Monday, August 25, 2014

ကွင်းမှူးအား အရေးယူထားသော်လည်း ဒေသခံတောင်သူများထံမှ KIA အဖွဲ့ ဆက်ကြေး၊ ရိက္ခာ ထပ်မံ ကောက်ခံ

ကွင်းမှူးအား အရေးယူထားသော်လည်း ဒေသခံတောင်သူများထံမှ KIA အဖွဲ့ ဆက်ကြေး၊ ရိက္ခာ ထပ်မံ ကောက်ခံ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအနီး ကွင်းများတွင် လယ်လုပ်ကိုင်သော ဒေသခံ ရွာသား များအား KIA အဖွဲ့အတွက် ဆက်ကြေး၊ ရိက္ခာ ကောက်ခံပေးနေသော အင်ခွန် ကွင်းမှူးအား ရဲစခန်း၌ အမှုဖွင့် အရေးယူထားစဉ် သြဂုတ် ၂၃ ရက်နေ့တွင် ယင်းအဖွဲ့မှ ဆက်ကြေး၊ ရိက္ခာများ ထပ်မံကောက်ခံသွားခဲ့ကြောင်း သတင်း ရရှိသည်။
ဆားမှော်ကျေးရွာ၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ ကြံခါကွင်းတွင် လယ်လုပ်ငန်းလုပ်ကိုင်နေသော ဒေသခံတောင်သူများအား သြဂုတ် ၂၃ ရက်နေ့၌ KIA အဖွဲ့မှ ခေါ်ယူကာ ကောက်ခံခြင်းဖြစ်ကြောင်း ဒေသခံ တောင်သူတစ်ဦးက ပြောသည်။
KIA အဖွဲ့မှ ကြံခါကွင်း တောင်သူများအား တစ်ဦးလျှင် ဆန်ငါးတင်း၊ ဆား တစ်ပိဿာ၊ ငွေ(၁၅၀၀၀)ကျပ်၊ လယ်ထွန်းစက်တစ်စီးလျှင် (၂၀၀၀၀)ကျပ်၊ စပါးချွေလှေ့စက်တစ်လုံးလျှင် ငွေ (၅၀၀၀၀) ကျပ် ကောက်ခံ ထားကြောင်း သိရသည်။
အဆိုပါ ကျေးရွာအနီးဝန်းကျင်တွင် အင်ခွန်ကွင်း၊ မဖိန်းကွင်း၊ ကြံခါကွင်း၊ ဘန်ကောက်ကွင်းများရှိရာ လယ်လုပ်ငန်း လုပ်ကိုင်နေသော ဒေသခံတောင်သူများအား KIO ဆွတ်လျံတိုက်နယ်ရုံးမှ ဆက်ကြေး၊ ရိက္ခာ ကောက်ခံခြင်း၊ လုပ်အားပေးစေခိုင်းခြင်းများကြောင့် ဒေသခံရှမ်းနီလူမျိုးများမှ ဒဏ်မခံနိုင်သဖြင့် ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်းနှင့် အင်ခွန် ကွင်းမှူးအား အရေးယူထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
" ဟိုတစ်နေ့က အင်ခွန် ကွင်းမှူးကို ဆက်ကြေးကောက်မှုနဲ့ ပတ်သက်ပြီး ရဲစခန်းက အရေးယူထားတယ်၊ မနေ့ကပဲ KIA အဖွဲ့ကလာပြီး ဆက်ကြေးနဲ့ ရိက္ခာ လာကောက်တယ်၊ ဒေသခံတွေလည်း စိတ်ညစ်နေကြတယ် " ဟု ကြံခါကွင်းတွင် လယ်လုပ်နေသော တောင်သူတစ်ဦးက ဆိုသည်။
KIA အဖွဲ့အတွက် ဆက်ကြေး၊ ရိက္ခာ ကောက်ခံပေးမှုကြောင့် ဒေသခံရှမ်းနီ လူမျိုးများ၏ အမှုဖွင့် တိုင်တန်း ချက်အရ အင်ခွန်ကွင်း ကွင်းမှူး ဦးတင်မောင် အား မိုးကောင်းမြို့နယ် ရဲစခန်းမှ အရေးယူထားသော်လည်း ဒေသခံတောင်သူများအပေါ် KIA အဖွဲ့မှ ဆက်ကြေး

No comments:

Post a Comment