Wednesday, October 22, 2014

မီဒီယာနဲ့အလှမ်းဝေးလှတဲ့ အင်းတော်ကြီး မြေသိမ်းမှု့သတင်းလေးကို ဂျာနယ်ထဲမှာလဲထည့်ပေးပါ၊ သမ္မတကြီးဆီကိုလည်းရောက်အောင်ပို့ပေးပါ။                      

            '’ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ညောင်ပင်ကျေးရွာတွင်ကောက်ကျစ်စင်းလဲသောအုပ်ချုပ်ရေးမှူးဦးခင်မောင်ရဲ့ သတင်း’’ သို့/ သမ္မတကြီးဦးသိန်းစိန် ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ညောင်ပင်ကျေးရွာ တွင်အုပ်ချုပ်ရေးမှူးဦးခင်မောင်မှာ မြေဂရန်အတုကိုကိုင်ကာ ကျောင်းပိုင်မြေအားသိမ်းဆည်းရန် ကြံစည်မှု့တစ်ခုဖြစ်ပွားခဲ့ပါသည်။ ထိုသို့သိမ်းဆည်းရန် ကြံစည်စဉ်တွင်မခံမရပ်နိုင်ဖြစ်ကြ သောရွာသူသားများမှကန့်ကွက် ကြပြီးတစ်အိမ်တက်ဆင်း အုပ်ချုပ်ရေးမှူးဦးခင်မောင်ရဲ့ ပိုင်ဆိုင်မြေမဟုတ်ကြောင်းလက် မှတ်ထိုးခိုင်းပြီးကန့်ကွက်ကြရာ လက်မှတ်ပေါင်း(၂၀၀)ကျော်ရရှိ သည်ဟုသိရှိရပါသည်။ ထိုသို့လက်မှတ်ထိုးသည့်အရေးနှင့် ပတ်သက်ကာဦးခင်မောင်မှ ထောင်ဒဏ်(၁)နှစ် နှင့်ဒဏ်ငွေ(၁)သိန်းဒဏ်ချမှတ်လို့ ရကြောင်းခြိမ်းခြောက်ကာမောက် မားစွာပြောဆိုပါသည်။ထိုသို့ မပြီးနိုင်သေးပဲမှားယွင်းစွာ ပြုလုပ်ထားသောကောက်ကျစ် စင်းလဲသောဦးခင်မောင်မှာ လက်မှတ်ထိုးထားသော ရွာသူသားများအထဲမှသူကိုယ်တိုင် ကရန်သူသဖွယ်သတ်မှတ်ထား သောရွာသူသားအယောက်(၂၀) ကျော်အား မိုးညှင်းမြို့နယ်၊ဒုတိယမြို့နယ် ဦးစီးမှူးထံသို့ လာဘ်လာပငွေများပေးကာ တိုင်ကြားထား သောကြောင့်၊ယခုမိုးရာသီအချိန် တွင်ညောင်ပင်ကျေးရွာမှ မိုးညှင်းမြို့သို့ ကားလမ်းများမကောင်းသည့်ကြား ထဲမှရွာသူသားများမှာမိုးညှင်းမြို့သို့ ခက်ခဲကြမ်းတမ်းစွာသွားရောက်ပြီး ဖြေရှင်းခဲ့ရပါသည်။ ထိုသို့သွားရောက်ဖြေရှင်းရာတွင် ရွာသူသားများမှမှန်ကန်ပြတ်သား စွာပြောပြချင်သော်လည်း ဦးခင်မောင်ရဲ့လာဘ်လာပများကို ရရှိထားသော မိုးညှင်းမြို့နယ်မှဒုတိယမြို့နယ် ဦးစီးမှူးမှာ ကောက်ကျစ်စင်းလဲလှသော ဦးခင်မောင်ဘက်မှရပ်တည်နေပါ သည်။ ထိုကောက်ကျစ် စင်းလဲလှသောဦးခင်မောင်မှာ ဘ၀ကိုခက်ခဲစွာရပ်တည်နေရရှာ သောမုဆိုးမဒေါ်ခင်ထွေးရဲ့ပိုင်ဆိုင် မြေအားလဲမတရားသိမ်းဆည်းထား ပါသ ဖြင့်အားကိုးရာမဲ့ရှာ နေသောဒေါ်ခင်ထွေးမှာအလုပ် သမားသမဂ္ဂသို့တိုင်ကြားထားပါ သည်။ ထို့အပြင်အမေအိုကြီးကိုခက်ခဲပင် ပန်းကြီးစွာလုပ်ကြွေးခဲ့ရရှာသော ညောင်ပင်ကျေးရွာတွင်နေထိုင် သောဒေါ်သန်းလှရဲ့ဘိုးဘွားပိုင်မြေ အားလဲမတရားသိမ်းဆည်း ရန်ကြံစည်ခဲ့ဖူးသောရာဇ၀င်ဆိုး များနှင့်ပြည့်နက်နေသောသူလည်း ဖြစ်ပါသည်။ ထို့အပြင်ယခုလက်ရှိညောင်ပင် ကျေးရွာတွင်အုပ်ချုပ်ရေးမှူးပြု လုပ်နေသောဦးခင်မောင်မှာကြံ့ခိုင် ရေးပါတီမှ ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဦးအားငွေအားဖြင့်မတရား စွပ်စွဲကာ မိုးညှင်းမြို့နယ်သို့တိုင်ကြားခဲ့သော ရာဇ၀င်ဆိုးလည်းရှိခဲ့ပြီး ဦးသန်းဦးအား မတရားဖြုတ်ချကာအုပ်ချုပ်ရေးမှူး တာဝန်ကိုယူခဲ့သူလည်းဖြစ်ပါသည်။ အထက်ပါ ဦးခင်မောင်သိမ်းဆည်းလိုသော ကျောင်းပိုင်မြေမှာကျေးရွာမြေ အဖြစ်ရပ်ရွာလူကြီးအဆက်ဆက် တည်ရှိခဲ့သည်မှာ(၁၆)နှစ် ကျော်ရှိပြီဖြစ်ပါသည်။ ထို့အပြင်၎င်းကောက် ကျစ်စင်းလဲလှသောဦးခင်မောင်မှာ တစ်ရွာထဲအတူနေမောင်ဝင်းဆိုသူ အားလည်းရေခဲစက်ကိုသူနှင့် ယှဉ်ပြိုင်လာဖွင့်သည်ဟု ဆိုကာရန်သူသဖွယ်ဆက်ဆံကာ မောက်မာစွာပြောဆိုကျိန်းမောင်းပါ သည်။ ညောင်ပင်ကျေးရွာတွင် အထက်ပါဦးခင်မောင်မှာအချမ်း သာဆုံးဖြစ်ပါလိမ့်မည်။ ၄င်းချမ်းသာကြွယ်ဝမှု့များမှာ သမာအာဇီဝကျကျချမ်းသာလား သလားဆိုတာမှာလည်းရွာသား များအားလုံးသိကြပါသည်။ သို့သော် ၄င်းဦးခင်မောင်မှာ လောဘ၊ဒေါသ၊အတ္တ သိပ်ကြီးလွန်းလှပါသည်။ အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်ပြီး မြေဂရမ်အတုကိုကိုင်ဆောင်ခြင်း၊ ကျောင်းပိုင်မြေအားမတရား သိမ်းဆည်းလိုခြင်း၊ဆင်းရဲနွမ်းပါးသူ များကိုထောက်ပံ့ပေးကမ်းရမည့် အစားဆင်းရဲနွမ်းပါးသူများ ရဲ့ပိုင်ဆိုင်မြေအားမတရားသိမ်း ဆည်းလိုခြင်းစသည်တို့မှာလူကြီး လူကောင်းမဆန်လှပါ။ ယခင် ကြံ့ခိုင်ရေးပါတီမှအုပ်ချုပ်ရေးမှူး ဟောင်းဦးသန်းဦးဆိုသည်မှာ ဦးခင်မောင်နှင့်ညီအကို ၀မ်းကွဲတော်စပ်သူဖြစ်ပါသည်။ အထက်ပါဦးသန်းဦးမှာ အုပ်ချုပ်ရေးပိုင်းတွင်ညံ့ဖျင်းသော် လည်း အင်မတန်ရိုးရှင်းပြီး ကောက်ကျစ်စင်းလဲမှုမရှိပါ။ ထိုဦးသန်းဦးအုပ်ချုပ်ရေးမှူးပြု လုပ်စဉ်အခါကလည်းဦးသန်းဦး အားလဘ်စားမှု့နှင့်မိုးညှင်းမြို့နယ် သို့တိုင်ကြားခဲ့ပါသည်။ ဦးသန်းဦးအရှက်ရအောင်လည်း တော်တော်လေးဝေဖန်အပုပ်ချကာ ညီအကိုအချင်းချင်းဆွေးနွေးတိုင် ပင်ရမည့်အစားဦးသန်းဦးအုပ်ချုပ် ရေးမှူးဘ၀မှပြုတ်အောင်လည်ြး ကြံစည်ဖန်တီးခဲ့သူလည်း ဖြစ်ပါသည်။ သို့ပါသောကြောင့် သက်ဆိုင်သူများလာ ရောက်ဖြေရှင်းပေးရန် အသိပေးလိုက် ရပါသည်။ အတိအကျသိရှိလိုပါလျင် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (ဦးသန်းဦး-၀၉၄၇၀၀၇၆၅၉) (ဦးအောင်ကြည်-၀၉၄၇၀၀၉၄၆၅) (ဦးမြင့်နိုင်-၀၉၄၇၀၀၇၃၀၉) (ဦးသက်ထွန်း-၀၉၄၇၀၀၇၂၁၄) အစရှိတဲ့ညောင်ပင်ကျေးရွာမှ ရပ်မိရပ်ဖများကိုဆက်သွယ်မေး မြန်းနိုင်ပါကြောင်း                                       (စိုင်းတိုင်းလျန်-အင်းတော်ကြီးမီဒီယာ)


Posted via Blogaway

No comments:

Post a Comment