Showing posts with label ဟင်းချက်နည်း. Show all posts
Showing posts with label ဟင်းချက်နည်း. Show all posts

Tuesday, September 2, 2014

ယနေ့မိုးညှင်းသတင်းအဖွဲ့ရဲ့စားကြမယ်ဟေ့ကောင်းကောင်းငါးခြောက်ထောင်း ငရုပ်သီးကြော်

ဒီနေ့တော့ ငါးရံ့ခြောက်လေးတွေကို ပြုပ်ပြီးအရိုးလေးကိုထွင်ကာ အသားကိုကြိတ်စက်နဲ့ကြိတ်ပြီး ငရုတ်သီးလေးနဲ့ကြော်ထားပါတယ် ကြိတ်စက်မရှရင် ငရုတ်ဆုံထဲထဲ့ထောင်းနိုင်ပါတယ်။

၁၂မျိုးဟင်းချိုလေးနဲ့အရမ်းလိုက်ဖက်တဲ့အတွဲလေးပေါ့ မာမာကတော့ အသားစိုစိစိတွေထက်စာရင် ဒီလိုဟင်းမျိုးလေးတွေကို ပိုပြီးကြိုက်ပါတယ်။

ပါဝင်ပစ္စည်းလေးတွေကို ပြောပါမယ်

နူးနေအောင်ပြုပ်ပြီးအရိုးထွင်ကာ ကြိတ်ထားသောငါးရံ့ခြောက် - ၂၅ကျပ်သားအခွံခွာပြီးအလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားသောကြက်သွန်နီ - ၂၅ကျပ်သားငရုပ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း တစ်ဇွန်းခွဲဆီ - လက်ဖက်ရည်အကြမ်းပန်ကန် တစ်လုံးနနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံ တစ်ပုံငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်းအချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ကြော်နည်းလေးပြောပါမယ်

ဆီကိုမီးအပူပေးပြီးနနွင်းမှုန့်ထဲ့ပါကြက်သွန်နီကို နွမ်းသွားတဲ့ထိကြော်ပေးပြီး နွမ်းသွားတာနဲ့ငရုတ်သီးမှုန့်ကိုမွှေးလာတဲ့ထိကြော်ပေးပြီးဆီစစ်ပြီးခနဆယ်ထားပါဒယ်အိုးထဲမှာ ကျန်နေသောဆီနဲ့ဘဲ ငါးခြောက်ထောင်းကို ကြွတ်လာတဲ့ထိကြော်ပေးပါငါးခြောက်ထောင်းကြွတ်လာပါက စောစောကကြော်ထားသော ကြက်သွန်ငရုတ်သီးကြော်ကို ငံပြာရည် အချိုမှုန့်တို့နဲ့ တခါထဲထဲ့ပြီး မွှေပေးပါ အားလုံးကြွတ်ပြီးမွှေးလာပြီဆိုရင် မီးပိတ်ပြီး အရသာမြည်းပေးပါပန်းကန်ထဲသို့ပြောင်းထဲ့ပြီး နှစ်သက်သလိုစားနိုင်ပါပြီ


www.mohnyinnews.blogspot.com

Monday, September 1, 2014

ယနေ့ညနေမိုးညှင်းapkအားပေးကြသောညီအကိုများအတွက်Beerအမြီးလေးပါအာလူးခြစ်ကြော် ရွရွလေး


အာလူးခြစ်ကြော် ကြော်နည်းလေးပြောပြပါမယ် ကြော်ရတာလွယ်သလောက် စားလို့တော့အရမ်းကောင်း ပါတယ် မာမာ့ကလေးတွေက အာလူးကြိုက်တော့ မကြာမကြာဆိုသလိုလဲကြော်ကျွေးဖြစ်ပါတယ် အာလူးနံ့မွှေးမွှေးလေးနဲ့ဝါးလိုက်ရင်ရွရွလေးမို့ မာမာ့မိတ်ဆွေတွေလဲနှစ်သက်မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းလေးတွေကတော့

အခွံခွာပြီးအလုံးလိုက်ရေစင်အောင်ဆေးကာအသီးခြစ်သော ခြစ်ခပ်ကြမ်းကြမ်းနှင့်ခြစ်ထားသောအာလူး - 500gဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိနနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတန်ပူရာအကြော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်ညက်နေအောင်ထောင်းပြီး အရည်ယူထားသောချင်း - လက်တစ်ဆစ်သာသာငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိအားလုံးကို ဇလုံတစ်လုံးမှာထဲ့ပြီး ခပ်ဖွဖွလေးနယ်ပေးထားပါ

ကြော်ဖို့ပြင်ပါမယ်

မကပ်တဲ့ဒယ်အိုးတစ်လုံးကိုအပူပေးပါ ပူလာပါက မီးရှိန်နဲနဲလျှော့ပြီး ဆီလက်ဖက်ရည်အကြမ်း ပန်းကန်နှစ်လုံးစာလောက်ထဲ့ပေးပါဆီပူလာပြီးကျက်လာပါက အရသာနယ်ထားသော အာလူးခြစ်ကို အနေတော်ယူကာ အသာအရာ ဆုတ်ပြီး ဆီအိုးထဲထဲ့ပေးပါအာလူးယူစဉ် ပါလာသောအရည်များကို ညှစ်မချပြစ်ဘဲ ဒီအတိုင်းအာလူးဆုတ်ကို ထဲ့ကြော်ပေးပါမီးအရမ်းမများစေရန် သတိထားပါ တစ်ဖက်ရွှေဝါရောင်းသန်းလာပါက နောက်တစ်ဖက်ကို လှန်ပြီးကြော်ပေးပါနှစ်ဖက်လုံး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါဆီစစ်သွားပါက အရသာရှိသော အာလူးခြစ်ကြော်မွှေးမွှေး စိမ့်စိမ့်ရွရွလေးကို သုံးဆောင်နိုင်ပါပြီ။

မိုးညှင်းသတင်းအဖွဲ့ကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ

Websiteလိပ်စာ

http://www.mohnyinnews.blogspot.com


Posted via Blogaway