Tuesday, October 28, 2014

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ အပိုင်း(၅)

ဒီတစ်ခါရေးမယ့်အတွင်းရေးကတော့ တော်တော်ထူးခြားပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတဲ့အတွက် မရေးဘူးလို့စဉ်းစားပြီးကာမှ နှမချင်းကိုယ်ချင်းစာနာ တဲ့စိတ်ကလေးပြန်ဝင်လာပြီး ရေးဖြစ်ခဲ့တာပါ။ သူကတော့အခြားသူမဟုတ်ပါဘူး။ KIA အဖွဲ့ရဲ့ဒုတိယအကြီးဆုံးခေါင်းဆောင် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ပဲဖြစ်ပါတယ်။ အများအမြင်မှာတော့ သူဟာမျက်နှာပြုံးရွင်ဖော်ရွေပြီး နှုတ်ချိုသူတစ်ဦးလို့ ထင် ကောင်းထင်ကြပါလိမ့်မယ်။ အဲဒီလို လူမျိုးပိုကြောက်ရတယ်ဆိုတာ တကယ့်အမှန်တရားလို့ပြောချင်ပါတယ်။ KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာမှာ စစ်မှုထမ်းကြတဲ့ ကချင်မလေးတွေဟာ ခေါင်းဆောင်ကြီးတွေ လိုအပ် ချိန်တိုင်း ခြေတော်တင်ခံရတဲ့ ဘ၀တွေဖြစ်ပါတယ်။ KIO/KIA ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေရဲ့ တိတ်တိတ်ပုန်း မယားပျော်တော်ဆက်တွေ အဖြစ်လည်းနေကြရပါတယ်။ ကချင်ပြည်နယ်အတွက်လို့ ကြွေးကြော်နေတဲ့ ခေါင်းဆောင်ကြီးတွေအနေနဲ့ ကိုယ့်ပြည်နယ်ထဲက ကိုယ့်တိုင်းရင်းသူလေးတွေကို ပြန်ပြီး မပျော်မယားကြံတာ ကတော့ အင်မတန် စက်ဆုပ်ရွံရှာ မုန်းတီးစရာကောင်းတဲ့လုပ်ရပ်ပါ။ တရုတ်တွေကိုအားကျပြီး တရုတ်လမ်းစဉ် လိုက်နေကြတာနဲ့တူပါတယ်။ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်မှာ တရားဝင်မိန်းမတစ်ယောက်ပဲရှိပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာ ထားတဲ့အပျော်မယားကတော့ ရေတွက်နိုင်မယ် မထင်ပါဘူး။ သိပ်မကြာသေးခင်နှစ်ပိုင်းကပဲ အရမ်းရှက်ဖို့ ကောင်းတဲ့ ကိစ္စတစ်ခု လိုင်ဇာမှာ ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ လူသိရှင်ကြားဖုံးဖိမထားနိုင်လို့ပေါ်လာတဲ့ ဗိုလ်ချုပ်ဂွမ်မော် မယားငယ်ထားတဲ့ကိစ္စပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်က ကချင်မလေးတစ်ယောက်ကို ကွန်ပျူတာဆိုင်တွေဘာတွေဖွင့်ပေးပြီး စောင့်ရှောက်ထားပါ တယ်။ လိုင်ဇာမှာ စောင့်ရှောက်စရာလူတွေ၊ ဆင်းရဲငတ်ပြတ်နေသူတွေ အများကြီးရှိပါတယ်။ ပြောချင်တာက မရှိဆင်းရဲသားတွေကိုကျတော့ ဒီလိုဆိုင်မျိုးတစ်ယောက်တလေမှမဖွင့်ပေးဘဲ ကောင်မလေးချောချောငယ်ငယ် လေးကိုမှ ကွန်ပျူတာဆိုင်ဖွင့်ပြီး စောင့်ရှောက်တာဟာ ဘာသဘောပါလဲ မေးစရာဖြစ်လာပါတယ်။ နောက်တော့ ဇာတ်လမ်းက အဖြေထွက်လာပါတော့တယ်။ ဗိုလ်ချုပ်ဂွမ်မော်စောင့်ရှောက်ထားတဲ့ အဲဒီကောင်မလေးမှာ ကိုယ်ဝန်ရလာတာပါပဲ။ KIA ဒုစစ်ဦးစီးချုပ် ကိုယ်တိုင်ကယ်တင်ထားတဲ့ မိန်းကလေးကို ဘယ်သူစော်ကားတာလဲ ကြေညာဆိုပြီး အုတ်အော်သောင်းနှင်းဖြစ် ခဲ့ပါတယ်။ ဒါပေမယ့် တရားခံမပေါ်ပါဘူး။ အဲဒီမိန်းကလေးဟာမီးဖွားရင်းကံဆိုးစွာနဲ့ သေဆုံးသွားခဲ့ရရှာတယ်။ မွေးလာတာကတော့ အမြွာလေးပါ။ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ပန်းပု ထုထားသလားအောက်မေ့ရတယ်၊ တစ်ရုပ်တည်း ကိုတူနေတာပါ။ ဒါပေမယ့် မင်းသားကြီးကတော့ သရုပ်ဆောင်ပီပြင်စွာနဲ့ပဲ သူနဲ့ရတာမဟုတ်ဘူးလို့ ငြင်းခဲ့ ပါတယ်။ လူတွေကတော့ လူကြီးကသနားလို့ စောင့်ရှောက်တာ ကောင်မလေးက အနေအထိုင်မတတ်ဘူးဆိုပြီး အပြစ် ပြောကြပါတယ်။ အဲဒီလူတွေကို မေးပါရစေ။ သနားလို့ စောင့်ရှောက်စရာ ဒီမိန်ကလေးပဲရှိသတဲ့လား။ သနား စရာရဲဘော်တွေအများကြီးပါ။ လိုင်ဇာမှာနေတဲ့ လူတိုင်းကို ဒီလိုဆိုင်မျိုး တစ်ယောက်တစ်ဆိုင်ဖွင့်ပေးလို့လား။ အဲဒီလိုလုပ်ပေးရင် ကျွန်တော်ဂါရ၀ ပြုပါမယ့်ဗျာ။ ဒီလိုအဖြစ်မျိုး ကြုံခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ ဒုစစ်ဦးစီးချုပ်ကတော့ အပြုံးမပျက်ပန်းပန်လျက်ပါပဲ။ ဆက်ပြီး တော့လဲ ဆိုင်ဖွင့်ပေးပြီး ကူညီစောင့်ရှောက်ပေးနေတဲ့ မိန်းကလေးတွေအများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့ အချင်းချင်းနောက်တဲ့ စကားတောင်ရှိပါသေးတယ်။ ``ချောချောလေးမြင်လို့ သွားမကြိုက်နဲ့အုံး၊ ဦးဂွမ်မော်နဲ့ လွတ်လားလို့ အရင်စုံစမ်းအုံး´´ ဆိုတဲ့စကားပါ။ ပြောတော့ ပြည်နယ်အတွက် လုပ်နေတဲ့လုပ်ရပ်တွေကကချင် ပြည်သူတွေလေးစားလောက်တဲ့လူကြီးတစ်ယောက်မှာ ရှိသင့်တဲ့ ဂုဏ်အင်္ဂါနဲ့ လုံးဝမညီဘူးလို့ပဲပြောချင်ပါတယ် ဗျာ။ KIO/KIA အတွင်းရေးများ အပိုင်း(၆)အား ဆက်လက်ဖော်ပြပါမည်။ ဘရန်စန်အောင်

No comments:

Post a Comment