Sunday, July 5, 2015

၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံ ဘယ်သူဖြစ်မလဲ

၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံ ဘယ်သူဖြစ်မလဲ

မြန်မာ စံတော်ချိန် တနင်္လာနေ့ မနက် ၃ နာရီခွဲမှာ ကန်မယ့် ကနေဒါနိုင်ငံ ဗန်ကူးဗားက အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံလုပွဲမှာ လက်ရှိ ချန်ပီယံ ဂျပန်နဲ့ အမေရိကန် ဘယ်သူနိုင်မလဲဆိုတာ ကမ္ဘာတဝန်းက ဘောလုံးပရိသတ်က စိတ်လှုပ်ရှားစွာ မေးမြန်းနေကြပါပြီ။ ဒီနှစ်သင်း ၂၀၁၁ တုန်းကလည်း တွေ့ပြီးပါပြီ။ ဂျပန်နိုင်ရင် ချန်ပီယံ ၂ ကြိမ်ဖြစ်မှာဖြစ်ပြီး အမေရိကန်နိုင်ရင် ၃ ကြိမ်မြောက် ချန်ပီယံဖြစ်မှာပါ။ စောင့်ကြည့် ဝေဖန်သူတွေကတော့ အမေရိကန် နိုင်ခြေရှိတယ်လို့ ဆိုကြပါတယ်။ အင်္ဂလန်နဲ့ ကန်တဲ့ ဂျပန်ဟာ သိပ်အားရစရာ မရှိကြောင်း၊ ဂျာမနီကို အနိုင်ကန်ခဲ့တဲ့ အမေရိကန်ရဲ့ ခံစစ်နဲ့ တိုက်စစ်က ချန်ပီယံဖြစ်ဖွယ်မြင်ကြောင်း ပြောဆိုနေကြပါတယ်။ ပရိသတ်ကလည်း အမေရိကန်က အားပိုသာပါတယ်။ ESPN က Jeff Carlisle ရဲ့ ခန့်မှန်းချက်က အမေရိကန်က ၂ ဂိုး ၁ ဂိုးနဲ့ နိုင်မယ်လို့ ဟောကိန်းထုတ်ပါတယ်။ ဒါပေမယ့် ၂၀၁၁ တုန်းက ပင်နယ်တီနဲ့ အနိုင်ယူသွားတာမျိုး ဂျပန်ကို အမေရိကန်က အခုတကြိမ် ထပ်ခွင့်မပြုဘူး ပြုမယ်ဆိုတာကတော့ အကြိတ်အနယ်ကန်မယ့် ဒီပွဲကို ကြည့်မှ သိရမှာဖြစ်ပါတယ်။


No comments:

Post a Comment