Tuesday, June 30, 2015
အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်ဦးစီးတော် တက္ကသိုလ်ဝင်တန်းအခမဲ့စာသင်ကျောင်းကို ဒီနေ့စတင်ဖွင့်ပါပြီ
အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်ဦးစီးတော် တက္ကသိုလ်ဝင်တန်းအခမဲ့စာသင်ကျောင်းကို ဒီနေ့စတင်ဖွင့်ပါပြီ
အလှူငွေများကိုစေတနာထက်သန်စွာပါဝင်လှူဒါန်းကြရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်......
မိုးညှင်းမြို့ ကချင်ပြည်နယ်
အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်
အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်ဦးစီးတော် တက္ကသိုလ်ဝင်တန်းအခမဲ့စာသင်ကျောင်းကို ဒီနေ့စတင်ဖွင့်ပါပြီ
အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်ဦးစီးတော် တက္ကသိုလ်ဝင်တန်းအခမဲ့စာသင်ကျောင်းကို ဒီနေ့စတင်ဖွင့်ပါပြီ
အလှူငွေများကိုစေတနာထက်သန်စွာပါဝင်လှူဒါန်းကြရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်......
မိုးညှင်းမြို့ ကချင်ပြည်နယ်
အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်
ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ * * * * * * * * * * * * * * * * * * * * * * * * * * *
ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ
* * * * * * * * * * * * * * * * * * * * * * * * * * *
ရဲများက အိမ်တွင်းသို့ ဝင်ရောက်ကာ ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက မည်သို့ တုံ့ပြန်ရမည်ကို ဖော်ပြလိုပါတယ်။
အိမ်ထဲမဝင်မီ ရဲအနေနဲ့ သူ့မှာ လုပ်ပိုင်ခွင့်ရှိကြောင်း အထောက်အထားနဲ့အတူ ဦးစွာ ရှင်းပြဖို့ တာဝန်ရှိပါတယ်။ အိမ်ရှင်အနေနဲ့ ရဲကို တံခါးမဖွင့်ပေးမီ ရှာဖွေဝရမ်း ပါ၊ မပါ မေးရပါမယ်။ မပါလျှင် ရဲအရေးပိုင်တဲ့ အမှု ဟုတ်မဟုတ် သေချာစွာ မေးမြန်းထားဖို့ လိုအပ်ပါတယ်။ ဘာအမှုနဲ့ ရှာမလဲ၊ တိုင်တန်းချက် ရှိလား၊
တိုင်တန်းထားတာ မရှိဘူးလား စသဖြင့် မေးရပါမယ်။ ပြီးတော့ ဘာပစ္စည်းကို ရှာမလဲဆိုတာ မေးရပါမယ်။ လာရောက်ပြီး ရှာမယ့် သူများရဲ့ အမည်၊ ရာထူးနဲ့ အဖွဲ့အစည်း နာမည်များကို သေချာစွာ မေးမြန်း မှတ်သားထားရပါမယ်။ ရဲများက အခြားတစ်နေရာမှာ နေထိုင်တဲ့ သူတို့နဲ့ ပတ်သက်တဲ့ သူများကို သက်သေအနေနဲ့ ခေါ်လာတာမျိုး ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။
ပါလာတဲ့ သက်သေ (၂) ဦးဟာ အနီးပတ်ဝန်းကျင်က လူများသာ ဖြစ်ရမှာကြောင့် ရဲကို အိမ်နဲ့ အနီးအနားမှာ နေထိုင်သူများကိုသာ သက်သေအဖြစ် ခေါ်ဖို့ ပြောရပါမယ်။
တံခါးဖွင့်ပြီးနောက်မှာ အိမ်ရှင်အနေနဲ့ သေချာအောင် လုပ်ရမယ့် ကိစ္စများ ရှိပါတယ်။ အိမ်အတွင်း ပေးမဝင်မီ ရဲနဲ့ သက်သေ (၂) ဦးကို သူတို့ချင်း တစ်ယောက်ရဲ့ ကိုယ်ခန္ဓာကို ကျန်တစ်ယောက်က ရှာဖွေခိုင်းရပါမယ်။
အဘယ့်ကြောင့်ဆိုသော် မသမာသောနည်းနဲ့ အပြင်ကနေ ဝှက်ယူလာတဲ့ ပစ္စည်းများ မရှိကြောင်းသေချာစေဖို့ ဖြစ်ပါတယ်။
ရဲများအနေနဲ့ အဲဒီလို အိမ်တွင်း ဝင်ရောက် ရှာဖွေခြင်းကို အိမ်ရှင်များရဲ့ ရှေ့မှာပဲ ပြုလုပ်ရပါမယ်။ အိမ်ရှင်များအနေနဲ့ သူတို့ ရှာဖွေတာကို လိုက်လံ ကြည့်ရှုခွင့် ရှိပါတယ်။ သူတို့ လုပ်သမျှကို လိုက်ကြည့်နေဖို့ အထူးအလေးပေး တိုက်တွန်းလိုပါတယ်။
ရဲကပြောတဲ့ အမှုနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းများကို သိမ်းဆည်းခွင့် မရှိပါဘူး။ မသိမ်းဖို့ ပြောရပါမယ်။
တကယ်လို့ အမှုနဲ့ သက်ဆိုင်တဲ့ ပစ္စည်းများ ရှိဖွေတွေ့ရှိပါက ရှာဖွေပုံစံ ဇယားများပေါ် ရဲက အပြည့်အစုံ ရေးသွင်းရမယ့်
တာဝန်ရှိပါတယ်။
ပစ္စည်းတွေ့ရှိတဲ့ နေရာအသီးသီးကို ဖော်ပြရေးသား ရပါမယ်။
အကြောင်းအရာများကိုလည်း ရဲက အမှန်အတိုင်း ရေးမှတ်ရပါမယ်။
မပြည့်စုံပါက၊ မမှန်ကန်ပါက ရဲကို အိမ်ရှင်ဘက်က ပြောရပါမယ်။ ပစ္စည်းများ သိမ်းဆည်းပြီဆိုတာနဲ့ ရှာဖွေပုံစံကို ရဲက ရေးဖြည့်၊ မဖြည့် သေချာအောင် အိမ်ရှင်က လိုက်ကြည့်နေရပါမယ်။ ပြောမရပါက ရှာဖွေပုံစံမှာ လက်မှတ် မထိုးဘဲ နေနိုင်ပါတယ်။
ရဲများကို လိုအပ်သလို နှုတ်နဲ့ ကန့်ကွက်ခြင်း၊ စောဒကတက်ခြင်းများ အိမ်ရှင်ဘက်က ပြုလုပ်ပိုင်ခွင့် ရှိပါတယ်။ ရှာဖွေပုံစံ မိတ္တူကို ပစ္စည်းအပ်ပေးသူအား ရဲက ပေးထားရပါမယ်။ ပေးပြီးမှသာ ပစ္စည်းကို သိမ်းယူသွားခွင့် ရှိပါတယ်။
အခြားဒေသက ရဲများ ဝင်ရောက်ရှာဖွေသိမ်းဆည်းခြင်းပြုတဲ့အခါ သက်ဆိုင်ရာ ရဲစခန်းမှူးထံသို့ ရှာဖွေတဲ့အကြောင်းကြားစာ ချက်ချင်း ပို့ဖို့ လိုအပ်ပါတယ်။ အဲဒီအကြောင်းကြားစာမှာ သိမ်းဆည်း ပစ္စည်းစာရင်း မိတ္တူကို တပါတည်း ပေးပို့ရပါမယ်။ ။
Monday, June 29, 2015
ကျွန်တော်တို့ မြန်မာ့စီးပွားရေးဘဏ်ဒီနေ့ ငွေလွှဲစရာရှိလို့ မနက် ၉ နာရီလောက်ဘဏ်သွားတော့မဖွင့်သေး။အစိုးရရုံးတက်ချိန် ဘယ်လိုသတ်မှတ်ထားလဲ သေချာ မသိပေမယ့် ဘဏ်ကတော့ ၁၀နာရီ လောက်မှ အလုပ်လုပ်တာ သတိထားမိတော့တယ်။
ကျွန်တော်တို့ မြန်မာ့စီးပွားရေးဘဏ်ဒီနေ့ ငွေလွှဲစရာရှိလို့ မနက် ၉ နာရီလောက်ဘဏ်သွားတော့မဖွင့်သေး။အစိုးရရုံးတက်ချိန် ဘယ်လိုသတ်မှတ်ထားလဲ သေချာ မသိပေမယ့် ဘဏ်ကတော့ ၁၀နာရီ လောက်မှ အလုပ်လုပ်တာ သတိထားမိတော့တယ်။ပုဂ္ဂလိကဘဏ်ဆိုရင်တော့သေချာတယ် ဝန်ထမ်းတွေအကုန်အလုပ်ပြုတ်မှာပါ။ထားတော့ ။ငွေထုတ်တဲ့ အခါအရင်ဆုံး ကိုယ့်နာမည်နဲ့ ငွေလွှဲထားတာရှိလားဆိုပြီးစားပွဲတခုမှာစုံစမ်းရပါတယ်။ ဝန်ထမ်း မမ က အလုပ်ရှုပ်နေရင် self servic ။ကိုယ့်ဟာကို ရှာရပါတယ်။ ပြီးရင် မှတ်ပုံတင်ပါလားမေးပါတယ်။ ပါတယ်ဆိုမှ ငွေလွှဲစာရွက်နဲ့မှတ်ပုံတင်ကိုင်ပြီး မန်နေဂျာရုံးခန်းကို ဝင်ရပါတယ်။ မန်နေဂျာ က မှတ်ပုံတင်နဲ့တိုက် စစ်ဆေး လက်မှတ်တခုထိုးပြီး ငွေလွှဲကောင်တာကို လွှတ်ပါတယ် ။ အဲ့ဒီကောင်တာမှာငွေထုတ်ဖို့ form ဖြည့် ၂၀၀ ပေး အကြွေစေ့(တိုကင်)ယူရပါတယ် ။ဇိမ်ပြေနပြေထိုင်စောင့် လို့ အတန်ကြာတော့ မန်နေဂျာက နာမည်ခေါ်ပြီး CCTVလို့ယူဆရတဲ့ကောင်တာရှေ့ခေါ်ပြီး စစ်ဆေး၊မှတ်ပုံတင်ပြန်ပေးပြီးနောက်ထပ် လက်မှတ်တချက်ထပ်ထိုးပါတယ်။ပြီးမှ ငွေထုတ်ဖို့ စာရွက်တွေ တထပ်ကြီးဖြစ်ရင်ငွေထုတ်ကောင်တာကိုပို့ပါတယ်။တမေ့တမော ထိုင်စောင့်ပြီးမှ အကြွေစေ့ နံပါတ်ခေါ်ရင် ထုတ်လို့ရပါပြီ။ပြောချင်တာက တော့ ဗျာ ဒီစနစ်တွေပြင်သင့်နေပါပြီ ။One stop servic လိုမျိုး တနေရာထဲ ပြီးအောင် မလုပ်နိုင်ကြဘူးလား။ကွန်ပြူ တာတွေ အင်တာနက်တွေနဲ့ချိတ် ဆက်ပြီး လုပ်ဆောင်ဖို့တောင်းဆိုနေတာ မဟုတ်ပါဘူးဗျာ။စာရင်းစာရွက်ဖိုင်တွေ fax တွေနဲ့ လုပ်ကိုင်နေရင်လဲ ကောင်းမွန်မြန်ဆန်အောင် လုပ်လို့ရပါတယ်။လူတွေကိုအပြစ်မတင်ချင်တော့ပါဘူးစနစ်ကိုပဲအပြစ်တင်ရတော့မှာပေါ့။နောက် ငွေလွှဲတဲ့အခါငွေ ၂၀၀ ပေး ငွေလွှဲ စာရွက်တောင်း ပုံစံဖြည့်။ပြီးရင် ငွေလွှဲကောင်တာမှာ သွားထပ်။အဲ့ဒီအထိ အဆင်ပြေတယ် ။သူကတော့ အဆင့်နည်းတယ်။ဒါပေမယ့် ဒါပေမယ့်ပေါ့ဗျာ။ငွေကောင်တာ အနေအထားက စပြောရမယ်ထင်တယ်။ငွေကောင်တာမှာ ဝန်ထမ်း ၃ ယောက်ရှိတယ်ဗျ။ငွေထုတ်ပေးတာတယောက်။ငွေလွှဲလက်ခံတာ တယောက်။နောက်တယောက်က အခွန်ဆောင်တာတွေ၊ဌာနဆိုင်ရာက သွင်းငွေတွေ၊ငွေစုသူတွေကိုလက်ခံရတာ။ပြဿ နာက အဲ့ဒီနေရာမှာ။ ၃ယောက်လုံးရုံးတက်ရင် ပြဿ နာ သိပ်မရှိပေမယ့် ခက်တာက ၃ယောက်လုံးရှိတဲ့အချိန် ကို ကျနော် သိပ်မကြုံ ဖူးတာပဲ။ ပုံမှန်တောင် အလုပ်သိပ်မနိုင်တာ တယောက်လောက်များပျက်ကွက်ရင် ငွေထုတ်၊လွှဲ၊စု မယ့်သူတွေ ဒုက္ခရောက်တော့တာပဲ။သူတို့ကတော့ ဘာအရေးလဲ ဆေးလိပ်သောက်မပျက် ထမင်းစားနားမပျက်။ကြားထဲမှာမီးပျက်ရင် ပိုက်ဆံကို လက်နဲ့ရေတော့တာဗျာ။မီးစက်ဆီဖိုးတောင်းတာတော့ တခါပြောဖူးလို့ မပြောတော့ပါဘူး။မနေမနား အလုပ်လုပ်ဖို့တောင်းဆိုနေတာ ၊ ရုံးလုံးဝမပျက်ဖို့တောင်းဆိုနေတာ မဟုတ်ပါဘူးဗျာ။အရန် ဝန်ထမ်းလေးများ ခန့်ထားသင့်တယ် ထင်မိလို့ပါ။ ကျနော် ဒီနေ့ လိုအဖြစ်မျိုး အများလဲမကြုံ စေချင်လို့ပါ။ကျနော်မနက်၁၀နာရီမှ ဘဏ်ဖွင့်တော့ ငွေလွှဲမယ်ဆိုပြီး စာရွက်ထပ်တယ်။ လွှဲသူများ ပြီး ဝန်ထမ်း နည်း တော့ အလုပ်မနိုင်ဖြစ်ပြီးနေ့လည်၁၂နာရီလောက်ရောက်သွားတော့ ထမင်းစားနားတယ်ပေါ့နော် ။ကိုယ်တွေလဲ ထမင်းအပြေးအလွှားစားပြီး ဘဏ်ကိုပြန်စောင့်ပေါ့။၂နာရီခွဲလောက်ကျတော့ မီးက ပြတ်ရော။ဓာတ်ဆီပြေးဝယ် မီးစက်နှိုး ။၃နာရီလဲထိုးရော ဘဏ်ပိတ် ပါပြီတဲ့။ဟာဗျာ။ ကျနော် တနေကုန်ဘဏ်မှာ ငွေလွှဲဖို့ထိုင်စောင့်နေတာပါဗျာ။ ပြောတတ်လိုက်ကြတာ။မနက်ဖြန် ကြိုက်တဲ့အချိန်လာခဲ့ပါတဲ့ ဦးစားပေး ဆောင်ရွက်ပေးပါမယ်တဲ့။ဒါဆို ကျနော် ဒီနေ့တနေကုန် ဘဏ်မှာ ထိုင်စောင့်နေတာအလကားပေါ့။ အပြစ်တင်နေတာ မဟုတ်ပါဘူးဗျာ။တကယ်ဆို လကုန်ခါနီး ရင် သူတို့ အချိန်ပို ဆင်းပြီးတောင် စာရင်းတွေလုပ်ရသေးတာပဲ။ကျနော့် အတွက် အချိန်ပို လုပ်ပေးစေချင်တာလဲမဟုတ်ပါဘူး။နည်းပါးလှတဲ့ အလုပ်ချိန်လေးမှာ အားသွန်ပြီး ၊ဝန်ထမ်းနည်းနေရင် အရန်အင်အားလေးဖြည့်ပြီး ပြည်သူကို စေတနာထားစေချင်တာလေးပါ။ဌာနဆိုင်ရာတွေကို အသားလွတ် ဝင်ဖဲ့နေတာလဲ မဟုတ်ပါဘူး။အပြုသဘောနဲ့ အဆင်ပြေမလား ဝေဖန်ကြည့်တာပါ။ဒေါသကို ထိန်းပြီးတော့ပေါ့။နောက်ပိုင်း ကိုယ်တွေလဲ uniform နဲ့ဆိုရင်ကိုအကောင်းမမြင်တတ်တော့တာ။ပြည်သူချစ်သော ဝန်ထမ်းများ ဖြစ်ကြပါစေ။LHML (22:52)
Saturday, June 27, 2015
ကားရှိသူများသတိထားစရာ မိုးညှင်းမှာ
သတိထားကြပါနော်
မိုးညှင်းမြို့ နမီးစုရပ်ကွပ် အလယ်လမ်း ဟုခေါ်သော ရွှေမြင့်မိုရ်
ရွှေဆိုင် ထောင့် လမ်းဆုံတွငိ ညအိပ်ရပ်နားထားသည့်ကား အားအုတ်ခဲများ ဖြင့်ပစ်ပေါက်၍ အခွဲခံထားရခြင်းဖြစ်ပါ ၍ိ
သတိရှိစွာ ဖြင့် ကားများ ထားကြရန်အတွက် ဖြစ်ပါတယ်။
မြင်တွေ့ကြရသည့်အတိုင်း ကားမှန်အား အုတ်ခဲဖြင့် ပစ်ပေါက်
၍ခွဲထားခြင်းဖြစ်ပ်သည်။
တည်းခိုခန်း ဟိုတယ်အစရှိသည်များ ပို၍ သတိရှိစေ လို
ပါသည်
စေတနာများစွာဖြင့်
photo by
tin soe
www.mohnyinnews.blogspot.com
Friday, June 26, 2015
မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ၂၀၁၄-၂၀၁၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတပ်ဖွဲ့ဝင်သားသမီးများအားဂုဏ်ပြုဆုချီးမြင့်ပွဲနှင့်ပညာသင်စရိတ်ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ၂၀၁၄-၂၀၁၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတပ်ဖွဲ့ဝင်သားသမီးများအားဂုဏ်ပြုဆုချီးမြင့်ပွဲနှင့်ပညာသင်စရိတ်ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနား ကို ၂၇.၆.၂၀၁၅ ရက်နေ့ နံနက် (၀၉၀၀)နာရီတွင်
ကျင်းပပြုလုပ်ရာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ တပ်ဖွဲ့ဝင်သားသမီး (၆)ဦး၊တက္ကသိုလ်/
ကောလိပ်တွင်ပညာသင်ကြားနေသူ(၉)ဦး၊အထက်တန်း
အဆင့်ပညာသင်ကြားနေသူ(၆)ဦး၊အလယ်တန်းအဆင့်
ပညာသင်ကြားသူ(၁၀)ဦး၊မူလတန်းအဆင့်ပညာသင်ကြား
နေသူ(၁၀)ဦးတို့အားခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းထွန်းဝေ၊ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်တင့်၊ရဲမှူး(ဦးစီး)ဒုရဲမှူး
အောင်ခိုင်စိုး၊ခရိုင်မှုခင်းမှတ်တမ်းတာဝန်ခံ ဒုရဲမှူး ဌေးအောင်
တို့မှ ပညာသင်စရိတ် စုစုပေါင်း(၃၂၀၀၀၀)ကျပ်
ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
www.mohnyinnews.blogspot.com
မိုးရွာယင်ရေလျှံရေနှုတ်မြောင်းတွေပိတ်တာတာဝန်ရှိသူလို့ပြောပေမဲ့ စည်းကမ်းမရှိတာတော့ပုံကိုကြည့်ကြပါ မိုးညှင်းအရန်မီးသတ်တွေတော့တာဝန်သိနေဆဲပါ
မိုးရွာယင်ရေလျှံရေနှုတ်မြောင်းတွေပိတ်တာတာဝန်ရှိသူလို့ပြောပေမဲ့
စည်းကမ်းမရှိတာတော့ပုံကိုကြည့်ကြပါ
မိုးညှင်းအရန်မီးသတ်တွေတော့တာဝန်သိနေဆဲပါ
photos by
Aung Sanoo
www.mohnyinnews.blogspot.com
မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှကြီးမှူးကျင်းပသော(၁၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်နေ့အခမ်းအနားကိုမိုးညှင်းမြို့ စိမ်းလဲ့ရတနာခမ်းမ ၌ကျင်းပ
မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှကြီးမှူးကျင်းပသော(၁၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်နေ့အခမ်းအနားကိုမိုးညှင်းမြို့ စိမ်းလဲ့ရတနာခမ်းမ ၌ ၂၆.၆.၂၀၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ကျင်းပရာအမတ(၉၀၄)တပ်မမှူး
ဗိုလ်မှူးချုပ်သက်လွင်နှင့်တပ်မတော်အရာရှိကြီးများ၊
ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ
အကြီးအကဲများ၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထွန်းထွန်းဝေ နှင့် ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စွာအောင်နှင့် မြို့နယ်ဌာနဆိုင်ရာမှအကြီးအကဲများ၊အခြေခံပညာ
ကျောင်းများမှကျောင်းအုပ်ကြီးများနှင့်ကျောင်းသားကျောင်းသူများ၊ကြက်ခြေနီ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊
လူမှုရေးအသင်းအဖွဲ့များနှင့်မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးအဖွဲ့များစုစုပေါင်းအင်အား ၅၀၀ ခန့်တက်ရောက်ခဲ့ပြီးအခမ်းအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်စိုးမိုး မှ အဖွင့်အမှာစကားပြောကြားပြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းထွန်းဝေ မှ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားပြီး အထိမ်းအမှတ် ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲ တွင်ဆုရရှိသည့်
ကျောင်းသားကျောင်းသူများအားဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
Thursday, June 25, 2015
(၁၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကို၂၆.၆.၂၀၁၅ ရက်နေ့ (၁၀၀၀)နာရီအချိန်တွင်မိုးညှင်းမြို့စိမ်းလဲ့ရတနာခမ်းမ ၌ ပြုလုပ်
(၁၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကို၂၆.၆.၂၀၁၅ ရက်နေ့ (၁၀၀၀)နာရီအချိန်တွင်မိုးညှင်းမြို့စိမ်းလဲ့ရတနာခမ်းမ ၌ ပြုလုပ်ရာ အမတ (၉၀၄)မှ ဗိုလ်မှူးချုပ်သက်လွင်နှင့်တပ်မတော်အရာရှိကြီးများ၊ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊အခြေခံပပညာကျောင်းများမှကျောင်းအုပ်ကြီးများနှင့်ကျောင်းသားကျောင်းသူများကြက်ခြေနီနှင့်အရံမီးသတ်တပ်ဖွဲ့ဝင်
များတက်ရောက်ကြပြီးအခမ်းအနားတွင်ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲ၌
ဆုရကျောင်းသူကျောင်းသားများအားဆုချီးမြှင့်ခဲ့ကြောင်း
သတင်းရရှိပါသည်။
အရှေ့စု ရပ်ကွက်က မဲစရင်းလာကြည့်သူ တစ်နေ့ကို ဆယ်ယောက် ဆယ့်ငါးယောက်သာရှိဟု အရှေ့စုရပ်ကွက်မှူးကပြောကြား
အရှေ့စု ရပ်ကွက်က မဲစရင်းလာကြည့်သူ
တစ်နေ့ကို ဆယ်ယောက် ဆယ့်ငါးယောက်သာရှိဟု
အရှေ့စုရပ်ကွက်မှူးကပြောကြား
photosby
Naan Nwe