==
အဆိုပါ အစီအစဉ်အား ယခုလ ၂၈ ရက်မှ ၂၀၁၅၊ စက်တင်ဘာ၊ ၃၀ ရက်အထိ သတ်မှတ်ထားပြီး ယခုကဲ့သို့ ဖုန်းပြောဆိုခ ဈေးလျှော့ချသည့် ဝန်ဆောင်မှုသည် နေ့စဉ် ညနေ ၆ နာရီမှ ၁၀ နာရီအတွင်း အကျုံးဝင်မည်မဟုတ်ဟု မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းမှ သိရသည်။
MPT ၏ ဆွေသဟာဝန်ဆောင်မှုအား ၅၅ မိနစ် ဖုန်းပြောဆိုခသက်သာစေမည့် အဆိုပါအစီအစဉ်သည် မိနစ် ၆၀ တိတိ ဆက် တိုက်ဖုန်းခေါ်ဆိုမှုများတွင်သာ အကျုံးဝင်မည်ဖြစ်ပြီး မည်သည့်ထပ်ဆောင်းလျှောက်ထားမှုမှ ပြုလုပ်ရန် မလိုအပ်ပဲ အလိုအလျှောက် သုံးစွဲနိုင်မည်ဖြစ်သည်။
######
"တစ်နာရီဖုန်းပြောရင် ၅၅မိနစ် အခမဲ့ဖုန်းပြောခွင့်ရမယ့် အထူးအစီအစဉ် MPT မှ ရက်အကန့်အသတ်နဲ့ ပြုလုပ်"
==
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဆွေသဟာ ဝန်ဆောင်မှုအား တစ်နာရီစာ ဖုန်းခေါ်ဆိုမှုအတွက် ပထမ ငါးမိနစ်စာသာ ကုန်ကျမည့် အစီအစဉ်ကို ယခုလ ၂၈ တွင်စတင်သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းက သတင်း ထုတ်ပြန်လိုက်သည်။
အဆိုပါ အစီအစဉ်အား ယခုလ ၂၈ ရက်မှ ၂၀၁၅၊ စက်တင်ဘာ၊ ၃၀ ရက်အထိ သတ်မှတ်ထားပြီး ယခုကဲ့သို့ ဖုန်းပြောဆိုခ ဈေးလေ ျှာ့ချသည့် ဝန်ဆောင်မှုသည် နေ့စဉ် ညနေ ၆ နာရီမှ ၁၀ နာရီအတွင်း အကျုံးဝင်မည်မဟုတ်ဟု မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းမှ သိရသည်။
MPT ၏ ဆွေသဟာဝန်ဆောင်မှုအား ၅၅ မိနစ် ဖုန်းပြောဆိုခသက်သာစေမည့် အဆိုပါအစီအစဉ်သည် မိနစ် ၆၀ တိတိ ဆက် တိုက်ဖုန်းခေါ်ဆိုမှုများတွင်သာ အကျံုးဝင်မည်ဖြစ်ပြီး မည်သည့်ထပ်ဆောင်းလေ ျှာက်ထားမှုမှ ပြုလုပ်ရန် မလိုအပ်ပဲ အလိုအလေ ျှာက် သုံးစွဲနိုင်မည်ဖြစ်သည်။
ယခုအစီအစဉ်သည် မိနစ် ၆၀ အောက်ပြောဆိုမှုများအတွက်လည်း ၅ မိနစ်စာသာ ကျသင့်မည်ဖြစ်ပြီး အကြိမ်အရေအတွက်ကန့်သတ်ထားခြင်းမရှိဟုသိရသည်။ ထို့ကြောင့် မိနစ် ၆၀ သို့မဟုတ် မိနစ် ၆၀ အောက်ပြောဆိုပြီးတိုင်း နောက်တစ်ကြိမ် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။
သို့သော် ငါးမိနစ်မပြည့်သည့်ခေါ်ဆိုမှုများကိုမူ တစ်မိနစ်လ ျှင် ၂၃ ကျပ်ဖြင့်သာ ကောက်ခံသွားမည်ဖြစ်သည်။
“ပထမ ၅ မိနစ်စာအတွက်ပဲ ဖြတ်တောက်သွားမှာပါ။ မိနစ် ၆၀ ကျော်သွားရင်တော့ မူလဈေးနှုန်းအတိုင်းဖြစ်သွားမှာပါ။ အဓိက ရည်ရွယ်ချက်ကတော့ မိသားစုဝင်အချင်းချင်း၊ မိတ်ဆွေအချင်းချင်း အချိန်ကြာကြာနဲ့ ကုန်ကျစားရိတ်သက်သာ အောင် ဖုန်းပြောဆိုနိုင်အောင်လို့ပါ”ဟု အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ကြောင့် ဆွေသဟာဝန်ဆောင်မှုကို အသုံးပြုနေသူများသည် ပထမ ငါးမိနစ်ခေါ်ဆိုမှုအတွက် တစ်မိနစ်လ ျှင် ၂၃ ကျပ်နှုန်းဖြင့် ၁၁၅ ကျပ်သာ ကုန်ကျမည်ဖြစ်ပြီး ကျန်ရှိသည့် ၅၅ မိနစ်အတွင်း ဖုန်းခေါ်ဆိုမှုများအတွက် ပေးဆောင်ရန် မလိုတော့ဟုသိရသည်။
ကျေးဇူးတင်ပါသည်
No comments:
Post a Comment