Monday, July 27, 2015
တိုင်းဒေသကြီး ပြည်နယ်အချို့ မိုးကြီးနိုင် မြစ်ရေ ရုတ်တရက်မြင့်တက်ပြီး ရေကြီးနိုင်ကြောင်း သတိပြုရန်နှိုးဆော် ========================
တိုင်းဒေသကြီး ပြည်နယ်အချို့ မိုးကြီးနိုင် မြစ်ရေ ရုတ်တရက်မြင့်တက်ပြီး ရေကြီးနိုင်ကြောင်း သတိပြုရန်နှိုးဆော်
=========================================
နေပြည်တော် ဇူလိုင် ၂၇
ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ မိုးလေဝသတိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်း နေခြင်းတို့ကြောင့်လည်းကောင်း၊ ယနေ့မွန်းလွဲမှ နောက်သုံးရက်အတွင်း အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နေရာကွက်၍ မိုးကြီးနိုင် သည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မ (၇၇-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် တစ်လက်မခွဲ(၃၈-မီလီ မီတာ)နှင့်အထက် ရွာသွန်းနိုင်ပါသည်။
သို့ဖြစ်ပါ၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြို မှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူ များအနေဖြင့် မြစ်ရေရုတ်တရက်မြင့်တက်လာနိုင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ် နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် နှိုးဆော်ထားသည်။
(မိုး/ဇလ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment