ဘီဘီစီ၏ချီးမြှင့်သည့် အကောင်းဆုံးဘောလုံးသမားဆု စီရော်နယ်ဒိုရရှိ
==========================================
ရီးရဲမက်ဒရစ်နှင့် ပေါ်တူဂီ တောင်ပံတိုက်စစ်မှူး စီရော်နယ်ဒိုအား ဘီဘီစီ၏ ၂၀၁၄ Overseas Sports Personality ဆုချီးမြှင့်လိုက်သည်။ အသက် ၂၉ နှစ်ရှိ မန်ယူကစားသမား ဟောင်းစီရော်နယ်ဒိုသည် လွန်ခဲ့သော ၁၁ လက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဆွတ်ခူးခဲ့သူလည်း ဖြစ်သည်။ ''ယခုလို အင်္ဂလန်ပရိသတ် တွေက ကျွန်တော့်ကို အကောင်းဆုံး ဘောလုံးသမားလို့ သတ်မှတ်ပေးတဲ့ အတွက် အထူးပဲကျေးဇူးတင်ရှိ ပါတယ်''ဟု စီရော်နယ်ဒိုက ဆို သည်။
စီရော်နယ်ဒိုသည် ရီးရဲမက်ဒရစ် အသင်းအတွက် ပွဲပေါင်း ၂၆၇ ပွဲတွင် ၂၈၁ဂိုးသွင်းယူထားသူဖြစ်သည်။ ၎င်းသည် အဆိုပါဆုကို တင်းနစ်အကျော် ဆီရီနာဝီလျံ၊ လက်ဝှေ့သမား ဖလွိုက် မေဝဲသားနှင့် ပြိုင်ကားမောင်းသူ မတ်မားကွတ်ဇ်တို့နှင့်အတူ ဆွတ်ခူး ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်ဒိုသည် ရီးရဲမက်ဒရစ် အတွက် ဟက်ထရစ်ဂိုး ၂၇ကြိမ်သွင်း ထားသူဖြစ်သည်။ ပြီးခဲ့သောရာသီ ချန်ပီယံလိဂ်တွင် ၁၇ ဂိုးသွင်းယူခဲ့ရာ ယခင်က ဂျို့စ်အက်တလက်နီနှင့် မက်ဆီတို့တင်ထားသော ၁၄ ဂိုး ချန်ပီယံလိဂ်စံချိန်ကို ချိုးနိုင်ခဲ့သည်။
ဘီဘီစီအကောင်းဆုံးဘောလုံး သမားဆုကို စီရော်နယ်ဒိုအနေဖြင့် ဒုတိယအကြိမ်ဆွတ်ခူးခဲ့ခြင်း ဖြစ် သည်။ ယင်းကဲ့သို့ ဒုတိယအကြိမ် ဆွတ်ခူးနိုင်မှုမှာ ဘရာဇီးလ်တိုက်စစ် မှူး ရော်နယ်ဒို ၂ဝဝ၂ ခုနှစ်က ဆွတ် ခူးခဲ့ပြီးနောက် ပထမဆုံးဖြစ်သည်ဟု ဆိုသည်။
ရော်နယ်ဒိုအပြီး စီရော်နယ်ဒို တစ်ဦးသာ ဒုတိယအကြိမ်ဆွတ်ခူး ခဲ့ဖူးသည်ဟု ဆိုသည်။ စီရော်နယ်ဒို သည် ယခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု အတွက် ဆန်ခါတင်သုံးဦးအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးရန်လည်း ရေပန်းစားလျက်ရှိ သည်။
ကောင်းမြတ်သူ

မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com
No comments:
Post a Comment