Tuesday, March 10, 2015

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ တွင်ကျင်းပပြုလုပ်ခဲ့



အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ တွင်ကျင်းပပြုလုပ်ခဲ့

၂၀၁၅ ခုနစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ရိပ်သာတွင်လူဦးရေ ၈၀၀ ကျော်ခန့်ဖြင့်မနေ့က(၉.၃.၂၀၁၅) ကျင်းပခဲ့သည်။

အစီအစဉ်အားဖြင့်မနက်ပိုင်း ၉း၀၀နာရီခန့်တွင်လမ်းလျှောက်ခြင်းအစီအစဉ်ကို ကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် လူဦးရေ ၈၀၀ ကျော်ခန့် သည် ကချင်နှစ်ခြင်းရိပ်သာမှ မြစ်ကြီးနားမြို့ရှိ ဂေါက်ကွင်းထိ ဆိုင်းပုဒ်များကိုင်ဆောင်ကာ လမ်းလျှောက်ခဲ့သည်။ယင်းဆိုင်းပုဒ်များတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်၊လိင်အကြမ်းဖက်မှု သတ်ဖြတ်မှု ချက်ချင်းရပ်၊အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်နိုင်ရေး၊အမျိုးသမီးများအခွင့်အရေးရရှိရေး၊စစ်မှန်သောငြိမ်းချမ်းရေးကိုလိုလားသည်၊အကြမ်းဖက်တွန်းလှန်ဖို့ လူတိုင်းဦးဆောင်ပါဝင်စို့ စသည့်အကြောင်းအရာများပါဝင်သည်။ ယင်းဆိုင်းပုဒ်နှင့်အတူ လမ်းလျှောက်ခဲ့ကြသည်။

ထို့နောက်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား အစီအစဉ်ကို ရှမ်းစုတောင်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ရိပ်သာတွင် ၁၁း၀၀ မှ ၂း၀၀ ထိ ကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပရခြင်းရည်ရွယ်ချက်နှင့်ကြိုဆိုနှုတ်ခွန်းဆက်စကားပြောခြင်း၊ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကိုပြောကြားခြင်း၊သဘောထားထုတ်ပြန်ချက်များကိုဖတ်ကြားခြင်း၊ဆရာမနှစ်ဦးမှအမျိုးသမီးအခွင့်အရေးနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာဟောပြောခြင်း အဆုးံတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဥာဏ်စမ်းပဟေဋိ များမေးမြန်းခြင်းနှင့် ဆုပေးခြင်းများပြုလုပ် ကျင်းပခဲ့သည်။




သတင်းများပေးပို့ရန် mohnyinnews@gmail.com မိုးညှင်းသတင်း facebook pages လိပ်စာ http://www.facebook.com/mohnyintoday

No comments:

Post a Comment