Monday, August 31, 2015

မနေ့ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီဘူတာနှင့်ဆားမှော်ဘူတာကြားတွင် နံနက် ၁၀:၂၀ နာရီအချိန်ခန့်က ** အဆန်ကုန်ရထားအမှတ် ( ၄၃)သည်ဆိုင်းစီးရေပေါက် တံတားတွင် တံတားကျိုးကျကာ ရထား တွဲသုံးတွဲ တိမ်းမှောက်ခဲ့ ပါတယ် ။

မနေ့ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီဘူတာနှင့်ဆားမှော်ဘူတာကြားတွင် နံနက် ၁၀:၂၀
နာရီအချိန်ခန့်က
**
အဆန်ကုန်ရထားအမှတ် ( ၄၃)သည်ဆိုင်းစီးရေပေါက် တံတားတွင် တံတားကျိုးကျကာ ရထား တွဲသုံးတွဲ တိမ်းမှောက်ခဲ့
ပါတယ် ။
**
၎င်း ကုန်ရထားမောင်းနှင်သူမှာ ဦးနေမျိုးထွန်း ဟုသိရပြီ
လူအသေအပျောက်တော့ မရှိကြောင့် သိရပါတယ် ။
*
Credit Adore You

စိန်မြင့်


မနေ့ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီဘူတာနှင့်ဆားမှော်ဘူတာကြားတွင် နံနက် ၁၀:၂၀
နာရီအချိန်ခန့်က
**
အဆန်ကုန်ရထားအမှတ် ( ၄၃)သည်ဆိုင်းစီးရေပေါက် တံတားတွင် တံတားကျိုးကျကာ ရထား တွဲသုံးတွဲ တိမ်းမှောက်ခဲ့
ပါတယ် ။


မနေ့ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီဘူတာနှင့်ဆားမှော်ဘူတာကြားတွင် နံနက် ၁၀:၂၀
နာရီအချိန်ခန့်က
**
အဆန်ကုန်ရထားအမှတ် ( ၄၃)သည်ဆိုင်းစီးရေပေါက် တံတားတွင် တံတားကျိုးကျကာ ရထား တွဲသုံးတွဲ တိမ်းမှောက်ခဲ့
ပါတယ် ။



မနေ့ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီဘူတာနှင့်ဆားမှော်ဘူတာကြားတွင် နံနက် ၁၀:၂၀
နာရီအချိန်ခန့်က
**
အဆန်ကုန်ရထားအမှတ် ( ၄၃)သည်ဆိုင်းစီးရေပေါက် တံတားတွင် တံတားကျိုးကျကာ ရထား တွဲသုံးတွဲ တိမ်းမှောက်ခဲ့
ပါတယ် ။


မနေ့ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီဘူတာနှင့်ဆားမှော်ဘူတာကြားတွင် နံနက် ၁၀:၂၀
နာရီအချိန်ခန့်က
**
အဆန်ကုန်ရထားအမှတ် ( ၄၃)သည်ဆိုင်းစီးရေပေါက် တံတားတွင် တံတားကျိုးကျကာ ရထား တွဲသုံးတွဲ တိမ်းမှောက်ခဲ့
ပါတယ် ။


တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပြဌာန်း ========================================

ဥပဒေ

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပြဌာန်း
========================================

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ
(၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၄။)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်
(၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်၊ သက်ဆိုင်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် မြန်မာနိုင်ငံတွင် နေထိုင်သူအားလုံးနှင့် လည်းကောင်း၊ မြန်မာနိုင်ငံပြင်ပတွင် နေထိုင်သော နိုင်ငံသားနှင့်လည်းကောင်း၊ မြန်မာနိုင်ငံ တွင်နေထိုင်စဉ် နိုင်ငံသားနှင့် ထိမ်းမြားသော နိုင်ငံခြားသားနှင့်လည်းကောင်း သက်ဆိုင်စေရမည်။
၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) နိုင်ငံသား ဆိုသည်မှာ မြန်မာနိုင်ငံသားဥပဒေတွင် နိုင်ငံသား အဖြစ် ဖော်ပြထားသည့် မြန်မာနိုင်ငံသားကို ဆိုသည်။ ယင်း စကားရပ်တွင် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ လည်းပါဝင်သည်။
( ခ ) မြန်မာနိုင်ငံတွင်နေထိုင်သူ ဆိုသည်မှာ မြန်မာနိုင်ငံတွင် အမြဲ ဖြစ်စေ၊ ယာယီဖြစ်စေနေထိုင်သူကို ဆိုသည်။
( ဂ ) ယောက်ျား ဆိုသည်မှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူယောက်ျားကို ဆိုသည်။
(ဃ) မိန်းမ ဆိုသည်မှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ လူမိန်းမကိုဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၎။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ဥပဒေနှင့်အညီ ထိမ်းမြားကြသော လင်နှင့်မယားတို့ တစ်ဦး အပေါ်တစ်ဦး သစ္စာရှိစွာဖြင့် သာယာချမ်းမြေ့သည့် အိမ်ထောင် တည်ဆောက်နိုင်စေရန်၊
(ခ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများ တရားမဝင်မယားအဖြစ် ရောက်ရှိခြင်းမှကာကွယ်ရန်၊
(ဂ) အိမ်ထောင်ဘက် တစ်ဦးထက်ပို၍ ယူခြင်းကြောင့် ဖြစ်ပွားနိုင် သည့် အိမ်ထောင်ရေး ပြဿနာနှင့် အိမ်ထောင်ရေးမှုခင်းများကို တားဆီးနိုင်ရန်၊
(ဃ) အမျိုးသား၊ အမျိုးသမီးများ၏ ကိုယ်ကျင့်တရား ပိုမိုထိန်းသိမ်း နိုင်ကြစေရန်။
အခန်း (၃)
တစ်လင်တစ်မယားစနစ်ဖြင့် ထိမ်းမြားခြင်း
၅။ မည်သည့်ယောက်ျားနှင့် မိန်းမမဆို ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာ အရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ တရားဝင်ထိမ်းမြားခြင်း ပြုနိုင်သည်။
၆။ ဤဥပဒေအာဏာတည်ပြီးနောက် ယောက်ျားနှင့် မိန်းမတို့သည် ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်း အရဖြစ်စေ ထိမ်းမြားမှုပြုလုပ်ရာတွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း သာလျှင် တရားဝင်အတည်ဖြစ်သည်။
၇။ မြန်မာဗုဒ္ဓဘာသာဝင်အချင်းချင်း ထိမ်းမြားခြင်းသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် ညီညွတ်ပါက တရားဝင် အတည်ဖြစ်သည်။
၈။ ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတို့ ထိမ်းမြားခြင်းသည် ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့်ညီညွတ်ပါက တရားဝင် အတည်ဖြစ်သည်။
၉။ ဗုဒ္ဓဘာသာဝင်မဟုတ်သူအချင်းချင်း ယင်းတို့နှင့်သက်ဆိုင်သည့် ဥပဒေ၊ ဘာသာ၊ ဓလေ့ထုံးတမ်းနှင့်အညီ ထိမ်းမြားခြင်းသည် ဤဥပဒေနှင့် မဆန့်ကျင် သရွေ့ အတည်ဖြစ်သည်။
အခန်း (၄)
တားမြစ်ချက်များ
၁ဝ။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယားတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ တရားဝင်ထိမ်းမြားပြီးသည့် ယောက်ျား သို့မဟုတ် မိန်းမသည် အဆိုပါ ထိမ်းမြားမှုတည်မြဲနေစဉ်ကာလအတွင်း ဤဥပဒေအာဏာတည်သည့်နေ့မှ စ၍ အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားခြင်းမပြုရ သို့မဟုတ် လင်မယား အဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရ။
၁၁။ ယောက်ျား သို့မဟုတ် မိန်းမသည် ယခင်က ထိမ်းမြားခဲ့ဖူးလျှင် ယင်းသို့ ထိမ်းမြားခဲ့ဖူးကြောင်း အသိပေးကြေညာ၍ ယခင်အိမ်ထောင်နှင့် တရားဝင် ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထား တင်ပြနိုင်လျှင် အခြားသူတစ်ဦးနှင့်ထပ်မံ၍ ထိမ်းမြားနိုင်သည်။
၁၂။ မည်သူမျှ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြား မှုမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်း မပြုရ။
အခန်း (၅)
ပြစ်ဒဏ်များ
၁၃။ မည်သူမဆို ပုဒ်မ ၁ဝ သို့မဟုတ် ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
၁၄။ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် လင် သို့မဟုတ် မယားသည် အခြားသူနှင့်ထပ်မံ၍ ထိမ်းမြားလျှင် ဤဥပဒေအရ အိမ်ထောင် ရေးပြစ်မှုကို ကျူးလွန်ခြင်းဖြစ်၍ ကျန်သည့်မယား သို့မဟုတ် လင်က လင်မယားကွာရှင်းခွင့်ရှိသည်။
၁၅။ ပုဒ်မ ၁၄ အရ လင်မယားကွာရှင်းရာတွင် အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူသည် နှစ်ဦးပိုင်ပစ္စည်းနှင့်စပ်လျဉ်း၍ ¤င်း၏အခွင့်အရေးများ ဆုံးရှုံးခြင်းခံရမည်။
၁၆။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျားတစ်ဦးသည် အဆိုပါ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် အခြားမိန်းမတစ်ဦးနှင့် ထပ်မံထိမ်းမြားပါက တရားမဝင်ထိမ်းမြားခြင်းဖြစ်သဖြင့် နောက်မိန်းမသည် ထိုယောက်ျား၏ အမွေကိုဆက်ခံခွင့်မရှိစေရ။ နောက်မိန်းမယူသည့် ယောက်ျားသည်လည်း ပထမမိန်းမနှင့် နောက်မိန်းမတို့၏ အမွေကိုဆက်ခံခွင့်မရှိစေရ။
၁၇။ မည်သူမဆို ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရ ဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးဦးသည် အဆိုပါထိမ်းမြားမှုအတည်ဖြစ်နေစဉ် ယင်းထိမ်းမြားမှု ကို ထိမ်ချန်၍ အခြားယောက်ျား သို့မဟုတ် မိန်းမတစ်ဦးကို ထပ်မံထိမ်းမြား ပါက ၁ဝ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
အခန်း (၆)
အထွေထွေ
၁၈။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးဦး သည် အဆိုပါထိမ်းမြားမှု အတည်ဖြစ်နေစဉ် ယင်းထိမ်းမြားမှုကို ထိမ်ချန်၍ အခြားယောက်ျား သို့မဟုတ် မိန်းမတစ်ဦးကို ထပ်မံထိမ်းမြားပါက နစ်နာသူ သည် တရားမကြောင်းအရ တရားစွဲဆိုပိုင်ခွင့်ရှိသည်။
၁၉။ ဤဥပဒေ အာဏာမတည်မီက တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ တရားဝင် အတည်ဖြစ်သည့် ထိမ်းမြားခြင်းကို ဤဥပဒေက မထိခိုက်စေရ။
၂ဝ။ တရားမဝင်ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် ထိမ်ချန်ထိမ်းမြားလက်ထပ် ခြင်းကြောင့် ရရှိလာသော သား၊ သမီးများသည် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆုံးရှုံးခြင်း မရှိစေရ။
၂၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ များ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များကို ထိခိုက်ခြင်း မရှိစေရ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


MPT သည်မြန်မာပြည်သူလူထုကို ဂုတ်သွေးစုပ်နေတဲ့သွေးစုပ်ဖုပ်ကောင်ပါ

MPT သည်မြန်မာပြည်သူလူထုကို ဂုတ်သွေးစုပ်နေတဲ့သွေးစုပ်ဖုပ်ကောင်ပါ
ooredooအချင်းချင်း11.11ကျပ်
Telenor အချင်းချင်း18 ကျပ်ဖြစ်နေတဲ့အချိန်မှာMPT ဘယ်လောက်တောင်းနေပါသလဲရှက်တတ်ရင်ကိုယ့်ကိုယ်သတ်သေဖို့ကောင်းနေပြီ
ooredooဆိုရင်စက်ပိတ်ထားတောင်မှမနက်ဖွင့်လိုက်ရင်ဘယ်ph no ကဘယ်အချိန်မှာခေါ်ထားတယ်ဆိုတာပြတယ်ကွမင်းတို့ဘာလုပ်ပေးလဲ လူထုဆီကငွေညှစ်ယူဖို့ပဲသိတယ်
ငါမြန်မာတစ်ယောက်
မြန်မာအချင်းချင်းပဲအားပေးချင်တယ်
ငါတို့MPTတိုင်အောက်မှာနေတယ် လိုင်းမမိဘူး
အင်တာနက် လိုင်းလုံးဝသုံးမရဘူး
မင်းတို့ဘယ်လိုဖြေရှင်းပေးမှာလဲ
ငါတို့ရုံးph လေးငါးသိန်းကျော်ပေးရတယ်
အခုလိုင်းမမိလို့လုံးဝသုံးမရဘူး
မင်းတို့လုပ်နေတဲ့စနစ်တွေကြောင့်ကွ
နားလည်လား



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

MEC သုံးစွဲသူမိဘပြည်သူများအနေဖြင့် မိမိဖုန်းပိတ်ထားချိန်တွင် ခေါ်ဆိုသော ဖုန်းများအားသိရှိနိုင်ရန်အတွက် Missed Call Alert ဝန်ဆောင်မှုကို ရယူလိုက်ပါ။ စတင်အသုံးပြုရန်အတွက် 233 သို့ Open MCA ဟု SMS ပေးပို့ရယူနိုင်ပါတယ်။

[Zawgyi font] #MEC သုံးစွဲသူမိဘပြည်သူများအနေဖြင့် မိမိဖုန်းပိတ်ထားချိန်တွင် ခေါ်ဆိုသော ဖုန်းများအားသိရှိနိုင်ရန်အတွက် Missed Call Alert ဝန်ဆောင်မှုကို ရယူလိုက်ပါ။ စတင်အသုံးပြုရန်အတွက် 233 သို့ Open MCA ဟု SMS ပေးပို့ရယူနိုင်ပါတယ်။
#လျှင်မြန်ကောင်းမွန်သော_3Gအင်တာနက်နှင့်_CDMA800MHz

[Unicode font] MEC သံုးစွဲသူမိဘြပည်သူများအေနြဖင့် မိမိဖုန်းပိတ်ထားချိန်တွင် ေခါ်ဆိုေသာ ဖုန်းများအားသိရှိနိုင်ရန်အတွက် Missed Call Alert ဝန်ေဆာင်မှုကို ရယူလိုက်ပါ စတင်အသံုးြပုရန်အတွက် 233 သို့ Open MCA ဟု SMS ေပးပို့ရယူနိုင်ပါတယ်
#လှျင်ြမန်ေကာင်းမွန်ေသာ_3Gအင်တာနက်နှင့်_CDMA800MHz



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

အိမ်ထောင်ရှိလျက် နောက်အိမ်ထောင်ပြုလျှင် ထောင် ၇ နှစ်ချမှတ်ခံရနိုင်

အိမ်ထောင်ရှိလျက် နောက်အိမ်ထောင်ပြုလျှင် ထောင် ၇ နှစ်ချမှတ်ခံရနိုင်

ထိမ်းမြားမှုအတည်ဖြစ် နေစဉ် ထပ်မံ၍ ထိမ်းမြားမှုပြုပါ က (သို့မဟုတ်)လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းသင်း ကြောင်း ပြစ်မှုထင်ရှားပါက ခုနစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်နိုင်ကြောင်း ပါဝင်သည့် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် သည်။

ဥပဒေတစ်ရပ်ရပ်အရဖြစ် စေ၊ ကိုးကွယ်ရာဘာသာအရဖြစ် စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယား တစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပို၍ တရားဝင်ထိမ်း မြားပြီးသည့် ယောက်ျား(သို့မ ဟုတ်)မိန်းမသည် အဆိုပါထိမ်း မြားမှု တည်မြဲနေစဉ် ကာလအ တွင်း ဤဥပဒေအာဏာ တည် သည့်နေ့မှစ၍ အခြားသူတစ်ဦး နှင့်ထပ်မံထိမ်းမြားခြင်းမပြုရ (သို့ မဟုတ်)လင်မယားအဖြစ် တရား မဝင်နေထိုင်ပေါင်းသင်းခြင်းမပြု ရဟု တားမြစ်ထားသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ပါကလည်း ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင် ကြောင်း အဆိုပါ ဥပဒေတွင် ပြ ဋ္ဌာန်းထားသည်။

နိုင်ငံတော်သမ္မတက သ ဘောထားမှတ်ချက် ( ၆ ) ချက် ဖြင့် ပေးပို့လာသော တစ်လင်တစ် မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို သြဂုတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။ လွှတ်တော်က အတည်ပြု လိုက်ပြီဖြစ်၍ သမ္မတလက်မှတ် ရေးထိုးပြီးလျှင် ဖြစ်စေ (သို့မဟုတ်) သတ်မှတ်ရက်ပြည့်လျှင်ဖြစ်စေ ဥပဒေမှာ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်မည်ဖြစ် သည်။

‘‘ဆိုလိုတာကဗျာ။ အရင် တုန်းက တစ်ယောက်ထက် ပိုယူ ထားတဲ့လူတွေလည်း ဒီဥပဒေ တည်ပြီးရင် ထပ်ယူလို့မရတော့ ဘူးပေါ့ဗျာ။ တစ်လင်တစ်မယား စနစ်ကျင့်သုံးနေတဲ့လူတွေလည်း ထပ်ယူလို့ မရတော့ဘူး’’ဟု တ ရားရေး ဝန်ထမ်းတစ်ဦးက ရှင်းပြ သည်။

ယခင်က အိမ်ထောင်ပြုခဲ့ဖူး ပါက ယခင်အိမ်ထောင်နှင့်တရား ဝင်ကွာရှင်းပြတ်စဲပြီးကြောင်း ခိုင် မာသည့်အထောက်အထားတင် ပြနိုင်လျှင် အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားနိုင်ကြောင်း ဥပ ဒေတွင်ဖော်ပြထားသည်။

ထို့အပြင် အိမ်ထောင်ရှိ သော ယောက်ျား(သို့မဟုတ်)မိန်း မတစ်ဦးဦးသည် ထိမ်းမြားမှုအ တည်ဖြစ်နေစဉ် အိမ်ထောင်ရှိ ကြောင်းကို ထိမ်ချန်၍ အခြား ယောက်ျား(သို့မဟုတ်)မိန်းမတစ် ဦးကို ထပ်မံထိမ်းမြားပါက ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်ခံရမည်ဖြစ်ကြောင်း ဥပဒေ တွင် ဖော်ပြထားသည်။

‘‘အမျိုးသမီးတွေဘက်က ကြည့်ရင် အန်တီတို့ကတော့ တစ် လင်တစ်မယားစနစ်ကို ထောက် ခံတယ်။ ချမှတ်တဲ့ပြစ်ဒဏ်က များတယ်လို့တော့ ဆိုနိုင်တာပေါ့။ ဒါပေမဲ့လည်း ပြစ်ဒဏ်လျှော့ချဖို့ ဥပဒေကို ပြင်နိုင်တဲ့အခွင့်အရေး တော့ ရှိတာပေါ့နော်’’ဟု ဥပဒေ ကျွမ်းကျင်သူ အမျိုးသမီးလွှတ် တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်းက ပြောသည်။

တရားမဝင် ထိမ်းမြားလက် ထပ်ခြင်း(သို့မဟုတ်)ထိမ်ချန် လက်ထပ်ခြင်းကြောင့် ရရှိလာ သောသားသမီးများသည် ကလေး သူငယ်အခွင့်အရေး ဆုံးရှုံးခြင်း မရှိစေရဟု ဥပဒေတွင် ဖော်ပြ ထားသည်။

‘‘တိုင်ရင်တော့ ကောင်းတာ ပေါ့ဗျာ။ ဒါပေမဲ့ တချို့ပိုက်ဆံ ထောက်ပံ့နိုင်လို့ အကြီးရော၊ အ ငယ်ပါ နှစ်ယောက်စလုံးကျေနပ် လို့ ပေါင်းနေတဲ့ လူတွေကျတော့ ဘယ်လိုအရေးယူမလဲ’’ဟု အိမ် ထောင်ရှင်အမျိုးသားတစ်ဦးက ထောက်ပြသည်။

ယခုအခါ မျိုးစောင့်ဥပဒေ လေးရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင် ခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုလွှတ် တော်မပြီးဆုံးမီ နှစ်ရက်အလိုက ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက ‘‘ဒီဥပဒေ ပြ ဋ္ဌာန်းစေချင်တယ်။ မင်းတို့လုပ်နိုင် မလား’’ဟု ဥပဒေကြမ်းကော်မတီ ကို မေးမြန်းခဲ့ကြောင်း၊ ဥပဒေ ကြမ်းပူးပေါင်းကော်မတီက အ စည်းအဝေးပြုလုပ်ပြီး အတည်ပြု နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့ ကြောင်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ၎င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားထား သည်။

‘‘ဒီဥပဒေက ထိမ်းမြားထား သူတွေအတွက် ထုတ်ထားတာ ဖြစ်တဲ့အတွက် ထိမ်းမြားခြင်းကို ရှောင်ရှားပြီး ဥပဒေကို လက်တစ် လုံးခြားလုပ်နိုင်တယ်။ သဘောက လူပျို၊ အပျိုတွေက လက်မထပ် ကြတော့ဘဲ အတူနေထိုင်တဲ့ (Living Together)ကိစ္စတွေ ပို ဖြစ်လာနိုင်တယ်’’ဟု တရားသူ ကြီးဟောင်းတစ်ဦးက သုံးသပ်



ကျေးဇူးတင်ပါသည်

Sunday, August 30, 2015

viber မှာ chat နေသူများသတိထားစရာ



ကျေးဇူးတင်ပါသည်

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။

သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။

ရင်သား တွဲကျစေသော အကြောင်းအရာများ

၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း

ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။

၂။ ကမ္ဘာမြေကြီး ဆွဲငင်အား

ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

၃။ မီးယပ်သွေးဆုံးခြင်း

အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။

၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း

အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။

ဘယ်လို ကာကွယ်ရမလဲ -

၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း

ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီး ခေါင်းကတော့ အောက်ဆိုက်နေ နိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ

ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။

၃။ သဘာဝကရတဲ့ ဆေး

ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။

၎။ နှိပ်နှယ်ပေးခြင်း

သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။



ကျေးဇူးတင်ပါသည်