မြစ်ကြီးနားတွင် ကျပ်ငွေ ၃.၂ ဘီလီယံ ကျော်တန် ကျောက်မျက်ရတနာ
ရောင်းဝယ်ရေးစင်တာ တည်ဆောက်
မြစ်ကြီးနား ကျောက်မျက်ရတနာအသင်းက မြစ်ကြီးနားမြို့တွင် ဧက ၁၅.၃၅၁
ကျယ်ဝန်းပြီး ကျပ်ငွေ ၃.၂ဘီလီယံကျော်တန် ကျောက်စိမ်းအဓိကထား
ကျောက်မျက်ရတနာအရောင်းပြခန်းတည်ဆောက်နေပြီ ဖြစ်ကြောင်း မြစ်ကြီးနား ကျောက်မျက်အသင်းမှ သိရသည်။
ထိုစီမံကိန်းကို ဒေသဖွံ့ဖြိုးရေးအတွက်ရည်ရွယ်၍ ဆောက်လုပ်ခြင်းဖြစ်ပြီး
မြစ်ကြီးနားကျောက်မျက်ရတာနာအသင်းနှင့် ပတ်သတ်မှုမရှိသော မြစ်ကြီးနားမှ
ဆောက်လုပ်ရေးကုမ္ပဏီ လေးခုကို တင်ဒါခေါ်ယူ၍ ဆောက်လုပ်ခွင့်
ပြုထားကြောင်း သိရသည်။
“ကချင်ပြည်နယ်မှာ ကျောက်စိမ်းထွက်တယ်။ တစ်ကမ္ဘာလုံးမှာလည်း
ကျောက်စိမ်းက ကချင်မှာပဲထွက်တယ်။ ဒါပေမဲ့ ဒေသဖွံ့ဖြိုးမှုက
အလွန်နိမ့်ကျနေတယ်။ မြန်မာနိုင်ငံအထဲမှာလည်း ဒီကျောက်စိမ်းကြောင့်
တကယ့်သန်းကြွယ်သူဌေးတွေပေါ်ထွက်သွားတယ်။ ပြီးတော့ တရုတ်ပြည်မှာ
လည်းပဲ မြို့ကြီး သုံးလေးမြို့လောက်က ရိုးရိုးကျေးရွာအဆင့်ကနေပြီးတော့
ခေတ်မှီတိုးတက်တဲ့ ကျောက်စိမ်းမြို့တော်ကြီးတွေဖြစ်သွားကြတယ်။ ဒါပေမဲ့
ကချင်ပြည်နယ်မှာ ဒီကျောက်စိမ်းကြောင့် ဖွံ့ဖြိုးမှုက သုံညပဲရှိနေတယ်။ ဒါကြောင့် ဒီဒေသကြီးမှာ ကျောက်စိမ်းအချောထည်ရောင်းတဲ့ စင်တာလုပ်မယ် ဆိုရင် ဒီဒေသကလူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရလာမယ်။ ဒီဒေက လူတွေ ကျောက်စိမ်းလုပ်ကွက်တွေရလာမယ်။
ဒီဒေသလူတွေ တရားဝင် ဝယ်နိုင် ပို့နိုင် ရောင်းနိုင်မယ်ဆိုရင် ဒီဒေသက ဖွံ့ဖြိုး တိုးတက်လာမယ်” ဟု မြစ်ကြီးနား ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးသောင်းကြည်က မြန်မာ့ခေတ်သို့ပြောသည်။
ထို စီမံကိန်းတွင် ဇုန်အားဖြင့် လေးခု ခွဲခြားထားပြီး ကျောက်မျက်ကုမ္ပဏီများနှင့်
ကျောက်မျက်ဆိုင်ရတနာဆိုင်ရှင်များအတွက် ဆိုင်ခန်းများသာမက ပျံကျ
ကျောက်သွေး၊ ကျောက်ခွဲ လုပ်ငန်းလုပ်ကိုင်နေသော သူများအတွက်
စီစဉ်ထားသော ရောင်းဝယ်ရေး ဆိုင်ခန်းများလည်းပါဝင်ကြောင်းသိရသည်။
ထို့အပြင် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်ကလည်း
ထိုစီမံကိန်းတွင် သင့်လျှော်သော အဆောက်အဦးတစ်ခုကို ဆောက်လုပ်ပေးရန်
အစီအစဉ်ရှိသိဟုလည်း သိရသည်။
“ကျွန်တော်တို့အတွက် ဝယ်လိုအားဖြစ်တဲ့ တရုတ်နိုင်ငံက လက်တစ်ကမ်းမှာပဲ
ရှိတယ်။ လာဝယ်မဲ့ လူတွေကိုလည်း လုပ်ထုံးလုပ်နည်းဘောင်အထဲက
မြစ်ကြီးနားအထိလာဝယ်ခွင့်ရစေချင်ပါတယ်။ အဲဒီလိုကျောက်တွေရောက်ပြီ။
ထုတ်လုပ်ပြီ။ ဒီက One Stop Service ကပို့ပြီ။ သို့သော် လာဝယ်ချင်တဲ့
တရုတ်နိုင်ငံခြားသားများကလည်း တစ်ဖက်နိုင်ငံကနေ ချောချောချူချူ၊
လွယ်လင့်တစ်ကူ ဥပဒေဘောင်အတွင်းကနေ သွားနိုင်၊ လာနိုင်မယ်ဆိုရင်
ဒီမှာရှိတဲ့ အချောထည်ရောင်းဝယ်ရေးစင်တာကြီးဟာ ပြန်လည်ပြီးတော့
သက်ဝင်စည်ကားလာမယ်။ အဲဒီလို သက်ဝင်စည်ကားလာမှသာလျှင်
လူမှုဖွံ့ဖြိုးရေးအတွက်လည်း အများကြီးကောင်းသွားမယ်။ အလုပ်အကိုင်
အခွင့်အလမ်းတွေလည်း ပွင့်သွားမှာဖြစ်တယ်” ဟု ဦးသောင်းကြည်က
ဆက်လက်ပောသည်။
သော်ဇင်စိုး
မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com
No comments:
Post a Comment