အာလူးခြစ်ကြော် ကြော်နည်းလေးပြောပြပါမယ် ကြော်ရတာလွယ်သလောက် စားလို့တော့အရမ်းကောင်း ပါတယ် မာမာ့ကလေးတွေက အာလူးကြိုက်တော့ မကြာမကြာဆိုသလိုလဲကြော်ကျွေးဖြစ်ပါတယ် အာလူးနံ့မွှေးမွှေးလေးနဲ့ဝါးလိုက်ရင်ရွရွလေးမို့ မာမာ့မိတ်ဆွေတွေလဲနှစ်သက်မယ်ထင်ပါတယ်။
ပါဝင်ပစ္စည်းလေးတွေကတော့
အခွံခွာပြီးအလုံးလိုက်ရေစင်အောင်ဆေးကာအသီးခြစ်သော ခြစ်ခပ်ကြမ်းကြမ်းနှင့်ခြစ်ထားသောအာလူး - 500gဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိနနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတန်ပူရာအကြော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်ညက်နေအောင်ထောင်းပြီး အရည်ယူထားသောချင်း - လက်တစ်ဆစ်သာသာငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိအားလုံးကို ဇလုံတစ်လုံးမှာထဲ့ပြီး ခပ်ဖွဖွလေးနယ်ပေးထားပါ
ကြော်ဖို့ပြင်ပါမယ်
မကပ်တဲ့ဒယ်အိုးတစ်လုံးကိုအပူပေးပါ ပူလာပါက မီးရှိန်နဲနဲလျှော့ပြီး ဆီလက်ဖက်ရည်အကြမ်း ပန်းကန်နှစ်လုံးစာလောက်ထဲ့ပေးပါဆီပူလာပြီးကျက်လာပါက အရသာနယ်ထားသော အာလူးခြစ်ကို အနေတော်ယူကာ အသာအရာ ဆုတ်ပြီး ဆီအိုးထဲထဲ့ပေးပါအာလူးယူစဉ် ပါလာသောအရည်များကို ညှစ်မချပြစ်ဘဲ ဒီအတိုင်းအာလူးဆုတ်ကို ထဲ့ကြော်ပေးပါမီးအရမ်းမများစေရန် သတိထားပါ တစ်ဖက်ရွှေဝါရောင်းသန်းလာပါက နောက်တစ်ဖက်ကို လှန်ပြီးကြော်ပေးပါနှစ်ဖက်လုံး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါဆီစစ်သွားပါက အရသာရှိသော အာလူးခြစ်ကြော်မွှေးမွှေး စိမ့်စိမ့်ရွရွလေးကို သုံးဆောင်နိုင်ပါပြီ။
မိုးညှင်းသတင်းအဖွဲ့ကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ
Websiteလိပ်စာ
http://www.mohnyinnews.blogspot.com
်
Posted via Blogaway
No comments:
Post a Comment