Sunday, October 26, 2014

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ - အပိုင်း(၂)

ကျွန်တော်တို့ KIO/KIA ခေါင်းဆောင်ကြီးတွေ စည်းရုံးပြီး ပြောဆိုနေတဲ့ စကားနောက်တစ်မျိုးရှိပါတယ်။ ``ဗမာအစိုးရက ငါတို့ ကချင်လူငယ်တွေကို ဘိန်းနဲ့ဖျက်ဆီးတယ်၊ ဆေးစွဲပြီးလူရာမ၀င်အောင် လုပ်တယ်´´ ဆိုတဲ့ စကားပါ။ အဲဒီစကားကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ကိုယ်တိုင် ပြောနေတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီစကားဟာ မှန်ကန်မှုမရှိဘူးလို့ပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်ကြီးတွေကိုယ်တိုင် ၁၉၇၀-၈၀ ကျော်ကာလတွေမှာ မူးယစ်ဆေးဝါးနဲ့ ရန်ပုံငွေရှာပြီး ရပ်တည်ခဲ့ကြတာကို သိနေလို့ပါပဲ။ အဲဒီမူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ရလာတဲ့ငွေတွေ အရှုပ်အရှင်းဟာ KIA အဖွဲ့အတွင်းမှာ အမည်းစက်ကြီးတစ်ခု ယနေ့တိုင် ထင်ကျန်နေတုန်းပါပဲ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကာလတုန်းက ဒုစစ်ဦးစီးချုပ် တစ်ယောက်ကို အဲဒီမူးယစ်ဆေးကိစ္စနဲ့ပဲ ဗုံးထောင်ပြီး လုပ်ကြံခဲ့ တာဖြစ်ပါတယ်။ ``အစိုးရက ငါတို့ကချင်လူငယ်တွေကို ဘိန်းနဲ့ဖျက်ဆီးတယ်´´ ဆိုတဲ့ စကားမှာ အစိုးရက ကိုယ့်ပြည်သူကို မဖျက်ဆီးဘူလို့ပဲ မြင်ပါတယ်။ မြန်မာနိုင်ငံမူးယစ်အထူးအဖွဲ့က ဒီလောက်ကြပ်ကြပ်မတ်မတ် ဖမ်းဆီးနေတာ တွေ့ရတယ်။ တစ်နှစ်ထက်တစ်နှစ် ဒေါ်လာသန်းချီရှိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးနေတာ မြင်ရတယ်။ KIA ခေါင်းဆောင်ကြီးတွေက အစိုးရတပ်တွေနဲ့ တိုက်ပွဲပြန်ဖြစ်တဲ့ ၂၀၁၁ - ၁၃ ကာလတွေမှာ ဦးဇခုန်တိန့်ယိန်း ကို မူးယစ်ဆေးဝါးရောင်ဝယ်စီးပွားရှာနေသူဆိုပြီး ၀ါဒဖြန့်တဲ့စာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ရင် ဦးဇခုန်တိန့်ယိန်းကရော ကိုယ့်ကချင်အမျိုးသားအချင်းချင်း ဒီလိုဘိန်းစွဲအောင် လုပ်ပါ့မလားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဓိကကတော့ KIO/KIA ခေါင်းဆောင်ကြီးတွေရဲ့ လက်နက်ကိုင်ဝါဒစွဲကြောင့် ဒီပြည်နယ်မှာ မူးယစ်ဆေးတွေ ပျံ့နှံ့လာပြီး လူငယ်တွေ ဒုက္ခရောက်ကြတာဖြစ်ပါတယ်။ KIA အဖွဲ့ရှိနေတာကြောင့် တိုက်ပွဲတွေဖြစ်၊ ပြည်နယ် ကလည်း မအေးချမ်းတော့ အစိုးရက တရားဥပဒေစိုးမိုးရေးမလုပ်နိုင်ပါဘူး။ ဒီလိုအခြေအနေ၊ ဒီလို ပတ်ဝန်းကျင် မှာ မူးယစ်ဆေးဝါးအထူးကြပ်မတ်ဖမ်းဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ခေါင်းဆောင်ကြီးတို့ရဲ့ အနီးကပ်ဆုံး တရုတ်ဘက်အခြမ်းကိုပဲ ကြည့်ပါ။ နယ်စပ်ဂိတ်အထိ လက်နက်ကိုင်စောင့်နေတာ သူတို့ရဲ့ တစ်ခြားအဖွဲ့မဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ တစ်ခုတည်း သော လက်နက်ကိုင်အဖွဲ့အစည်းက တာဝန်ကျဝန်ထမ်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံမှာ မူးယစ် ဆေးဝါးကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ခေါင်းဆောင်ကြီးတို့လို တစ်နည်းအားဖြင့် KIA လို တရားမ၀င် လက်နက်ကိုင်အဖွဲ့တွေက မှိုလိုပေါက်နေတဲ့ အတွက် ထိထိရောက်ရောက် မလုပ်နိုင်ပါဘူး။ ဒီလိုအခြေအနေ ဒီလို ပတ်ဝန်းကျင်မှာ အစိုးရတစ်ရပ်အနေနဲ့ တရားဥပဒေစိုးမိုးရေးရှိအောင် ဘယ်လိုလုပ်နိုင် မလဲဆိုတာ KIO/KIA ခေါင်းဆောင်ကြီးတွေ ထည့်စဉ်းစားပေးဖူးလား..မေးချင်ပါတယ်။ အစိုးရနဲ့ NGO အဖွဲ့ တွေက ဆေးသုံးစွဲပြီး HIV/AIDS ဖြစ်နေတဲ့ လူငယ်တွေကို တတ်နိုင်သလောက် ပညာပေးဆွေးနွေးတယ်၊ ဆေးထိုးအပ်သုံးရင်ရောဂါကူးစက်မှာကြောက်လို့ တစ်ခါသုံးဆေးထိုးအပ်သုံးဖို့ လမ်းညွှန်မှုတွေ လုပ်ပေးတယ်။ အဲဒီအကျိုးတရားကို KIO/KIA ထိန်းချုပ်နယ်မြေက ဒေသခံတွေ မခံစားရရှာပါဘူး။ ဘာဖြစ်လို့မခံစားရတာလဲ ဆိုတော့ KIA အဖွဲ့ရဲ့ ပူးပေါင်းပါဝင်ရန်ဆန္ဒမရှိမှုကြောင့်ဆိုတာ ထင်ရှားပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမယ့် အကျိုးအပြစ်တွေကို မသိနားမလည်တဲ့ KIA အောက်ခြေစစ်သည် တွေ၊ ဒေသခံတွေကို ``အစိုးရက ငါတို့ ကချင်လူငယ်တွေကို ဆေးစွဲပြီး လူရာမ၀င်အောင်လုပ်တယ်´´ ဆိုတဲ့ အပေါစားစည်းရုံးမှုတွေနဲ့ ကိုယ့်အာဏာတည်မြဲရေး မလုပ်သင့်တော့ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ဒါကို ဘုရားသခင်လဲ လက်ခံတော်မူမှာ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့ကချင်ပြည်နယ်မှာ KIO/KIA လက်နက်ကိုင်အဖွဲ့သာ မရှိရင် အစိုးရအနေနဲ့လည်း ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာလို မူးယစ်ဆေးဝါးပြစ်မှု အတွက် ထိထိရောက်ရောက် အရေးယူအပြစ်ပေးနိုင်မှာ သေချာပါတယ်။ တရာဥပဒေစိုးမိုးမှုကိုလဲ သေချာလုပ် နိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ သုံးစွဲမှုတွေဟာ သိသိ သာသာ လျော့ကျသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကချင်လူငယ်တွေ၊ လူကြီးလူငယ်ပိုင်းတွေအားလုံး KIO/KIA ရဲ့ မူးယစ်ဆေးဝါးကျေးကျွန်ဘ၀ကနေ လွတ်မြောက်ပါစေလို့ ဘုရားသခင်ဆီမှာ ဆုတောင်းပေးနေမိ ပါတယ်ဗျာ။ KIO/KIA အတွင်းရေးများ အပိုင်း(၃)အား ဆက်လက်ဖော်ပြပါမည်။ ဘရန်စန်အောင်

www.mohnyinnews.blogspot.com

No comments:

Post a Comment