ်ပြည်ဖြစ်ဖို့ အဓိကကျတဲ့ အချက်လေးချက်လိုပါတယ်။ - လူဦးရေ (population) - နယ်မြေ (territory) - အစိုးရ (government) - အချုပ်အခြာအာဏာ (sovereignty) ဒီလေးချက်ထဲမှာ လူဦးရေ (population) က ထိပ်ဆုံးကပါတာကို တွေ့ရမှာပါ။ လူဦးရေ (population) မရှိဘဲ တိုင်းပြည်ဆိုတာ မရှိနိုင်ပါဘူး။ ဒါ့ကြောင့် လူဦးရေများများ တိုးပွား ဖို့ ကျွန်တော်တို့တွေ မဖြစ်မနေ အိမ်ထောင်ပြုဖို့လိုပါတယ်။ “ပြည်ချစ်သားများ တိုးပွားဖို့ အိမ်ထောင်ပြုကြစို့” ဆိုတဲ့ အမျိုးသားရေးဆောင်ပုဒ်ကို လက်ကိုင်ထားစေချင်ပါတယ်။ အမျိုးသမီးတွေလည်း ဒီအတိုင်းပါပဲ။ ၃၀ မကျော်ခင် အိမ်ထောင်ပြုကြပါ။ အမျိုးသမီးက ပိုအရေးကြီးပါတယ်။ ယောက်ကျားက မျိုးစေ့ မိန်းမက မြေယာဆိုတဲ့ စကားရှိ ပါတယ်။ ယောက်ကျားတွေ မိန်းမငယ်ငယ်ယူတာကို တိုင်းပြည်မျက်နှာကြည့်ပြီး မုဒိတာ ပွားစေချင်ပါတယ်။ မျိုးစေ့ဆိုတဲ့အမျိုးက စနစ်တကျသိမ်းဆည်းထားရင် ဘယ်လောက်နှစ်ကြာကြာ စိုက်ပျိုးလို့ရပါတယ်။ အဲ.. မြေယာကတော့ မျိုးစေ့နဲ့စာရင် ကာလအကန့်အသတ်ရှိနေပါတယ်။ နောက်တစ်ခုက အမျိုးသားတွေအတွက် ပြဿနာအကြီးကြီးမရှိပေမဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုရင် မျိုးစောင့်တရား လက် ကိုင်ထားဖို့လည်း အရေးကြီးပြန်ပါတယ်။ သူတို့ကျတော့ ယူချင်တဲ့သူယူ ငါတို့ကျတော့ ချုပ်ခြယ်တာပေါ့လေလို့ မမှတ်ပါနဲ့။ ဆိုခဲ့ သလို ကျွန်တော်တို့ ယောက်ကျားလေးတွေဟာ မျိုးစေ့ဖြစ်ပါတယ်။ လိမ္မော်သီးဆိုတာ ဘယ်နေရာမှာစိုက်စိုက် လိမ္မော်သီးပဲ ထွက်ပါတယ်၊ လိမ္မော်သီးပင်က ပန်းသီးမသီးပါ။ စပါးစိုက်ရင် စပါးပဲထွက်မှာပါ၊ နှမ်းထွက်မလာပါဘူး။ ဒီသဘောလေးကို နား လည်ရင် အမျိုးသမီးတွေ မျိုးစောင့်တရားစောင့်ထိန်းဖို့ ပိုအရေးကြီးတယ်ဆိုတာ သဘောပေါက်မှာပါ။ ကျွန်တော်ပြောတာ နိုင်ငံခြားသွေးပါတဲ့ တရုတ်၊ ကုလားကို ရှောင်ဖို့ပြောတာပါ။ ကျန်တဲ့ တိုင်းရင်းသားတွေထဲက ကြိုက်တဲ့သူကို ယူနိုင်ပါတယ်။ တိုင်းရင်းသားအချင်းချင်းယူတာကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မြဲစေပါတယ်။ ကျွန်တော့် သူငယ်ချင်း ကရင်/ဗမာကပြားကြီး သန်းကျော်ဇောက ပြောဖူးပါတယ်။ ကရင်/ ဗမာ ပြဿနာတစ်ခုခုဖြစ်ရင် ကျွန်တော်ကတော့ ဘယ်ဘက်ကမှ မပါဘူး။ ကျွန်တော်က ကရင်လည်း ဟုတ်သလို ဗမာ လည်း ဟုတ်တယ်လေ။ တစ်ဖက်ဖက် က ပါရအောင် ကျွန်တော့်ခန္ဓာကိုယ်ကို လွှနဲ့ပိုင်းပေးရမှာလားတဲ့။ ဒါ့ကြောင့် တိုင်းရင်းသား အချင်းချင်း များများယူကြပါ။ များများယူလေ မြန်မြန်ရန်ငြိမ်းလေပါပဲ။ “ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး တိုင်းရင်းသားချင်းလက် ထပ်ပေး” ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆောင်ပုဒ်လေးကို လက်ကိုင်ထားကြပါ။ လူငယ်များကို အကြံပြုချင်တာက အသက် အစိတ်နဲ့သုံးဆယ်ကြားမှာ အိမ်ထောင်ပြု ကြပါ။ မွေးနိုင်သလောက်မွေးပါ။ Family Planning ရှိတာ မှန်ပေမဲ့ တချို့ကိစ္စက ကံတရားနဲ့လည်းဆိုင်ပါတယ်။ လူပျိုကြီးများလည်း အချိန်သိပ်မဆွဲပါနဲ့။ ပထဝီနိုင်ငံရေး အရ တိုင်းပြည်တစ်ပြည် လူရိုသေ ရှင်ရိုသေဖြစ်ဖို့ အနည်းဆုံး လူဦးရေ သန်း ၅၀ အထက်မှာ ရှိဖို့လိုတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံ လတ်တလော သန်းကောင်စာရင်းအရ လူရိုသေ ရှင်ရိုသေ မျဉ်းနားကို ကပ်ရုံလေးပဲ ရှိပါသေးတယ်။ လူရိုသေ ရှင်ရိုသေ အဆင့်ကနေ ဩဇာတိက္ကမကြီးမားတဲ့ အဆင့်ကိုတက်လှမ်းနိုင်ဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံနားမှာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးကလည်း ရှိနေပြန် ပါသေးတယ်။ သူတို့ကတော့ လူပေါလွန်း လို့ မကြာခဏ ရိက္ခာစားလျှော့ချ တတ်ပါ တယ်။ ကိုးရီးယားစစ်ပွဲမှာ တောင်ကိုးရီးယားနဲ့ အမေရိကန်စစ်သည်တွေ စုစုပေါင်း ၂ သိန်းဝန်းကျင်လောက်သာ ကျဆုံးခဲ့ပေမဲ့ မြောက်ကိုးရီးယားအတွက် စစ်ကူလွှတ် လိုက်တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ် မတော်က စစ်သည်ပေါင်း ၁၀ သိန်းဝန်းကျင် ကျဆုံးတယ်လို့ မှတ်သားဖူးပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံတော်ကတောင် ပထဝီနိုင်ငံရေးအရ ပြည့်အင်အားတိုးပွားရေး စီမံချက် အနေနဲ့ တိုင်းရင်းသားတွေရဲ့ မင်္ဂလာပွဲ တွေအတွက် ငွေကြေးထောက်ပံ့ကူညီခြင်း၊ တာဝန်ကျေအိမ်ထောင်သည်များအတွက် သင့်တော်ရာ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးခြင်း၊ ကလေး ငါးယောက် အထက်ယူနိုင်သော မိသားစုများအား “ပထဝီနိုင်ငံရေး ဆု” များ တီထွင်ချီးမြင့်ပေးခြင်း စတဲ့ အမျိုးသားရေးမြှင့်တင် မှုဆောင်ရွက်ခြင်းဆိုတဲ့ လုပ်ငန်းများကို ဆောင်ရွက်သင့်ပါကြောင်း အကြံပြုချင်ပါတယ်။ ငယ်စဉ်က ကျွန်တော့်အဖေက ပြောဖူးပါတယ်။ “ငါ့သား.. ကျောလုံတယ်ဆိုတဲ့စကားကို မင်းသိလား” တဲ့။ ကျွန်တော်က မသိ ကြောင်းပြောတော့ “အေး… မင်းရယ်၊ မင်းညီလေး ရယ်၊ အဖေရယ် အိမ်မှာ ယောက်ကျား ၃ ယောက်ရှိရင် ရန်သူနဲ့ရင်ဆိုင်တဲ့အ ခါ ၃ ယောက်ပေါင်း ကျောချင်းကပ်ထား လိုက်ရင် ကျောလုံတာပေါ့ကွာ။ တကယ်လို့ မင်းတို့မရှိဘဲ အဖေတစ်ယောက်တည်း ရင်ဆိုင်မယ်ဆိုရင် ရှေ့က ရန်သူကိုပဲ အာရုံစိုက်နေရတော့ ဘယ်မှာလာပြီး ကျောလုံပါ့မလဲ” လို့ ပြောဖူးပါတယ်။ အင်အားတောင့်တင်းပြီး ဩဇာတိက္ကမကြီးမားတဲ့ နိုင်ငံတော်ဖြစ်လာရေးအတွက် ကျွန်တော်တို့ရဲ့ လူပျို/ အပျိုဘဝတွေကို အမြန် ဆုံး စွန့်လွှတ်ကြပါစို့………။ ။ ရဲကျော်သူရ
www.mohnyinnews.blogspot.com
No comments:
Post a Comment