Monday, October 20, 2014

“ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းပါစေ”

ဒီပုံစံအတိုင်းဆိုရင် KIAဆိုတာ ကချင်တိုင်းရင်းသားတွေရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူ ချနင်းပြီး ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကိုပဲ ရှေ့တန်းတင် ထင်ရာစိုင်းနေတဲ့ အဖွဲ့အစည်းလို့ပဲ မြင်မိတယ်..။

ဖြစ်ချင်တာမဖြစ်လို့ လိုချင်တာမရလို့ဆိုတဲ့ ပုံစံမျိုးနဲ့ ပြဿနာတစ်ခုကို လက်နက်စွဲ ကိုင် ကာ တိုက်ပွဲတွေဖန်တီးပြီး ဖြေရှင်းနေယုံနဲ့ မပြေလည်လာနိုင်ပါဘူး …။ စစ်ဖြစ်တယ်ဆိုတာ နှစ်ဦးနှစ် ဖက် ရင်းနှီးမှုတွေများလွန်းပြီး ပေးဆပ်မှုတွေ ကြီးမားလွန်းကြပါတယ်.. ပထမဆုံး ဒေသခံတွေဟာ စစ်ဘေးဒဏ်သင့်ပြီး ဒုက္ခအတိ ရောက်ကြတော့တာပါပဲ…။

လူမျိုးတစ်ခုဖွံ့ဖြိုးဖို့ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုရင် အဲဒီနိုင်ငံမှာ အကောင်း အဆိုးကို ဝေဖန်ပိုင်ခြားနိုင်တဲ့ပညာတတ်လူငယ်တွေများရပါ့မယ်..။နောက်မျိုးဆက်ကို မျှဝေပေးနိုင်တဲ့ ပညာအမွေ လဲရှိရပါ့မယ်..။ အဲဒီလို ပညာတတ်တွေများပြီး နောက်မျိုးဆက် အတွက် ပညာအမွေတွေလက်ဆင့် ကမ်းနိုင်ဖို့ ပထမဦးဆုံးအနေနဲ့ လက်ရှိလူငယ်တွေ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်မယ့် နေရာရှိကို ရှိနေရပါမယ်..။

အခု ကချင်ပြည်နယ်ကို ကြည့်ပါ..။ကျောင်းသားတွေဟာ လွယ်အိပ်ကိုဘေး ချပြီး ကျောင်းနဲ့ ဝေးရာကို ထွက်ပြေးနေ ရတယ်…တောင်သူဦးကြီးတွေဟာ တံဇဉ်ကိုပစ်ပယ်ပီး သူတို့ရဲ့မနက်ဖြန် အတွက် ပူပန်နေရတယ်..။ ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းမှာပဲ ပိုပြီးဒုက္ခရောက်ကုန်ကြတယ် ..။ စာသင်ခန်းတွေဟာ စာအော်ကျက်သံမကြားရပဲ တေးသီငှက်တွေရဲ့ အလွမ်းဖြေတဲ့နေရာ ဖြစ် လာတယ်..။နောက်ဆုံး အဲဒီစစ်ပွဲတွေကြောင့်ပဲ ကချင်ပြည်နယ်ရှိ ကလေးငယ်တွေဟာ လက်ရှိ ပစ္စုပ္ပန်မှာ ဒုက္ခရောက်ကြပြီး အနာဂတ် လမ်းစတွေပျောက်ကုန်ကြတော့တာပဲ..။

လက်ရှိ တာဝန်ရှိအစိုးရဟာ ပြည်သူတွေအေးချမ်းစွာနေထိုင်ပြီး တိုင်းပြည်တိုးတက်ဖို့ရာ အတော်လေးကို အင်တိုက်အားတိုက် ကြိုးစားလုပ်ဆောင်နေတာတွေ့ရပါတယ်..။အနှစ်(၆၀)ကျော် ဖြစ်ပွားနေတဲ့ မြေပြင်ပေါ်မှစစ်ပွဲတွေကို စားပွဲပေါ်သို့ အရောက်ဖိတ်ခေါ်ကာ တိုင်းရင်းသားအချင်း ချင်း မျက်နှာချင်းဆိုင်ဆွေးနွေးပြီး ယုံကြည်မှုတွေတည်ဆောက်စေပါတယ်..။

နှစ်ဦးနှစ်ဖက် အပစ် အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး သက်ဆိုး ရှည်နေ တဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်ဖို့ အစိုးရ တပ်မတော် ဘက်က လဲ တော်တော်လေးကို လိုလိုလားလားနဲ့ လိုက်လိုက်လျောလျော ကြိုးပမ်း လာတာတွေ့ရပါတယ်..။ဒါ့ကြောင့်မို့လဲ ယခင်လက်နက်ကိုင်အဖွဲ့အစည်း အတော်များများဟာ ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်တွေထိုးကြတော့ ပြည်သူတစ်ဦးအနေဖြင့် ၀မ်းသာပီတိဖြစ်မိပါတယ်..

ဒါပေမယ့် KIA ခေါင်းဆောင်ပိုင်းတွေကတော့ လက်နက်ကိုင် လမ်းစဉ်အပေါ်စုံ မက်သာယာ နေတုန်းပါပဲ…။အခုလို တစ်ဖက်နှင့်တစ်ဖက် စောင့်ကြည့်ဆဲကာ လတွေ မှာ KIA အနေဖြင့် ညှိနှိုင်းမှု တွေအဖြေရှာလို့မရတဲ့ ပုံစံမျိုးနဲ့ ပြည် တွင်း စစ် ကို ဆွဲဆန့်ပြီး ဆက်လက်အမြတ်ထုတ်ချင်တဲ့ ဆန္ဒ တွေဟာ စိတ်မကောင်း စရာတစ်ခုအဖြစ် တွေ့မြင်နေရတုန်းပေါ့..။

KIA… ခင်ဗျားတို့ဟာ အဖွဲ့အစည်းတစ်ခုအပေါ် တစ်ဖက်သတ်အမြင်နဲ့ နာ ကြည်းလို့ပဲဆိုဆိုမုန်းတီးလို့ပဲ ခေါင်းစဉ်တပ်တပ်..ကျောင်းသွားရမှာကို ကြောက်လန့်နေတဲ့ဒေသခံ ကလေးငယ်တွေ ရဲ့ဘ၀ ၊ ဘ၀ကို ကျီးလန့်စာစား ရုန်း ကန်နေ ရတဲ့ ပြည်သူလူထုရဲ့ မျက်နှာ ၊ ခိုကိုးရာမဲ့နေတဲ့ ဒုက္ခ သည်စခန်းက သက်ကြီးရွယ်အို ဘိုးဘွားတွေရဲ့ အဖြစ်ကို စာနာထောက်ထားပေးပါ.. ကိုယ်ချင်း စာပြီး သနားညှာတာပေးလှဲ့ပါ…

တနေ့နေ့မှာ ကချင်လူထုကို အမှန်တကယ်ကာကွယ်ပြီး ၊ ကချင်ပြည် တိုး တက်ရေး ကို အ ပတ်တကုတ်ကြိုးစား၍ ကချင်ပြည်သူလူထုက အမှန် တကယ် အားကိုးထိုက်တဲ့ ကချင်တပ်မတော် (KIA) ဖြစ်ပါစေလို့ ဘုရားသခင်ထံ ဆုမွန်ကောင်းတောင်းလျှက်…။

မောင်သစ္စာ

်Htar Nay

Credit- Kachin Daily News

No comments:

Post a Comment