ကျွန်တော်တို့ မြန်မာ့စီးပွားရေးဘဏ်ဒီနေ့ ငွေလွှဲစရာရှိလို့ မနက် ၉ နာရီလောက်ဘဏ်သွားတော့မဖွင့်သေး။အစိုးရရုံးတက်ချိန် ဘယ်လိုသတ်မှတ်ထားလဲ သေချာ မသိပေမယ့် ဘဏ်ကတော့ ၁၀နာရီ လောက်မှ အလုပ်လုပ်တာ သတိထားမိတော့တယ်။ပုဂ္ဂလိကဘဏ်ဆိုရင်တော့သေချာတယ် ဝန်ထမ်းတွေအကုန်အလုပ်ပြုတ်မှာပါ။ထားတော့ ။ငွေထုတ်တဲ့ အခါအရင်ဆုံး ကိုယ့်နာမည်နဲ့ ငွေလွှဲထားတာရှိလားဆိုပြီးစားပွဲတခုမှာစုံစမ်းရပါတယ်။ ဝန်ထမ်း မမ က အလုပ်ရှုပ်နေရင် self servic ။ကိုယ့်ဟာကို ရှာရပါတယ်။ ပြီးရင် မှတ်ပုံတင်ပါလားမေးပါတယ်။ ပါတယ်ဆိုမှ ငွေလွှဲစာရွက်နဲ့မှတ်ပုံတင်ကိုင်ပြီး မန်နေဂျာရုံးခန်းကို ဝင်ရပါတယ်။ မန်နေဂျာ က မှတ်ပုံတင်နဲ့တိုက် စစ်ဆေး လက်မှတ်တခုထိုးပြီး ငွေလွှဲကောင်တာကို လွှတ်ပါတယ် ။ အဲ့ဒီကောင်တာမှာငွေထုတ်ဖို့ form ဖြည့် ၂၀၀ ပေး အကြွေစေ့(တိုကင်)ယူရပါတယ် ။ဇိမ်ပြေနပြေထိုင်စောင့် လို့ အတန်ကြာတော့ မန်နေဂျာက နာမည်ခေါ်ပြီး CCTVလို့ယူဆရတဲ့ကောင်တာရှေ့ခေါ်ပြီး စစ်ဆေး၊မှတ်ပုံတင်ပြန်ပေးပြီးနောက်ထပ် လက်မှတ်တချက်ထပ်ထိုးပါတယ်။ပြီးမှ ငွေထုတ်ဖို့ စာရွက်တွေ တထပ်ကြီးဖြစ်ရင်ငွေထုတ်ကောင်တာကိုပို့ပါတယ်။တမေ့တမော ထိုင်စောင့်ပြီးမှ အကြွေစေ့ နံပါတ်ခေါ်ရင် ထုတ်လို့ရပါပြီ။ပြောချင်တာက တော့ ဗျာ ဒီစနစ်တွေပြင်သင့်နေပါပြီ ။One stop servic လိုမျိုး တနေရာထဲ ပြီးအောင် မလုပ်နိုင်ကြဘူးလား။ကွန်ပြူ တာတွေ အင်တာနက်တွေနဲ့ချိတ် ဆက်ပြီး လုပ်ဆောင်ဖို့တောင်းဆိုနေတာ မဟုတ်ပါဘူးဗျာ။စာရင်းစာရွက်ဖိုင်တွေ fax တွေနဲ့ လုပ်ကိုင်နေရင်လဲ ကောင်းမွန်မြန်ဆန်အောင် လုပ်လို့ရပါတယ်။လူတွေကိုအပြစ်မတင်ချင်တော့ပါဘူးစနစ်ကိုပဲအပြစ်တင်ရတော့မှာပေါ့။နောက် ငွေလွှဲတဲ့အခါငွေ ၂၀၀ ပေး ငွေလွှဲ စာရွက်တောင်း ပုံစံဖြည့်။ပြီးရင် ငွေလွှဲကောင်တာမှာ သွားထပ်။အဲ့ဒီအထိ အဆင်ပြေတယ် ။သူကတော့ အဆင့်နည်းတယ်။ဒါပေမယ့် ဒါပေမယ့်ပေါ့ဗျာ။ငွေကောင်တာ အနေအထားက စပြောရမယ်ထင်တယ်။ငွေကောင်တာမှာ ဝန်ထမ်း ၃ ယောက်ရှိတယ်ဗျ။ငွေထုတ်ပေးတာတယောက်။ငွေလွှဲလက်ခံတာ တယောက်။နောက်တယောက်က အခွန်ဆောင်တာတွေ၊ဌာနဆိုင်ရာက သွင်းငွေတွေ၊ငွေစုသူတွေကိုလက်ခံရတာ။ပြဿ နာက အဲ့ဒီနေရာမှာ။ ၃ယောက်လုံးရုံးတက်ရင် ပြဿ နာ သိပ်မရှိပေမယ့် ခက်တာက ၃ယောက်လုံးရှိတဲ့အချိန် ကို ကျနော် သိပ်မကြုံ ဖူးတာပဲ။ ပုံမှန်တောင် အလုပ်သိပ်မနိုင်တာ တယောက်လောက်များပျက်ကွက်ရင် ငွေထုတ်၊လွှဲ၊စု မယ့်သူတွေ ဒုက္ခရောက်တော့တာပဲ။သူတို့ကတော့ ဘာအရေးလဲ ဆေးလိပ်သောက်မပျက် ထမင်းစားနားမပျက်။ကြားထဲမှာမီးပျက်ရင် ပိုက်ဆံကို လက်နဲ့ရေတော့တာဗျာ။မီးစက်ဆီဖိုးတောင်းတာတော့ တခါပြောဖူးလို့ မပြောတော့ပါဘူး။မနေမနား အလုပ်လုပ်ဖို့တောင်းဆိုနေတာ ၊ ရုံးလုံးဝမပျက်ဖို့တောင်းဆိုနေတာ မဟုတ်ပါဘူးဗျာ။အရန် ဝန်ထမ်းလေးများ ခန့်ထားသင့်တယ် ထင်မိလို့ပါ။ ကျနော် ဒီနေ့ လိုအဖြစ်မျိုး အများလဲမကြုံ စေချင်လို့ပါ။ကျနော်မနက်၁၀နာရီမှ ဘဏ်ဖွင့်တော့ ငွေလွှဲမယ်ဆိုပြီး စာရွက်ထပ်တယ်။ လွှဲသူများ ပြီး ဝန်ထမ်း နည်း တော့ အလုပ်မနိုင်ဖြစ်ပြီးနေ့လည်၁၂နာရီလောက်ရောက်သွားတော့ ထမင်းစားနားတယ်ပေါ့နော် ။ကိုယ်တွေလဲ ထမင်းအပြေးအလွှားစားပြီး ဘဏ်ကိုပြန်စောင့်ပေါ့။၂နာရီခွဲလောက်ကျတော့ မီးက ပြတ်ရော။ဓာတ်ဆီပြေးဝယ် မီးစက်နှိုး ။၃နာရီလဲထိုးရော ဘဏ်ပိတ် ပါပြီတဲ့။ဟာဗျာ။ ကျနော် တနေကုန်ဘဏ်မှာ ငွေလွှဲဖို့ထိုင်စောင့်နေတာပါဗျာ။ ပြောတတ်လိုက်ကြတာ။မနက်ဖြန် ကြိုက်တဲ့အချိန်လာခဲ့ပါတဲ့ ဦးစားပေး ဆောင်ရွက်ပေးပါမယ်တဲ့။ဒါဆို ကျနော် ဒီနေ့တနေကုန် ဘဏ်မှာ ထိုင်စောင့်နေတာအလကားပေါ့။ အပြစ်တင်နေတာ မဟုတ်ပါဘူးဗျာ။တကယ်ဆို လကုန်ခါနီး ရင် သူတို့ အချိန်ပို ဆင်းပြီးတောင် စာရင်းတွေလုပ်ရသေးတာပဲ။ကျနော့် အတွက် အချိန်ပို လုပ်ပေးစေချင်တာလဲမဟုတ်ပါဘူး။နည်းပါးလှတဲ့ အလုပ်ချိန်လေးမှာ အားသွန်ပြီး ၊ဝန်ထမ်းနည်းနေရင် အရန်အင်အားလေးဖြည့်ပြီး ပြည်သူကို စေတနာထားစေချင်တာလေးပါ။ဌာနဆိုင်ရာတွေကို အသားလွတ် ဝင်ဖဲ့နေတာလဲ မဟုတ်ပါဘူး။အပြုသဘောနဲ့ အဆင်ပြေမလား ဝေဖန်ကြည့်တာပါ။ဒေါသကို ထိန်းပြီးတော့ပေါ့။နောက်ပိုင်း ကိုယ်တွေလဲ uniform နဲ့ဆိုရင်ကိုအကောင်းမမြင်တတ်တော့တာ။ပြည်သူချစ်သော ဝန်ထမ်းများ ဖြစ်ကြပါစေ။LHML (22:52)
No comments:
Post a Comment